သင်္ကြန်မိုး

၁၉၈၅ ခုနှစ်တွင်ထွက်ရှိသောရုပ်ရှင်

သင်္ကြန်မိုးသည် ၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့သော မြန်မာရုပ်ရှင် ဇာတ်ကား တစ်ကား ဖြစ်ပြီး ၁၉၈၅ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု နှင့် ဓာတ်ပုံဆု အကယ်ဒမီ ဆု ၃ ခု ရရှိခဲ့သော ဇာတ်ကား တစ်ကား ဖြစ်သည်။ မန္တလေး သင်္ကြန်ကို နောက်ခံထား၍ ရိုက်ကူးထားပြီး သင်္ကြန်မိုး ဇာတ်ကားမှ ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများမှာ နှစ် ၂၀ ကျော် ကြာသည့်တိုင်အောင် သင်္ကြန် သီချင်းများ အဖြစ် ပရိသတ်များ အကြားတွင် ရေပန်းစားလျှက် ရှိသည်။ ဇာတ်လမ်း အမည်ဖြစ်သော သင်္ကြန်မိုး တေးသီချင်းကို တေးရေးဆရာ အဉ္စလီမောင်မောင် က ရေးဖွဲ့ ပေးခဲ့သည်။

သင်္ကြန်မိုး
Thingyan Moe.jpg
သင်္ကြန်မိုး ရုပ်ရှင်ပိုစတာ
ဒါရိုက်တာမောင်တင်ဦး
ထုတ်လုပ်သူဇော်မြင့်
ဇာတ်ညွှန်းအောင်စိုးဦး
အခြေခံထားသည်မှာခင်မောင်အေး ရေးသည့် သင်္ကြန်မိုး
သရုပ်ဆောင်နေအောင်
ခင်သန်းနု
ဇော်ဝမ်း
ဇင်ဝိုင်း
မေသန်းနု
ဂီတမှူးဇော်မျိုးထွဋ် မြို့မကိုပေါ အဉ္ဇလီမောင်မောင်
ဓာတ်ပုံချစ်မင်းလူ
တည်းဖြတ်မြင့်ခိုင် (မောင်သစ္စာ)
ထုတ်ဝေသူသူရိယပညာ ရုပ်ရှင်
ဖြန့်ချိသည့်နေ့
၁၉၈၅
ကြာမြင့်ချိန်
၁၂၆ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားဗမာ

ဇာတ်လမ်းပြင်ဆင်

ဂီတသမား တစ်ဦးဖြစ်သော စန္ဒရားငြိမ်းမောင်မှာ သူဌေးသမီး ခင်ခင်ထားနှင့် ချစ်ကြိုက်ခဲ့သည်။ ငြိမ်းမောင်မှ ခင်ခင်ထားအား ခိုးပြေးရန် ချိန်းဆိုထားသော နေ့တွင် အချိန်မီ ရောက်မလာနိုင်ခဲ့ဘဲ ခင်ခင်ထား၏ မိဘများမှ ပြန်လည် ခေါ်ယူသွားကာ မိဘချင်း သဘောတူထားသူနှင့် ပေးစားခဲ့သည်။ ငြိမ်းမောင်မှာ အိမ်ထောင်ကျ၍ သက်ထွေးဆိုသော သားတစ်ဦး မွေးဖွားခဲ့သည်။ ခင်ခင်ထားမှာလည်း နွယ်နွယ်ဆိုသော သမီးတစ်ဦး မွေးဖွားခဲ့သည်။

သင်္ကြန်ပွဲတော် နီးကပ်လာသော အခါ သက်ထွေးတို့၏ မိတ်ဆွေ ကိုလတ်သည် မန္တလေးသို့ ရောက်လာခဲ့သည်။ သင်္ကြန်ပွဲတော်တွင် အလှပြကားဖြင့် လှည့်လည် ဖျော်ဖြေရန် သီချင်းတိုက်နေစဉ် ကိုငြိမ်းမောင်မှ သက်ထွေးနှင့် အတူ တီးမှုတ်မည့် သူများမှာ ခင်ခင်ထား၏ သားသမီးများ ဖြစ်ကြောင်း သိရှိသွားသဖြင့် သက်ထွေးအား ဆက်မလုပ်ရန် တားမြစ်ခဲ့သည်။

သင်္ကြန် အတက်နေ့တွင်မှ သက်ထွေးက သူ၏ ဖခင် ကိုငြိမ်းမောင်၏ အရက်ကို ယူသောက်ရာမှ သားအဖချင်း စကားများကြသည်။ နောက်ဆုံးတွင် ကိုငြိမ်းမောင်မှ သက်ထွေးအား နောက်ဆုံးညတွင် ဖျော်ဖြေခွင့် ပေးလိုက်သည်။ ကိုလတ်မှ နွယ်နွယ်အား အတက်နေ့ညတွင် ဖွင့်ပြောမည်ဟု ပြောထားပြီး မဏ္ဍပ်သို့ အရောက်တွက် အထုပ် တစ်ထုပ် လက်ဆောင်ပေးခဲ့သည်။ အထုပ်ထဲတွင် သက်ထွေး၏ နွယ်နွယ်အား ချစ်ကြောင်း ရေးသားထားသော ဒိုင်ယာရီကို ထည့်သွင်း ပေးခဲ့သဖြင့် သက်ထွေးနှင့် နွယ်နွယ်တို့ အဆင်ပြေ သွားကြသည်။

ဇာတ်ဆောင်များပြင်ဆင်

  • ငြိမ်းမောင် အဖြစ် နေအောင်
  • ခင်ခင်ထား အဖြစ် ခင်သန်းနု
  • သက်ထွေး အဖြစ် ဇင်ဝိုင်း
  • နွယ်နွယ် အဖြစ် မေသန်းနု
  • ကိုလတ် အဖြစ် ဇော်ဝမ်း

ဆုများပြင်ဆင်

သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားသည် ၁၉၈၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆုကို လည်းကောင်း၊ အကောင်းဆုံး ဒါရိုက်တာဆုကို မောင်တင်ဦးမှ လည်းကောင်း၊ အကောင်းဆုံး ဓာတ်ပုံဆုကို ချစ်မင်းလူ မှလည်းကောင်း အသီးသီး ရရှိခဲ့သည်။

ရိုက်ကူးခြင်းပြင်ဆင်

ဤဇာတ်ကားကို ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့​သော်လည်း ရုပ်ရှင်ထူးချွန်ဆု​ပေးပွဲတွင် ဇာတ်ကားဆု ရ​သော် သူရိယပညာရုပ်ရှင်က ရခဲ့သည်။မန္တလေးရုပ်ရှင်ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် မိသားစုများမှ ဆင်းသက်လာ​သော ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးသည် ထိုအချိန်က အစိုးရ၏ စီးပွားရေးမူအရ ပြည်ပကဖလင်ကို ဝယ်လို့မရ​သော​ကြောင့် ထုတ်ဝေခွင့်ရှိ​သော ရုပ်ရှင် ကုမ္ပဏီတွေနာမည်ယူကာ အစိုးရဆီမှ ဖလင်ဝယ် ရိုက်ကူးရခဲ့ခြင်းဖြစ်သည်။ထို့​ကြောင့် မင်းသား တက္ကသိုလ်မျိုးချစ်နဲ့ မင်းသမီး ခင်အုန်းမြင့်တို့ ပိုင်​သော သူရိယပညာရုပ်ရှင်အမည်နှင့် ထုတ်ခဲ့ရသည်။​ဒေါ်ခင်အုန်းမြင့်သည် ခင်သန်းနု၏ မိခင်​နေရာမှ ဝင်​ရောက်ရိုက်ကူးခဲ့သည်။

ရိုက်ကွင်းကို မန္တလေးဆိုင်းတန်းရပ်ရှိ ရီမြင့်ရုပ်ရှင် အဆောက်အအုံနှင့် ပွဲကုန်းရပ်ရှိ ဒေါက်တာသိန်းအောင်တိုက်တွင် ရိုက်ကူးခဲ့ကာ စန္ဒရားကိုငြိမ်းမောင်အိမ်အတွင်းခန်းကို ရန်ကုန်ရှိ စိန်မောင်စတူဒီယိုတွင် ရိုက်ကူးခဲ့သည်။

ဤကားကို ဝတ္ထု ခင်မောင်အေး (မန္တလေး)ဟု ဖော်ပြခဲ့​သော်လည်း ဒါရိုက်တာမောင်တင်ဦး၏ ဇာတ်လမ်းသာ ဖြစ်မည်ဟု ဆိုကြသည်။ခင်မောင်အေး (မန္တလေး)သည် ထိုစဉ်က သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေးရှင်းတွင်ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်​နေ​သော ဗိုလ်မှူးကြီးတယောက် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုတဝမ်းကွဲ တော်သည်။ထိုစဉ်က ဦးခင်​မောင်​အေး တန်ခိုးထွား​နေချိန်ဖြစ်၍ ဝတ္ထုဇာတ်လမ်းတင်ရာမှာ ချောချောမွေ့မွေ့ ခွင့်ပြုချက်ရရန် ခင်မောင်အေး (မန္တလေး) ဝတ္ထုဟုဆိုကာ နာမည်တပ်ခဲ့​ကြောင်း ​ပြောဆိုခဲ့ကြသည်။

ဤဇာတ်ကားကို စပြချိန်တွင် မျက်နှာသစ်သရုပ်​ဆောင်များနှင့် ရိုက်ကူးထား၍ သိပ်မ​အောင်မြင်​သော်လည်း ​နောက်ပိုင်းတွင် အင်မတန်​အောင်မြင်ခဲ့သည်မှာ ယ​နေ့ထက်တိုင်ဖြစ်သည်။

ဇာတ်ကားထဲတွင် ပါဝင်​သော အမျိုးသမီးများ၏ကျွန်​တော် ဆို​သောစကားကို ဆင်ဆာဖြတ်ခံခဲ့ရသည်။[၁]


ကိုးကားပြင်ဆင်