သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်)

တက္ကသိုလ်

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်) (အင်္ဂလိပ်: University of Information Technology) သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့လှိုင်မြို့နယ်၊ ပါရမီလမ်းတွင် တည်ရှိသည်။

University Of Information Technology (UIT)
သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်)
တက္ကသိုလ် လိုဂို
တည်ထောင်ဒီဇင်ဘာ ၃၊ ၂၀၁၂ (၂၀၁၂-၁၂-၀၃)
ဥက္ကဋ္ဌဒေါက်တာ စောစန္ဒာအေး
တည်နေရာလှိုင်မြို့နယ်ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး,  မြန်မာ
အထိမ်းအမှတ် အရောင်  
ဝဘ်ဆိုဒ်uit.edu.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၇၁ ခုနှစ်တွင် ပါရမီလမ်း၊ လှိုင်မြို့နယ်၌ တက္ကသိုလ်များကွန်ပျူတာဌာန (University Computer Center) အမည်ဖြင့် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် Institute of Computer Science and Technology အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အား ပညာရေးဝန်ကြီးဌာနအောက်မှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။ ၁၉၉၈ခုနှစ်၊ ဇူလိုင်လ (၁)ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အမည်သို့ ထပ်မံပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) ကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဖြစ် စတင်ခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) ကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်) အဖြစ် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် အမည်ပြောင်းလဲခဲ့သည်။[၁]

သင်တန်းများ ပြင်ဆင်ရန်

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်)တွင် အောက်ပါဘွဲ့သင်တန်းများကို တက်ရောက်နိုင်သည်။[၂]

ဘွဲ့ကြိုသင်တန်းများ ပြင်ဆင်ရန်

  • B.C.Sc.(Software Engineering)
  • B.C.Sc.(Business Information Systems)
  • B.C.Sc.(Knowledge Engineering)
  • B.C.Sc.(High Performance Computing)
  • B.C.Tech.(Embedded Systems)
  • B.C.Tech.(Communication and Networking)
  • B.C.Tech.(Computer Systems)

ဘွဲ့လွန်သင်တန်းများ ပြင်ဆင်ရန်

  • Master Degree
  • Doctor Degree
  • Post Graduate
    • Post Graduate Diploma in Web Engineering
    • Post Graduate Diploma in Network Engineering

သင်တန်းဌာနများ ပြင်ဆင်ရန်

Faculty list

The following faculties are organized in University of Information Technology (UIT)[၃]

  • Faculty of Computer Systems and Technologies
  • Faculty of Computer Science
  • Faculty of Information Science
  • Faculty of Computing
  • Faculty of Languages
    • Department of English
    • Department of Myanmar
  • Faculty of Natural Science
    • Physics Department
  • Department of Computer Systems and Maintenance(Operation)
  • Department of Financial
  • Department of Staff Affair
    • Department of Estate Engineer

ကိုးကား ပြင်ဆင်ရန်

  1. About us။ University of Information Technology'။ 27 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Degree Program။ University of Information Technology'။ 12 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  3. University of Information Technology's Faculties။ University of Information Technology။ 27 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။