သတ္တိဝါဒဟူသည် နတ်သမီးအား ပူဇော်ပသမှုကို ဆိုလိုသည်။ အထူးအားဖြင့် နတ်ဘုရားဇနီးမောင်နှံ၏ တန်ခိုးရှိပြီး ကြံစည်ပြုလုပ်တတ်သော အစိတ်အပိုင်းဖြစ်ကာ စွမ်းရည်သတ္တိဟု ထင်မြင်ယူဆရသည့် နတ်သမီးအား ပူဇော်မှုကို ဆိုလိုသည်။ နတ်သားသည်ကား ပြုပြင်မှုမရှိသဖြင့် လှုတ်ရှားမှုထက် စိတ်ကူးမှုနှင့် သာ၍တူညီသည်ဟု ယူဆထားကြသည်။ သတ္တိဝါဒဂိုဏ်းအများစုတို့သည် ထာဝရဖြစ်သော အခမ်းအနားကို ထောက်ခံလေ့လာကြသည်။ ပိဋကတ်တော်ထဲ၌ ဤကဲ့သို့သော အယူအဆ၏ ဗီဇမျှကိုပင် တွေ့ရှိနိုင်သည်ဟု ဗုဒ္ဓဘာသာ၏ အဆိုးရွားဆုံး ရန်သူသည်ပင်လျှင် မဖော်ပြနိုင်ပေ။ သို့ရာတွင် ယင်း သတ္တိဝါဒသည် အင်္ဂေါပြည်၌ နောက်ပိုင်း ဗုဒ္ဓဘာသာထဲ၌ ချင်းနင်းဝင်ရောက်ပြီး နီပေါနှင့် တိဗက်သို့ ရောက်ရှိသွားလေသည်။

သတ္တိဝါဒသည် အထူးအားဖြင့် ရှီဝ၏ဇနီးများဖြစ်ကြသည့် နတ်ဘုရားမများအား ပူဇော်ပသမှုဖြစ်သည်။ ရှီဝ၏ဇနီးများမှာ အမည်များစွာ ရှိသော်လည်း ဒေဝီ၊ နုရဂါ၊ ကာလီဟူသော အမည်တို့သည် အထင်ရှားဆုံးအမည်များ ဖြစ်သည်။ ၎င်းဝါဒသည် ရာဇဝင်သမိုင်းအရ ဟိန္ဒူဘာသာနှင့် အာရိယန် မဟုတ်ကြသည့် ယုံကြည်မှုများ ပေါင်းစပ်ဖြစ်ပေါ်လာဟန်ရှိသည်။ ၅-ရာစု(သို့) ၆-ရာစုလောက်တွင် အိန္ဒိယဘာသာများအား တန္တရဝါဒနှင့် သတ္တိဝါဒတို့သည် ကူးစက်လာကုန်၏။ ၎င်းတို့ကို သာမန်အားဖြင့် အတူတကွ တွေ့ရှိရသော်လည်း တန္တရဝါဒသည် သတ္တိဝါဒမဟုတ်ပဲ တည်ရှိနိုင်ပေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မိုးကုတ်၊ ခါတော်မှီကျောင်းတိုက် ဆရာတော် အရှင်ပညိန္ဒာဘိဝံသ(ပထမကျော်-ဘီအေ)၏ မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာစစ်တမ်း