သနပ္ပင်မြို့နယ်

(သနပ်ပင်မြို့နယ် မှ ပြန်ညွှန်းထားသည်)

သနပ္ပင်မြို့နယ် သို့မဟုတ် သနပ်ပင်မြို့နယ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၃] မြို့နယ်ရုံးစိုက်ရာမြို့မှာ သနပ်ပင်မြို့ ဖြစ်သည်။

သနပ္ပင်မြို့နယ်
Thanatpin
မြို့
သနပ္ပင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သနပ္ပင်မြို့နယ်
သနပ္ပင်မြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 17°17′39″N 96°33′48″E / 17.29417°N 96.56333°E / 17.29417; 96.56333ကိုဩဒိနိတ်: 17°17′39″N 96°33′48″E / 17.29417°N 96.56333°E / 17.29417; 96.56333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့သနပ်ပင်မြို့
လူဦးရေ (၂၀၁၄)[၁]၁၄၅,၂၈၇
 • လူမျိုးများမွန်ဗမာကရင်
 • ကိုးကွယ်ယုံကြည်မှုဗုဒ္ဓဘာသာ, ဟိန္ဒူ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဧရိယာကုဒ်(များ)[၂]

သနပ်ပင်သည် ရှေးက သနပ်ပင် အများအပြား ပေါက်သော အရပ် ဖြစ်သည်။ သနပ်ပင်ကြီး နှစ်ပင်မှာမူ ပဲခူးမြို့ဘက်မှ မြင်နိုင်လောက်အောင် မြင့်မားသည် ဆို၏။ ကိုလိုနီခေတ်ဦးကာလက သစ်တောထူထပ်ပြီး၊ တဲငယ်လေးငါးလုံးသာ ရှိသည်။ ဗြိတိသျှအရာရှိများ အမဲလိုက် ထွက်ရာ နယ်မြေဟု ဆိုသည်။ အနီးဝန်းကျင်တွင် မွန်တိုင်းရင်းသား လယ်သမားများ ခုတ်ထွင် ရှင်းလင်းကာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည်။ ၁၉၀၈ ခုတွင် သနပ်ပင်ကျေးရွာဟူ၍ ပေါ်ပေါက်လာသည်။ ၁၉၅၃ ခုနှစ်တွင် လူဦးရေ ၆၈၅ ဦး နေထိုင်သည်။

သနပ်ပင်မြို့သို့ ပဲခူးမြို့မှ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားကာ၊ ၇ မိုင် ဝေးသည်။[၄]

အထင်ကရပုဂ္ဂိုလ်ပြင်ဆင်

  • ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် သခင်ချစ်
  • ဖြိုးသီဟ (တေးရေးဆရာ)
  • ဪခေတ် (သနပ်ပင်) (စာရေးဆရာ)
  • ဒီလူည (ကဗျာဆရာ)
  • ညိုမှိုင်းဝေ (စာရေးဆရာ)

ကိုးကားပြင်ဆင်

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၁၆။ 
  2. National Telephone Area Codes။ Myanmar Yellow Pages။
  3. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  4. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၇၉။