သန်းညွန့်၊ ဦး (မြန်မာ့အလင်း)

မြန်မာ့အလင်း သန်းညွန့်သည် ဗြိတိသျှကိုလိုနီခေတ်တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၄၀ ပြည့်နှစ်မှစ၍ မြန်မာ့အလင်း သတင်းစာတိုက်တွင် လခစားအလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ မြန်မာ့အလင်းတွင် အယ်ဒီတာအဖွဲ့ဝင် လခစားသတင်းထောက် ဖြစ်လာသည်။ သတင်းထောက်အဖြစ် ၁၆ နှစ်ကြာ ဆောင်ရွက်ခဲ့စဉ် နိုင်ငံရေး၊ လူမှုရေး၊ ပါလီမန်လွှတ်တော်၊ အားကစား၊ စစ်မြေပြင်သတင်းများကို တာဝန်ယူ ရေးသားခဲ့သည်။ ၁၉၅၃ တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်းထောက်များ ဌာနချုပ် ABRA (H.Q.) ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ထို့နောက် မြန်မာ့အလင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ၂၈ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ မြန်မာ့အလင်းသတင်းစာမှ ၁၉၈၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက်ပိုင်းတွင် အတွေ့အကြုံနှင့် အတွေးအမြင် ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။

ဦးသန်းညွန့်(မြန်မာ့အလင်း)


ဘဝနိဂုံး ပြင်ဆင်ရန်

သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်းညွန့် (အသက် ၈၃ နှစ်) သည် ၂၀၀၈-ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီး ၅ ဦး၊ မြေး ၇ ဦး၊ မြစ် ၆ ဦး ကျန်ရစ်ခဲ့သည်။