သမန်းဝံပုလွေ (အင်္ဂလိပ်: Werewolf သို့မဟုတ် lycanthrope; ဂရိ: λυκάνθρωπος, lykánthropos: λύκος, lykos, "ဝံပုလွေ"၊ နှင့် ἄνθρωπος, anthrōpos, "လူသား") သည် ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်အကောင်းဆုံး သတ္တဝါဆန်းများတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ သူတို့သည် အလွန်ကြီးမားသော လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း သတ္တဝါဆန်းဖြစ်ပြီး သူတို့၏ဒေါသကို ထိန်းချုပ်နိုင်စွမ်း နည်းပါးသည့် မျိုးနွယ်စုတစ်ခု ဖြစ်သည်။ သမန်းဝံပုလွေများကို ပြင်သစ်၊ ဂျာမနီအစရှိသော နိုင်ငံများအပြင် အခြားကမ္ဘာ့နိုင်ငံ အနှံအပြားမှာ တွေ့ရှိဖူးသည် ဟုပြောဆိုကြပေသော်လည်း သမန်းဝံပုလွေများသည် ကျေးလက်အမေရိကန် ရိုးရာဒဏ္ဍာရီမှ ဆင်းသက်လာသည်ဟုဆိုကာ အယုံအကြည်ရှိခဲ့ကြသည်။ ပြီးခဲ့သည့် ရာစုနှစ်များတွင် အမေရိကန်ရဲ့ ဝစ္စကွန်းဆင်းပြည်နယ် အတွင်းမှာ သမန်းဝံပုလွေများကို အမှတ်မထင် မြင်တွေ့ခဲ့သည့်သူများ အမြောက်အမြားရှိခဲ့သည်ဟုဆိုကာ မှတ်တမ်းအရ သိရှိနိုင်ပြီး ထိုဒေသသည်လည်း သမန်းဝံပုလွေများ၏ သမိုင်းစတင်ရာ မြေဖြစ်သည်ဟုဆိုကြသည်။

သမန်းဝံပုလွေအမျိုးအစား ပြင်ဆင်ရန်

  1. Shapeshifter Wolf (အသွင်ပြောင်း သမန်းဝံပုလွေ)
  2. Wolfman (လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း)
  3. True Werewolf (သမန်းဝံပုလွေ)
  4. Teen wolf (လူငယ် ဝံပုလွေ)

အသွင်ပြောင်း သမန်းဝံပုလွေ ပြင်ဆင်ရန်

သမန်းဝံပုလွေမျိုးတွင် အဆင့်မြင့်ဆုံး အမျိုးအနွယ်ပါ။ သူတို့တွေဟာ လူအသွင်နှင့် သမန်းဝံပုလွေအဖြစ်ကို အပြန်အလှန်စိတ်ရှိတိုင်းပြောင်းလဲနိုင်တဲ့စွမ်းအင်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါပေမဲ့ အချို့အခြေအနေတွေဖြစ်တဲ့ အလွန်အမင်း ပူဆွေးသောက ရောက်ခြင်း ဒေါသများရှိပါက မိမိစိတ်ထဲက မပါဘဲ အလိုလို သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အားနည်းချက်တစ်ခုတော့ရှိပါတယ်။ ဒီ Shapeshifter Wolf အမျိုးအစားဟာ အခြားသူကို ကိုက်ခြင်းဖြင့် အသွင်ပြောင်း သမန်းဝံပုလွေတစ်ယောက်ဖြစ်မလာစေနိုင်ကြောင်း သတိပြုရမှာပါ။

လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း ပြင်ဆင်ရန်

ဒီအမျိုးအစားကတော့ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း Mutant ဖြစ်နေတဲ့ပုံစံပါ။ သူတို့ဟာ အများအားဖြင့် လူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမဲ့ဲ့သူတို့မှာ အမွှေးအမျှင် အလွန်ထူထပ်ပြီး အစွယ်တွေ ခြေသည်းလက်သည်းတွေ ထွက်နေလေ့ရှိတာပါ။ သူတို့အမျိုးအစားကတော့ ကျိန်စာတိုက်ခံထားရတဲ့ အမျိုးအစားပါ။ သူတို့ကတော့ လပြည့်ညရောက်မှသာ သမန်းဝံပုလွေအဖြစ် လုံးဝပြောင်းလဲသွားတာပါ။ အခြားနေ့တွေမှာတော့ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်းအနေနဲ့ ကိုယ်ယောင်ဖျောက် နေထိုင်လေ့ရှိတဲ့ အမျိုးအနွယ်တွေပါ။ သူတို့ဟာ သူတို့ရဲ့ လူဖြစ်စဉ်ကအတိုင်း စိတ်ခံစားချက်တွေကို ဝံပုလွေအဖြစ်ပြောင်းသွားတဲ့ လပြည့်ညတွေမှာတောင် ထိန်းချုပ်နိုင်စွမ်းရှိသူတွေပါ။ လပြည့်ညတွေမှာပဲ အသွင်းပြောင်းရာက အခြားညတွေအထိ ပြောင်းလဲမှု စိတ်လာမည်ဖြစ်ပြီး နောက်ဆုံး လုံးဝလူ့အသွင်ပြန်မပြောင်းတော့ ဘဲလူဖြစ်စဉ်က ခံစားချက်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားပြီး ခံစားချက်မဲ့တဲ့ သမန်းဝံပုလွေအဖြစ်ထာဝရ ပြောင်းလဲသွားမယ့် အမျိုးအနွယ်တစ်ခုအဖြစ် သိနိုင်ပါတယ်။

သမန်းဝံပုလွေ ပြင်ဆင်ရန်

သူတို့က Shapeshifter Wolf မှ ဆင်းသက်လာသူတွေပါ။ ရာဇဝင်အရ Shapeshifter Wolf အချို့ဟာ သူတို့ရဲ ့ အချိန်မရွေးပြောင်းလဲနိုင်စွမ်းနဲ့ လူ့အသိစိတ်နှင့် ထိန်းချုပ်နိုင်မှုတွေကို ပျောက်ဆုံးစေတဲ့ ကျိန်စာတိုက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ဆင့်ပွားဖြစ်ပေါ်တဲ့ အဆင့်အနိမ့်ဆုံးမျိုးနွယ်တစ်ခုပါ။ သူတို့ဟာ လပြည့်ညတွေမှာ မိမိကို်ယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပဲ သမန်းဝံပုလွေအဖြစ်ပြောင်းလဲသွားပြီး အလွန်တရာ ဒေါသကြီးပြီး ရက်စက်တဲ့ သွေးဆာလောင်လာကြတာပါ။ နေ့ခင်းလူဖြစ်စဉ်က ခံစားချက်တွေအားလုံးမေ့မျောပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိသူတွေပါ။ လပြည့်ညပြီး နောက်တစ်မနက်မှာလည်း ညက မိမိအဖြစ်အပျက်တွေကို လုံးဝပြန်မှတ်မိခြင်းမရှိပဲ လူ့ဘဝအဖြစ်ရှေ့ဆက်နေတဲ့ အဆင့်အတန်းနိမ့်ဆုံး သမန်းဝံပုလွေ မျိုးတွေအဖြစ် သိရှိရပါတယ်။ ထူးခြားချက်အနေနဲ့ ထိုမျိုးနွယ်တွေ၏ ကိုက်ဖြတ်ခြင်းခံရသူတွေဟာ တစ်ဖြည်းဖြည်းနဲ့ သူတို့မျိုးနွယ်အဖြစ် ပြောင်းလဲသွားကြောင်းမှတ်သားနိုင်ပါတယ်။

သမိုင်း ပြင်ဆင်ရန်

Werewolf တွေရဲ့ ရာဇဝင်ဟာ ရှေးယခင်နှစ်ပေါင်းများစွာကနေ ယနေ့ထက်တိုင်အောင် အမျိုးမျိုးကွဲပြားနေခဲ့တာပါ။ ဒါပေမယ့် လူအများစုကတော့ werewolf တွေဟာ အမေရိကန်ပြည်ထောင်စု Wisconsin ဒေသမှာနေထိုင်ကျက်စားခဲ့တဲ့ အမေရိကန် တိုင်းရင်းသား လူမျိုးစုတစ်ခုဖြစ်တဲ့ The Fox tribe ကနေ အစပြုခဲ့တာလို့ ယုံကြည်ကြပါတယ်။ အဲဒီဒေသမှာ အမေရိကန် နတ်ဘုရားတစ်ပါးဖြစ်တဲ့ ဝီဇာကာချိဟာ လူတွေနဲ့ ရောနှောပြီး မထင်မရှားနေထိုင်ခဲ့ဖူးပါတယ်။ သူရဲ့အစွမ်းကတော့ သူဟာ သူ့စိတ်သဘောအလိုအတိုင်း လူကနေ ဝံပုလွေ၊ ဝံပုလွေကနေ လူအဖြစ်ပြောင်းနိုင်တဲ့အစွမ်းရှိသူပါ။ ကျွန်တော်အထက်က ဖော်ပြခဲ့သလိုဆို Shapeshifter Wolf ပေါ့။ သူဟာ လူတွေနဲ့ ခင်မင်ရင်းနှီးစွာ ရောနှောနေထိုင်နေတဲ့ နတ်ဘုရားတစ်ပါးပါ။

တစ်နေ့တော့ သစ်တောအတွင်းမှာ Fox tribeက ညီအကိုနှစ်ယောက်ဖြစ်တဲ့ ကီမီနဲ့ မက်ချိဟူးတို့ဟာ သမင်တစ်ကောင်ကို ဖမ်းမိလို့ အောင်ပွဲခံနေတာကို သူတွေ့လိုက်ပါတယ်။ သူဟာ သူတို့ နှစ်ယောက်စိတ်ဓာတ်ကို စမ်းသပ်လိုတာကြောင့် သူတို့အနား ချဉ်းကပ်သွားပြီး သူဟာလမ်းပျောက်ပြီး အစာရေစာငတ်ပြတ်နေတဲ့ အခြားမျိုးနွယ်စုကဆိုပြီးသွားမိတ်ဆက်တော့ ကီမီနဲ့ မက်ချိဟူးတို့ ညီအစ်ကို ၂ယောက်ဟာ လောလောလတ်လတ်ဖမ်းမိထားတဲ့ သမင်သားအနည်းငယ်ကို ပေးကမ်းခဲ့ပါတယ်။ နတ်ဘုရား ဝီဇာကာချီကလည်း ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ နောက်တစ်ပတ်ခန့်အကြာမှာ သူတို့ ၃ ယောက် တောထဲမှာ အမှတ်မထင် ပြန်ဆုံတွေ့ခဲ့ကြတာပါ။ အဲဒီမှာ ကီမီနဲ့ မက်ချိဟူးတို့ညီအစ်ကိုနှစ်ယောက်ဟာ အမဲမရတာ ဟိုးလွန်ခဲ့တဲ့တစ်ပတ်က သမင်ရပြီး နောက်ထပ်မရတော့ကြောင်းနှင့် သူတို့အလွန်ဆာလောင်နေကြောင်း ဝီဇာကာချိကို ပြောပြပါတယ်။ နတ်ဘုရားဝီဇာကာချိဟာ သူတို့ညီအစ်ကိုကို ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ လူတွေကို လုံးဝအန္တရာယ်မပြုပဲ အမဲလိုက်ဖို့အတွက် သီးသန့်သာ အစွမ်းကို အသုံးပြုရမည့် အကြောင်းကို ကတိပေးခိုင်းပြီး ကီမီနဲ့ မက်ချိဟူးကို Shapeshifter Wolf အစွမ်းပေးလိုက်ပါတယ်။

သူတို့ညီအစ်ကို နှစ်ယောက်ဟာ တစ်လခန့်အထိ သူတို့အစွမ်းကို အကျိုးရှိရှိအသုံးချပြီး Fox tribe တစ်မျိုးနွယ်စုတစ်ခုလုံးအတွက် အမဲရှာဖွေပေးနိုင်ခဲ့တာပေါ့။ တစ်နေ့တော့ မက်ချိဟူးဟာ သူတို့မျိုးနွယ်စုထဲက ကောင်လေးတစ်ယောက်နဲ့ ကတောက်ကဆဖြစ်ရာမှ ဒေါသမချုပ်တည်းနိုင်ပဲ သူပင်ကိုစိတ်မပါပဲ ဝံပုလွေအသွင် ပြောင်းသွားပြီး လက်လွန်ပြီး သတ်မိခဲ့တာပါ။ Fox tribe မျိုးနွယ်စုတစ်ခုလုံးကလည်း ကြောက်လန့်ပြီး သူတို့ညီအစ်ကိုနှစ်ယောက်ကို မျိုးနွယ်စုမှ နှင်ထုတ်ခဲ့ကြတာပါ။

နတ်ဘုရားဝီဇာကာချိလည်း အလွန်အမင်းဒေါသထွက်ပြီး ကတိချိုးဖောက်ခဲ့တဲ့ မက်ချိဟူးကို ကျိန်စာတိုက်ခဲ့ပါတယ်။ မက်ချိဟူးဟာ သူရဲ့စိတ်အလိုအတိုင်း ပြောင်းလဲနိုင်စွမ်းမရှိတော့တဲ့ သမန်းဝံပုလွေ ဖြစ်လာခဲ့ပါတော့တယ်။ အထက်မှာဖော်ပြခဲ့သလိုဆို အဆင့်အနိမ့်ဆုံး တတိယမြောက်အမျိုးအစားပေါ့။ သူ့ရဲ့အစ်ကို ကီမီဟာလုံးဝ လပြည့်ညတွေဆို လုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ သူ့ကို စွန့်ခွာခဲ့ပါတော့တယ်။

ဒီလိုနဲ့ ရာဇဝင်အရ မက်ချိဟူးဟာ မူလပထမ သမန်းဝံပုလွေအဖြစ်လည်းကောင်း အခြားဆင့်ပွား သမန်းဝံပုလွေတွေရဲ့ ဖန်တီးသူဖခင်တစ်ပါးအဖြစ်လည်းကောင်းဖြစ်လာခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ နှစ်ပေါင်းများစွာတိုင်အောင် ယုံတမ်းရာဇဝင်အဖြစ် ကျွန်တော်တို့ကြား ပျံနှံနေခဲ့သော်လည်း ၁၉၃၆ခုနှစ်မှာ ထိုရာဇင်ဝင်စတင်ရာ Wisconsin ဒေသမှာ သမန်းဝံပုလွေကို ဒေသခံတွေ အမှတ်မထင်တွေ့ရှိမှုတွေ ရှိခဲ့တာကစပြီး အရာရာပြောင်းလဲ လာခဲ့ပါတယ်။