သာချင်း ပြင်ဆင်ရန်

သာချင်းဟူသောအဖွဲ့သည် ဟောစာနှင့် ခပ်ဆင်ဆင်တူသည်။ သာချင်းမပေါ်မီကဟောစာများပေါ်ပေါက် ၏။ နောက် တစ်ဖြည်းဖြည်းဟောစာများကို သာယာချေငံစွာ တစ်မျိုးတမည်ပြောင်းလွှဲဖွဲ့ဆိုကြကာ သာချင်းဟုအမည် ပေးကြဟန်တူသည်။ သာချင်းစပ်ဆိုရာ၌ စာဆိုသူလက်ထက် မတိုင်မီ ဖြစ်ပေါ်သောအကြောင်းအရာများကိုလည်း ကောင်း ၊ဇာတ်ဝတ္ထုများကိုလည်းကောင်း ဖွဲဆိုလေ့ရှိကြသည်။ စပ်ဆိုပုံ မှာလေးလုံးတစ်ပိုဒ် သို့မဟုတ်၊ငါးလုံးတစ်ပိုဒ်၊ သို့မဟုတ် ခြောက်လုံးတစ်ပိုဒ်ထား၍ရေးစပ်နိုင်သည်။ ရကန်စပ်ပုံစပ်နည်းနှင့် လည်း အနည်းငယ်ဆင်တူလေသည်။

'ဆင်ဖြူနာဂ၊ ဆဒ္ဒန္တလည်း၊ နတ်သစက်အောက်၊ လစဉ်ရောက်၍၊ နတ်လောက်ကညာ။။ တိုင်းအ တည်တည်ပြည် အစို့စို့၊ ထီးတိုင်းတို့က၊ စက်ပို့နိယံ၊ သစ္စာနှံ၍၊ ကျွန်ခံလာသည်၊ ရတနာပူရ၊သားတော်မြေးမြစ်၊ ညွန့်သစ်စည် ပင်၊ ရာဇဝင် အခေါင်၊တပေါင်ကြွေးဟစ်၊ထွန်းရာဖြစ်သည်၊အောက်သေဋ္ဌဟု၊ ရွှေပြည်ဝကြီး' စသည်ဖြင့်ကာရန်အအုပ် အခံ ကန်၍သွား လေသည်။ ကာရန်ကန်ရုံမက ရကန်၌ကဲ့သို့ပင်အခြား ဆရာများကိုကန်ပုံ ရန်ပျိုးပုံလည်းဆင်ဆင် တူသည်။

သို့သော်ရကန်ဟူသော အဖွဲ့အနွဲ့သည် သာချင်းများ ပေါ်ပြီးနောက်မှ ပေါ်ပေါက်လာသောကြောင့် သာချင်းသည် ရကန်၏ရှေ့တော်ပြေးဖြစ်ကြောင်း ထင်ရှားသည်။ သာချင်းဟူသောအဖွဲ့အနွဲ့ကို ရှေးဦးစွာတီထွင်သူမှာ မင်းဇေယျရန္တမိတ်ဘွဲ့ခံ တောင်ခွင်မြို့စားဦးသာအောင် ဖြစ်လေ သည်။


ဦးသာအောင်သည် ဥတေနသာချင်း၊ ပဋာစာရိီသာချင်းနှင့် စိဉ္ဇမာဏဝိ ကာသာချင်းတို့ကို ရေးသားခဲ့သည်။ ရှေးကလည်း သာချင်းနှင့်ဆင်တူသောအဖွဲ့မျိုးရှိတန်ရာ၏။ သို့သော်ဦးသာ အောင်၏သာချင်းသည် တွေ့ရသမျှသောသာချင်းများတွင် အကောင်းဆုံးဖြစ်လေသည်။ နန်းစဉ်စာတော်စာရင်းအရ စာပေ လောကတွင် ထင်ရှားလှသောသာချင်းများကား ဦးအောင်ဖြိုး ရေးသားသောရာမသာချင်း၊ ကျန်စစ်သားကြုတ် ဖွင့်ခန်းသာချင်း၊ အနော်ရထာစောတရုပ်ပြည်မှစွယ်တော် ပင့်ခန်းသာချင်း၊ ဗောဓိပင်ကိုမာရ်နတ်မင်းလုခန်းသာချင်း၊ မင်းဆက်ရာဇဝင်သာ ချင်း၊ မောင်ချင်းဖြူအမည်ခံစာဆိုတဦးဖွဲ့ဆိုသော ကျန်စစ်သား သာချင်းနှင့် ပုဂံငှက်ကြီးသာချင်း၊ ရေပုပ်ကျောင်းတကာဆို ယသောဓရာ ကန်တော့ခန်းသာချင်း၊ ဝိဓူရသာချင်း၊ တောထွက်ခန်းသာချင်း၊ နှစ်ကျိပ်ရှစ် ဆူသာချင်းနှင့် မရဏာသန္နသာချင်းတို့ဖြစ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( ၁၄ )