သိက္ခာသုတ်
သိက္ခာသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သိက္ခာချ၍ လူထွက်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ထံ ယခုဘဝ၌ပင် ရောက်ရှိလာမည့် ပြောဆိုကဲ့ရဲ့ဖွယ် အကြောင်းငါးပါးနှင့် နှလုံးမသာမယာ ဆင်းရဲခြင်းဖြင့် မြတ်သောအကျင့်ကို ကျင့်သုံးသည့် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ထံ ယခုဘဝ၌ပင် ရောက်ရှိလာမည့် ချီးကျူးဖွယ် အကြောင်းငါးပါးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]