သိန်းထွန်း (စီးပွားရေးလုပ်ငန်းရှင်)

ဦးသိန်းထွန်း (၂၆ မတ် ၁၉၃၇-၁၈ ဧပြီ ၂၀၂၂) သည်  မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပက်(စ်)စီအချိုရည်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သူလည်းဖြစ်၍ Pepsi ဦးသိန်းထွန်းဟု လူသိများသည်။ Tun Commercial Bank Ltd ၊Myanmar Golden Star Co., Ltd တည်ထောင်သူ၊ Myanmar Consolidated Media Co.,Ltd ကို ဝယ်ယူခဲ့သူအဖြစ်လည်း ထင်ရှားကာ  ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ နံနက် ၁နာရီ၁၀မိနစ်က  ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဘာမွန်ကရက်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ [၁]

ဦးသိန်းထွန်း
မွေးဖွား(1937-03-26)မတ် ၂၆၊ ၁၉၃၇
တညောင်ရွာ ဆင်ဖြူကျွန်းမြို့မကွေးတိုင်းဗြိတိသျှဘားမား
ကွယ်လွန်ဧပြီ ၁၈၊ ၂၀၂၂(2022-04-18) (အသက် ၈၅)
နိုင်ငံလူမျိုးမြန်မာ
ကျော်ကြားမှုအရင်းခံMyanmar Golden Star ကုမ္ပဏီ တည်ထောင်သူ
ဆွေမျိုးသားချင်းသန့်ဇင်ထွန်း
မျိုးထွန်း
မာမာထွန်း

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဇနီးဖြစ်သူမှာ ဒေါ်နယ်လီသန်း (ကွယ်လွန်)ဖြစ်ပြီး ဦးမျိုးဇော်ထွန်း(ကွယ်လွန်)၊ဦးသန့်ဇင်ထွန်း၊ဒေါ်မာမာထွန်း၊ ဦးဦးထွန်း၊ဒေါ်ကြည်ကြည်ခိုင် ဆိုသည့်   သားသမီးငါးဦး ထွန်းကားခဲ့သည်။

စီးပွားရေးလောကထဲသို့ဝင်ရောက်လာခြင်း ပြင်ဆင်ရန်

ဦးသိန်းထွန်းသည် အသက်၂၆နှစ်အရွယ် ၁၉၆၀ကျော်ကာလများက ပို့ကုန်၊သွင်းကုန်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် စီးပွားရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။ထိုစဉ်က ၎င်းသည် အောင်ညွန့်ဆွေ ကုမ္ပဏီကို တည်ထောင်ခဲ့ကာ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်းနှင့် အာရှရှိ အခြားနေရာများသို့ သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းလုပ်ကိုင်ခဲ့သည်ဟုဆိုသည်။[၂]

စီးပွားရေးလောကသို့ စတင်ဝင်ရောက်ခဲ့ချိန် ၁၉၆၃ခုနှစ် မတ်လ၁ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တပ်မတော်က အာဏာသိမ်းချိန်ကာလနှင့် တိုက်ဆိုင်ခဲ့သည်။ ဦးနေဝင်းခေတ်အတွင်း ၎င်းကုမ္ပဏီပြည်သူပိုင်ပြုခံခဲ့ရ၍ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအား ခေတ္တနားခဲ့ပြီး ၁၉၇၈ခုနှစ်အရောက်မှ စီးပွားရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

၁၉၈၈ အရေးအခင်းပြီးနောက်  ဦးသိန်းထွန်းသည်Pepsi ကုမ္ပဏီနှင့် ပူးပေါင်းနိုင်ရန် စတင်ကြိုးစားခဲ့ပြီး  ၁၉၉၁ခုနှစ်တွင် Pepsi  ကုမ္ပဏီနှင့် ပူးပေါင်းကာ မြန်မာပြည်ဈေးကွက်အတွင် Pepsi Cola,7 up နှင့် Mirinda စသည့် အချိုရည်များကို ထုတ်လုပ်ရောင်းချခဲ့သည်။[၃]

ထိုကာလရောက်မှ စီးပွားရေးလောကထဲ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိလာခဲ့သည်ဟု ၎င်းကပြောကြားထားသည်။

ယင်းနောက် ၁၉၉၄ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းဘဏ် ကိုစတင်တည်ထောင်ခဲ့သည်။[၄]

ဘဏ်၏ အမြတ်အစွန်းများကို ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ပြန်လည်လှူဒါန်းခဲ့သည်ကိုလည်းတွေ့ရသည်။

ဦးသိန်းထွန်းသည် မြန်မာ့ရွှေကြယ်စင် တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့်အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဖြန့်ဖြူးရေး၊ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းများဖြင့် စီးပွားရေးနယ်ပယ်အား တိုးချဲ့လာကာ  ၂၀၁၄ ခုနှစ်အရောက်တွင် Myanmar Consolidated Media (Myanmar Times) ၏ အစုရှယ်ယာအများစုကို လွှဲပြောင်းရယူခဲ့သည်ကိုတွေ့ရသည်။ [၅] နှစ်စဉ် ထွန်းဖောင်ဒေးရှင်းစာပေဆုကို ချီးမြှင့်ကာ မြန်မာ့စွယ်စုံကျမ်းအား ပြင်လည်ပြင်ဆင်ရေးကိစ္စအပေါ် စာပေဗိမာန်နှင့်အတူ ပူးပေါင်း အားထည့်ဆောင်ရွက်နေသူဖြစ်သည်။

မြန်မာတိုင်းမ်၏ရှယ်ယာများအား ဝယ်ယူခဲ့ခြင်းက မိုက်မဲမှုတစ်ခုဟု ၂၀၁၈အတွင်း ဝန်ခံချက်ကလည်း မီဒီယာလောကအတွင်း ထင်ရှားသတင်းဖြစ်ခဲ့သည်။ [၆]

ဦးသိန်းထွန်းကို ခရိုနီတစ်ဦး၊ ဗိုလ်ချုပ်ထွန်းကြည်အစရှိသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု ဖော်ညွှန်းကြသည်။ [၇]

၎င်းက ထိုသို့မဟုတ်ကြောင်း အမြဲတမ်းငြင်းဆန်လေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်လက်ထက် တန်ဖိုးထွားခဲ့သော သမ္မတရုံးဝန်ကြီးဦးစိုးသိန်းကိုယ်တိုင် ရေးသားခဲ့သော “ဒီမိုကရေစီနိုင်ငံသစ်နှင့် သမ္မတဦးသိန်းစိန်”စာအုပ်အား အကုန်အကျခံထုတ်ဝေခဲ့ဖူးသည်။ [၈]

ရရှိခဲ့သော နိုင်ငံတကာဆုများ ပြင်ဆင်ရန်

Pepsi Cola International နှင့် အင်္ဂလန်နိုင်ငံတို့ ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံးထုတ်လုပ်သူဆု၊ စီးပွားရေး လုပ်ငန်းအုပ်ချုပ်မှု ထူးချွန်ဆုတို့ကို ဦးသိန်းထွန်း ရရှိခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် လူမှုအကျိုးဆောင်ပုဂ္ဂိုလ်ကြီး ဦးသိန်းထွန်းMOI Myanmar (၁၉ ဧပြီ ၂၀၂၂)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. MGS Group of Companies ၏ Chairman ဦးသိန်းထွန်းနှင့်တွေ့ဆုံခြင်းMyanmar B2B TV (5 Jul 2020)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။}}
  3. Pepsi's ​Burma ConnectionBusiness Ethics။ 30 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 Feb 2023 တွင် ပြန်စစ်ပြီး။
  4. About Tun Commercial BankTun Commercial Bank(Myanmar) Website။ 23 Feb 2023 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 25 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 April 2022 တွင် ပြန်စစ်ပြီး။
  6. Myanmar Tycoon Thein Tun Faces Business Woes In Crisis-Torn CountryForbes (24 Jul 2018)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။
  7. Myanmar Tycoon Thein Tun Faces Business Woes In Crisis-Torn CountryForbes (24 Jul 2018)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။
  8. Mya nmar Times owner Thein Tun dies in Bangkok hospital aged 85, says employeeMyanmar Now (19 Apr 2022)။ 23 Feb 2023 တွင် ပြန်စစ်ပြီး။