သီရိခေတ္တရာပြတိုက်သည် ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ်မှော်ဇာရွာတွင် တည်ရှိသည့် ပြတိုက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြတိုက်များတွင် ရှေးအကျဆုံးဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁]

သီရိခေတ္တရာပြတိုက်

ပြသထားသည်များ ပြင်ဆင်ရန်

ပြတိုက်တွင် ပျူလူမျိုးတို့၏ ရှေးဟောင်းပစ္စည်းများကို တစ်စုတဝေး ထိန်းသိမ်းပြသထားသည်။ ပြသထားသည့် ပစ္စည်းများမှာ သဲကျောက်ဖြင့် ပြုလုပ်ထားသော ကျောက်အရိုးအိုးများ၊ ဌာပနာတိုက်ဖုံး ကျောက်ပြားများ၊ အဝလောကီတေသွာရ (လောကနာထကျောက်ရုပ်ကွ၊ တာရာ ဒေဝီ နတ်သမီးကျောက်ရုပ်ကြွ)၊ ပျူကချေသည် ကြေးရုပ်ငါးရုပ်၊ ပျူပုတီးစေ့များ၊ သဲကျောက်ဖြင့် ပြုလုပ်ထားသော ဗိဿနိုး နတ်မင်းနှင့် လက္ချမီးရုပ်တု၊ သံပန္နက်တိုင်၊ ပလ္လင်လေးမျက်နှာတွင် ပျူစာပါသော သဲကျောက် ဗုဒ္ဓဆင်းတုတော်၊ အုတ်ခွက်များ၊ ဒင်္ဂါးပြားများ၊ အုတ်ကြွပ်အမိုးအပြားများ စသည့် ရှေးဟောင်းပစ္စည်းများ ဖြစ်သည်။ ပြတိုက်တွင် ပျူလူမျိုးတို့အကြောင်းကို လေ့လာကြည့်ရှုနိုင်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ပျူမြို့ဟောင်း သုံးမြို့တွင်အကြီးဆုံး သရေခေတ္တရာမြို့ဟောင်း | NPE။ 26 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2020 တွင် ပြန်စစ်ပြီး။