သီအိုဒိုလိုက် /θˈɒdəlt/ သည် ရေပြင်ညီနှင့်ဒေါင်လိုက် ပုံစံများတွင်ရှိသောအမှတ်အသားများအကြားရှိ ထောင့်အကျယ်များကိုတိုင်းတာခြင်းအတွက် မြင်ကွင်းချဲ့ မှန်ဘီလူးပါစက်ပစ္စည်းတစ်ခုဖြစ်သည်။ မြေပြင်တိုင်းတာခြင်းတွင် အများဆုံးအသုံးပြုပြီးအဆောက်အဦးများနှင့် အဆောက်အဦးဆောက်လုပ်လုပ်ခြင်းလုပ်ငန်းများတွင်လည်းတွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ ထို့အပြင်မိုးလေဝါသ ခန့်မှန်းခြင်းနှင့်ကျောက်တူးဖော်ခြင်းလုပ်ငန်းများတွင် အားထားအသုံးပြုကြသည်။[၁]

A direct readout theodolite, manufactured in the Soviet Union in 1958 and used for topographic surveying


သီအိုဒိုလိုက်တွင်ဝင်ရိုးတစ်ခု၌ ဒေါင်လိုက်သော်လည်းကောင်း၊ရေပြင်ညီလိုက်သော်လည်းကောင်း လှည့်နိုင်သော မှန်ဘီလူး ပါရှိပြီး ရေပြင်ညီ ထောင့်၊ဒေါင်လိုက် အကွားဝေး ထောင့်အကျယ်တို့ကို ဖတ်နိုင်သည်။ မိမိတိုင်းတာမည့် အရာဝတ္ထု နှစ်ခုအကြားတွင် ပထမ အမှတ်၌ သင်္ကေတ သုညဟုမှတ်သားထားပြီး ဒုတိယ အမှတ်သို့ လှည့်ပြီး ၎င်းနှစ်ခုအကြားထောင့်အကျယ်ကို အတိကျရနိုင်သည်။ ထွက်ရှိလာသော အဖြေသည် ရေဒီယမ် ဒီဂရီ၊မိနစ်၊စက္ကန့်မှသည် မီလီစက္ကန့်ထိ အဖြေအတိကျရနိုင်သည်။ ရရှိလာသော အဖြေများအား အမှတ်သားများပြုလုပ်၍ အစီစဉ်များ ပြုလုပ်ကြသည်။ ယခုခေတ်အချိန်ခါတွင် ခေတ်သစ်ဒီဂျစ်တယ်နည်းပညာများဖြင့် ပြုလုပ်ထားသော Total Station သည် စက်အတွင်း၌ပင် အချက်လက်များ မှတ်သားစေပြီး လုပ်ငန်းပြီးစီးချိန် ကွန်ပျူတာနှင့် တွဲ၍ အချက်လက်များတွက်ချက် အဖြေထုတ်နိုင်သည်။

လုပ်ငန်းခွင်တစ်ခုတွင် သီအိုဒိုလိုက်(Total Station)အားတပ်ဆင်ထားခြင်း



လုပ်ဆောင်မှုနည်းစနစ်များ ပြင်ဆင်ရန်

 
The axes and circles of a theodolite
 
Diagram of an optical readout theodolite

နေရာချိန်ညှိခြင်းကြိုတင်ပြင်ဆင်မှု ပြင်ဆင်ရန်

ပထမဦးစွာ သီအိုဒိုလိုက်အားအသုံးပြုရန် အသုံးပြု့မည့်တည်နေရာအားသတ်မှတ်၍ ထိုနေရာ တွင် ချိန်ညှိများပြုလုပ်ရန်လိုအပ်သည်။ ထိုချိန်ညှိမှုပြုလုပ်ရန်အချက် လေးချက်ဖြင့်လုပ်ဆောင်ရမည်။၎င်းတို့တွင် စက်ကို တပ်ဆင်ခြင်း၊အလယ်မှတ်သတ်မှတ်ခြင်း၊ရေပြင်ညီတည်ခြင်းနှင့်၎င်းအထိုင် တပြေးတည်းရှိစေခြင်း ဟူ၍ဖြစ်သည်။

  • တပ်ဆင်ခြင်း - စက်ကို ပထမဦးစွာ သုံးချောင်းထောက် (Tripod)ပေါ်တွင် ငြိမ်နေစေရန်တပ်ဆင်ရမည်ဖြစ်သည်။ စက်ကို မတပ်ဆင်ရသေးခင် သုံးချောင်း ထောက်အား ညိမ်နေစေရန် ပြုလုပ်စေပြီး သီအိုဒိုလိုက်တပ်ဆင်မည့်မျက်နှာပြင်သည် ရေပြင်ညီနီးပါးမှန်းဆ၍ ထားပြီး မိမိယူထားနေ အမှတ်သားနေရာနှင့် အလယ်ဗဟိုနှင့် အနီးစပ်ဆုံးပြုလုပ်ထားရမည်။ ထိုမှသာ နောက်ထပ်ပြုလုပ်မည့် အလယ်မှတ်သတ်မှတ်ခြင်းနှင့် ရေပြင်ညီညှိခြင်းတို့ လွယ်ကူသွားမည်ဖြစ်သည်။
  • အလယ်မှတ် သတ်မှတ်ခြင်း - သီအိုဒိုလိုက်၏ ဒေါင်လိုက်မျဉ်းသည် မိမိသတ်မှတ်ထားသော အမှတ်နှင့် တပြေးတည်း တည့်တည့် ရှိနေရမည်ကိုဆိုလိုသည်။ သုံးချောင်းထောက်နှင့် သီအိုဒိုလိုက် ကို တွဲပေးသောဝက်အူရစ်၏ အလယ်တွင် ချိန်သီးကြိုး ချိတ်ရန် ချိတ်ကောက် ပါဝင်ပြီး ထိုမှချိန်သီဖြင့် အောက်ရှိ အမှတ်ပေါ်သို့ ချိန်ညှိနိုင်သည်။ သီအိုဒိုလိုက်တွင်ပါဝင်သော အောက်အမှတ်သားဖတ်ရန် အောက်ကြည့်မှန်ဘီလူးငယ်လေး ပါဝင်ပြီး အောက်အမှတ်အား ထိုမှတဆင့် ချိန်ညှိနိုင်သည်။
  • ရေပြင်ညီတည်ခြင်း- ရေပြင်ညီအလိုက် အနိမ့်မြင့်မှားနှင့်ထောင့်များ ဖတ်ရာတွင် သီအိုဒိုလိုက်သည် ရေပြင်ညီအလိုက်ရှိနေရမည်။ ထိုသို့မဟုတ်လျှင် ရရှိသောအချက်လက်တို့သည် အမှန်မထွက်နိုင်ပါ။ စက်ကိုရေပြင်ညီညှိရန် စက်အောက်ခြေ၌ အနိမ့်မြင့်ပြုလုပ်နိုင်သော ဝက်အူရစ်ဘီးလုံး သုံးခုပါဝင်သည်။ ထိုသုံးခုကို အသုံးပြု၍ အနိမ့်မြင့် ချိန်ပြီး ရေပြင်ညီခြင်း ရှိမရှိကို စက်၏အပေါ်မျက်နှာပြင်ရှိ ရေချိန်နှစ်ခုအားအသုံးပြု၍ အလယ်သို့မရောက်မခြင်း ဘီးသုံးခုအသုံးပြု၍ ချိန်ညှိနေရမည်။
  • မြင်ကွင်းချိန်ညှိခြင်း- မိမိကြည့်လိုသော အရာဝတ္ထုသည် မှန်ပြောင်းအတွင်း ကြည်လင်ပျက်သားမှု ရှိမရှိ စစ်ဆေးရမည်။ ရှေ့မှန်ဘီးလူးသည် အနီးအဝေးကြည်လင်စေရန် ချိန်ညှိရမည်ဖြစ်ပြီး နောက်မှန်ဘီလူးငယ်သည် ရှေ့မှန်ဘီလူးနှင့်ကြားကြည်လင်မှုရှိစေရန် ချိန်ညှိပေးရမည်။ ထိုမှသာ မြင်ကွင်းနှင့် လိုင်းအမှတ် အသားတို့ထင်ရှားစွာ မှတ်ယူနိုင်မည်။

ကြည့်ရှုခြင်း ပြင်ဆင်ရန်

သီအိုဒိုလိုက်ကို ကြိုတင်အချက်လက်ရှာဖွေသူတွေ အသုံးပြုရာတွင် မှန်ပြောင်းအတွင်းမှာပါတက် ကန့်လန့်ရေပြင်ညီနှင့်ဒေါင်လိုက် ဖြတ်မျဉ်းတွေမှတဆင့် ကြည့်ရှုမှတ်သားကြသည်။ ပထမ အမှတ်ကိုချိန်ရွယ်၍ မိမိစိတ်တိုင်းကျ အချက်လက် များမှတ်သားစေပြီး ဒုတိယအမှတ်ကို ချိန်ရွယ်ရသည်။ ထိုမှတဆင့် ရရှိလာသော အချက်လက်တို့ကို မှတ်သား အသုံးပြုမှု ပြုလုပ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

 
A theodolite of 1851, showing the open construction, and the altitude and azimuth scales which are read directly.
 
Sectioned theodolite showing the complex light paths for optical readout, and the enclosed construction.

ခေတ်သစ်ဒီဂျစ်တယ်သီအိုဒိုလိုက် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Thyer၊ Norman (March 1962)၊ "Double Theodolite Pibal Evaluation by Computer"၊ Journal of Applied Meteorology and Climatology၊ American Meteorological Society၊ 1 (1): 66–68၊ doi:10.1175/1520-0450(1962)001<0066:DTPEBC>2.0.CO;2
 
A typical modern electronic theodolite: Nikon DTM-520