ဦးသောင်းတင်သည် မြန်မာ ကွန်ပျူတာပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဒုတိယဝန်ကြီး (ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန) အဖြစ် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးသောင်းတင်ကို ၁၉၆၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ဦးအနက် အကြီးဆုံးဖြစ်သည်။[၁][၂][၃]

သောင်းတင်
ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၇ ဩဂုတ် ၂၀၁၂ – ၃၀ မတ် ၂၀၁၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1960-05-27) ၂၇ မေ၊ ၁၉၆၀ (အသက် ၆၃)
မန္တလေး
လူမျိုးမြန်မာ
ကြင်ဖော်(များ)တင်တင်အေး
သားသမီးသမီး ၁ ဦး
မိခင်ကျောင်းရန်ကုန်စက်မှုတက္ကသိုလ်ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
ကျွမ်းကျင်မှုကွန်ပျူတာပညာရှင်

ပညာရေး ပြင်ဆင်ရန်

၁၉၇၇ ခုနှစ်တွင် အထက (၁၄) မန္တလေးမှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပြီး ဒေသကောလိပ်တွင် သင်္ချာဘာသာတွဲကို သင်ယူခဲ့ပြီး ၁၉၈၀ တွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ အီလက်ထရောနစ် ဘာသာရပ်ကို ဆက်လက်သင်ယူခဲ့သည်။ အင်ဂျင်နီယာဘွဲ့ ရပြီးနောက် ကွန်ပျူတာသိပ္ပံ မဟာဘွဲ့ ကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ရရှိခဲ့သည်။

ကေအမ်ဒီကွန်ပျူတာသင်တန်း နှင့် ကေအမ်ဒီကုမ္ပဏီအုပ်စု ပြင်ဆင်ရန်

၁၉၈၆ ခုနှစ်တွင် ကေအမ်ဒီကွန်ပျူတာသင်တန်းကို ဦးကြွယ်ဟိုးလမ်း၊ ကြည့်မြင်တိုင်တွင် ဇနီးဖြစ်သူ ဒေါ်တင်တင်အေးနှင့်အတူ စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကေအမ်ဒီကုမ္ပဏီများအုပ်စုအဖြစ် လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။[၄]

လက်ရှိတာဝန်များ ပြင်ဆင်ရန်

  1. ဥက္ကဋ္ဌ၊ KMD Group of Companies[၄]
  2. Country Representative, ASEAN Business Advisory Council[၅]
  3. အဖွဲ့ဝင်၊ e-Government Steering Committee [၆]
  4. ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်[၇]

မိသားစု ပြင်ဆင်ရန်

ဆရာဝန်တင်ရွှေ၏ သမီးဖြစ်သူ ဒေါ်တင်တင်အေး နှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ဦးရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Thaung Tin။ 10 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2021 တွင် ပြန်စစ်ပြီး။
  2. https://my.wikipedia.org/wiki/ဝန်ကြီးဌာန_နှင့်_အကြီးအကဲများ_စာရင်း#ယခင်ဝန်ကြီးဌာနများ(၂၀၁၀-၂၀၁၆)
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
  4. ၄.၀ ၄.၁ The Story of KMD Group of Companies။ 23 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2021 တွင် ပြန်စစ်ပြီး။
  5. ABAC MEMBERS။ 19 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2021 တွင် ပြန်စစ်ပြီး။
  6.   YouTube ပေါ်ရှိ e-Government Conference & ICT Exhibition 2018 27-November 2018 Myanmar Computer Federation
  7. မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် "Myanmar 4.0 Project" အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ[လင့်ခ်သေ] မြန်မာကွန်ပျူတာဖယ်ဒရေးရှင်း ၁၃ ဇူလိုင် ၂၀၂၀