ဦးသောင်းထိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်၊ဆဌသင်္ဂါယနာတင် ဦးနု‎၏သားဖြစ်သည်။ မွေးရာဇာတိမှာ ရန်ကုန်မြို့ဖြစ်သည်။ မွေးချင်း၄ယောက်ရှိသည့်အနက် ဒုတိယဖြစ်သည်။ အစ်မ၁ယောက်၊ ညီတစ်ယောက်၊ ညီမတစ်ယောက်ရှိသည်။ ငယ်စဉ်က မြို့မကျောင်းမှာ ၈တန်းထိပညာသင်ယူ တက်ရောက်ခဲ့သည်။ ကမ္ဘောဇကောလိပ် အထက်တန်းကျောင်းမှာ ဆက်တက်ပြီး TTC ကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၆၀-ခုနှစ်တွင် ထီးတန်းကောလိပ်တက်ရောက်စဉ် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ အစ၌ နိုင်ငံခြားသွားဖို့ အစီအစဉ် မရှိသော်လည်း မြန်မာနိုင်ငံမှာ transitor radioလုပ်ချင်သောကြောင့် ဂျပန်ကိုထွက်ပြီး ပညာသင်သည်။ ဂျပန်တွင် ၁ဝနှစ် နေခဲ့သည်။ ပထမတွင် ကိုယ့်စရိတ်နှင့် ကိုယ်ပညာသင်နေရာက ငွေအခက်အခဲတွေ့ကြုံခဲ့သည်။ ဂျပန်အစိုးရ၏ ပညာသင်အထောက်အပံ့ ရယူခဲ့ရသည်။ BSC အတွက် ၄နှစ်တက်ရသည်။ Masterကို ၂နှစ်ထပ်တက်ရသည်။ BE(Electronic)ကို Masterထိ တက်သည်။ ဂျပန်မှနေ၍ ထိုင်းကိုရောက်ရှိသွားပြီး တော်လှန်ရေးအဖွဲ့များ အကူအညီအနေနှင့် ထိုင်းနိုင်ငံတွင် ၅နှစ်နေထိုင်သည်။ ထိုမှတဆင့် အိန္ဒိယသို့ ထွက်ခွာခဲ့ပြီး နိုင်ငံရေးလုပ်ခဲ့သည်။ ၁၉၇၈-ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ယခုအခါ အသက် ၆၉နှစ်ရှိပြီ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁][လင့်ခ်သေ]