သောတ္တိယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်သောကြောင့် သောတ္တိယမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၁]

သောတ္တိယသုတ် ပြင်ဆင်ရန်

အကြွင်းမဲ့ ဖယ်ရှားပြီးဖြစ်သောကြောင့် သောတ္တိယ မည်၏။ [၁]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • စွဲမက်မှု ‘ရာဂ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • တွေဝေမှု ‘မောဟ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • ထောင်လွှာမှု ‘မာန’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။ [၁]

ရဟန်းတို့ ဤအကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်သောကြောင့် သောတ္တိယမည်၏ ဟု(မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၄- သောတ္တိယသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။