သံတောင်ကြီးမြို့နယ် သည် မြန်မာနိုင်ငံကရင်ပြည်နယ်သံတောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သံတောင်ကြီးမြို့ ဖြစ်သည်။ [၂] မြောက်လတ္တီကျု ၁၈°၃၈′၀.၃″ နှင့် ၁၉°၃၀′၁၀″ ကြား၊ အရှေ့လောင်ဂျီကျု ၉၆°၂၂′၁၂″ နှင့် ၉၇°၁၂′၄″၁ ကြားတွင် တည်ရှိကာ အရှေ့အနောက် ၂၄.၅ မိုင်ခန့်နှင့် တောင်မြောက် ၅၈ မိုင်ခန့် ရှည်လျားသော သံတောင်ကြီးမြို့နယ်သည် မြို့လေးမြို့ပါဝင်သည့် ဧရိယာမှာ ၁၄၁၂.၈၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ဖရူဆိုဖားဆောင်းမြို့နယ်တို့နှင့် ထိစပ်နေကာ အနောက်ဘက်တွင် တောင်ငူရေတာရှည်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိသည်။ တောင်ဘက်တွင် ကျောက်ကြီးဖာပွန်မြို့နယ်တို့နှင့် ထိစပ်နေပြီး၊ မြောက်ဘက်တွင် ပျဉ်းမနားဖယ်ခုံမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။[၃]

သံတောင်ကြီးမြို့နယ်
မြို့နယ်
Skyline of သံတောင်ကြီးမြို့နယ်
ဘားအံခရိုင်အတွင်းတည်နေရာ
ဘားအံခရိုင်အတွင်းတည်နေရာ
သံတောင်ကြီးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သံတောင်ကြီးမြို့နယ်
သံတောင်ကြီးမြို့နယ်
ဘားအံခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 19°04′24.2″N 96°40′31.69″E / 19.073389°N 96.6754694°E / 19.073389; 96.6754694ကိုဩဒိနိတ်: 19°04′24.2″N 96°40′31.69″E / 19.073389°N 96.6754694°E / 19.073389; 96.6754694
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
ခရိုင်သံတောင်ကြီးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့သံတောင်ကြီးမြို့
ဧရိယာ
 • စုစုပေါင်း၁၄၀၃ စတုရန်းမိုင် (၃,၆၃၃ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)၃၀,၂၀၉[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သည့်မြို့များ ပြင်ဆင်ရန်

သံတောင်ကြီးမြို့နယ်တွင် ပါဝင်သည့် မြို့များမှာ

သမိုင်းကြောင်း ပြင်ဆင်ရန်

မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်ကုန်း၊ တောင်တန်း၊ တောင်စောင်းများ ပေါများထူထပ်သည့် သံတောင်ကြီး မြို့နယ်သည် ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအတွင်း အင်္ဂလိပ်နယ်ချဲ့လက်ထက် မြန်မာကို တောင်ငူအထိ သိမ်းပိုက်ခဲ့သော်လည်း၊ နှစ်အတန်ကြာမှ တောင်ပေါ်ဒေသများကို သိမ်းသွင်းနိုင်သည်။ တောင်ငူခရိုင်မြို့နယ်များအနက် သံတောင်မြို့နယ်ကို ၁၉၀၀ ပြည့်နှစ်တွင် ကွမ်းပင်ရွာ ယခု ထုံးဘိုကြီးရွာ မြောက်ဘက်တွင် စတင်ရုံးစိုက်ခဲ့သည်။ တဖန် မြို့အနေအထားအရ ဗဟိုကျသော လိပ်သိုသို့ ၁၉၁၀ ပြည့်နှစ်တွင် လည်းကောင်း၊ တဖန် လက်ဖက်ခြံ စိုက်ပျိုးထားခြင်းနှင့် နွေရာသီအပန်းဖြေစခန်း ဖြစ်သည့် သံတောင်ကြီးသို့ ၁၉၃၅ ခုနှစ်၌ လည်းကောင်း ပြောင်းရွှေ့ ရုံးစိုက်စေသည်။ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်းပြီး ကြာအင်းဆိပ်ကြီးကော့ကရိတ်လှိုင်းဘွဲ့ဘားအံသံတောင်မြို့သည် ကရင်ပြည်နယ်တွင် ပါဝင်ခဲ့သည်။ ၁၉၅၉ တွင် သံတောင်မြို့သစ် ၁၃ မိုင်စခန်းသို့ မြို့နယ်ရုံးအဖြစ် ပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီး အမိန့်ကြော်ငြာစာအရ ၁၉၇၃ တွင် သံတောင်ကြီးကို သံတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တအုပ်စုဖြင့် ဖွဲ့စည်းသတ်မှတ်သည်။ တဖန် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၆.၄.၂၀၀၀ ရက်နေ့ အမိန့် ကြော်ငြာစာအရ သံတောင်ကြီး ကျေးရွာအုပ်စုမှ သံတောင်ကြီးမြို့အဖြစ် ရပ်ကွက် ၅ ခုဖြင့် ဖွဲ့စည်းလိုက်ပြီး၊ ၂၀၀၂ တွင် သံတောင်ကြီးမြို့ကို မြို့နယ်ခွဲအဖြစ် ပြန်လည် ပြင်ဆင်ပြန်ပြီး၊ မြို့နယ်ခွဲရုံးများ ဖွင့်လှစ်သည်။ ၂၀၀၆ တွင် မြို့နယ်ခွဲအဆင့်မှ မြို့နယ်အဆင့်သို့ ရောက်ရှိလာသည်။ သို့ဖြစ်၍ ၂၀၀၇ မှစ၍ မြို့နယ်ရုံးများ ဖွင့်လှစ်သည်။ ထိုအခါ ၂၀၀၈ တွင် လိပ်သိုမြို့နယ်ခွဲနှင့် ဘောဂလိမြို့နယ်ခွဲတို့သည် မြို့နယ်ခွဲဟူသော စကားရပ် ပယ်ဖျက်ခြင်းကြောင့် လိပ်သိုမြို့နှင့် ဘောဂလိမြို့ ဖြစ်လာပြီး သံတောင်မြို့တွင် မြို့ရုံး တည်ကာ ရုံးလုပ်ငန်းများ ဆောင်ရွက်သည်။

ရေဆင်း ပြင်ဆင်ရန်

မြစ်ငန်းချောင်း၊ ကျီးချောင်း၊ ကမ်းနီချောင်း၊ ပသိချောင်းတို့သည် စီးဆင်းလျက် ရှိပြီး၊ ထင်ရှားသော ချောင်းမှာ သောက်ရေခပ်ချောင်း ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၃၀၀၀ တွင် ရှိသော သံတောင်ကြီးမြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ နော်ဘူဘောတောင် ဖြစ်ပြီး၊ အမြင့်ပေ ၄၈၂၄ ပေ ရှိသည်။ အနိမ့်ဆုံး အရပ်ဒေသမှာ ၂၄၀ ပေ ရှိသည်။

ရာသီဥတု ပြင်ဆင်ရန်

အေးမြစိုစွတ်ပြီး၊ အမြင့်ဆုံး ၂၉°C နှင့် အနိမ့်ဆုံး ၈°C အပူချိန် ရှိသည်။

သဘာဝပေါက်ပင်များ ပြင်ဆင်ရန်

ကျွန်းပျဉ်းကတိုးပိတောက်သစ်ယာအင်ကြင်းသစ်အယ်ယမနေတဗလန်းသင်္ဃန်းညောင်သင်္ဂခူသစ်ကတိုးကောင်းမှုသပြေကြက်ရိုးကနစိုးသစ်ခါးပန်းခါးဝါးအမျိုးမျိုး၊ ထောက်ကြံ့ဖန်ခါးတို့ ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်များ ပြင်ဆင်ရန်

ကျားကျားသစ်တောဝက်ဝက်ဝံဆတ်တောဆိတ်တောင်ဆိတ်တောခွေးခွေးတူဝက်တူတောကြောင်သင်းခွေချပ်ယုန်ဂျီမျောက်အမျိုးမျိုး၊ လိပ်အမျိုးမျိုး နေထိုင်ကျက်စားသည်။[၄]

သဘာဝပတ်ဝန်းကျင် ပြင်ဆင်ရန်

စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးသော ဒေသခံ ပြည်သူအများစုသည် နှစ်စဉ် ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊ သစ်ဝါးများ တရားမဝင် ခုတ်ယူ သုံးစွဲခြင်း၊ တောမီးလောင်ခြင်းများကြောင့် သစ်တော ပြုန်းတီးမှုများ ဖြစ်ပွားနေပြီး၊ ကြိုးဝိုင်းသစ်တော် ဖုံးလွှမ်းမှု ၆.၀၂၅ %၊ ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှု ၂၈.၆၃၉ % ဖြင့် သစ်တောဖုံးလွှမ်းမှု ၉၃.၁၂ % ရှိသည်။

လူဦးရေ ပြင်ဆင်ရန်

၂၀၁၇ မတ်လကုန်အထိ အောက်ပါအတိုင်း ရှိသည်။

လူမျိုး နေထိုင်သူဦးရေ မြို့နယ်လူဦးရေ၏ ရာခိုင်နှုန်း
ကချင် ၀.၀၁
ကယား ၃၅ ၀.၀၄
ကရင် ၈၃၇၁၇ ၉၄.၃၅
ချင်း ၂၇ ၀.၀၃
မွန် ၁၅ ၀.၀၂
ဗမာ ၄၃၀၅ ၄.၈၅
ရခိုင် ၁၅ ၀.၀၂
ရှမ်း ၂၈၇ ၀.၃၂
ပအိုဝ်း ၈၂ ၀.၀၉
အခြား ၂၃၈ ၀.၂၇
မြို့နယ်ချုပ် ၈၈၇၂၈ ၁၀၀%

မြို့ပေါ်ရပ်ကွက် ၁၉ ခု တွင် အိမ်ခြေ ၃၄၇၈၊ အိမ်ထောင်စု ၃၄၆၈ စု ရှိကာ၊ ကျေးရွာအုပ်စု ၅၉ စုတွင် ရှိသော ကျေးရွာ ၃၄၁ ရွာ၌ အိမ်ခြေ ၁၄၉၁၂၊ အိမ်ထောင်စု ၁၄၅၁၈ စုဖြင့် ကျေးလက်နေသူ အချိုးအစား များကြောင်း သိရှိရသည်။

သံတောင်ကြီးမြို့နယ်အတွင်း နေထိုင်သူ ၈၈၇၂၈ ယောက် ရှိသည့်အနက် မြို့ပေါ်၌ နေထိုင်သူ ကျား ၉၁၄၃ ဦး၊ မ ၉၃၃၄ ဦးဖြင့် ညီမျှနေကာ၊ ကျေးလက်နေသူ ကျား ၃၄၈၉၀ ဦး၊ မ ၃၅၃၆၁ ဦးဖြင့် မျှတနေသည်။ မြို့ပေါ်နေထိုင်သူ စုစုပေါင်း ၁၈၄၇၇ ဦး ရှိ၍၊ ကျေးလက်ဒေသနေထိုင်သူ စုစုပေါင်း ၇၀၂၅၁ ဦး ရှိသည်။

စီးပွားရေး ပြင်ဆင်ရန်

စိုက်ပျိုးရေး အဓိက ဖြစ်ကာ၊ ဖွံ့ဖြိုးတိုးတက်သော သံတောင်ကြီးမြို့နယ်သည် တောင်ငူ-သံတောင်-သံတောင်ကြီးလမ်းဟူ၍ ကုန်းလမ်းဖြင့်သာ ဆက်သွယ်မှု ရှိပြီး၊ သံတောင်ကြီးမြို့၌ လမ်းဆုံးသည်။ အဓိကထွက်ကုန်များမှာ ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ကွမ်းသီး၊ ရာဘာ၊ ဒူးရင်းများ ဖြစ်ကာ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ အများဆုံး တင်ပို့သည်။ သံတောင်ကြီးမြို့နယ်တွင် အစိုးရဆည်များ၊ ကိုယ့်အားကိုယ်ကိုး ဆည်များ မရှိသကဲ့သို့ မြစ်ရေတင်စီမံကိန်းများလည်း မရှိချေ။ တာတမံများ၊ ရေထိန်းတံခါးများလည်း မရှိပေ။ အသားတင် စိုက်ပျိုးမြေဧရိယာပေါင်း ၉၁၉၅၉ ဧက ရှိသည်။ အသီးအနှံ ဆယ်မျိုးဖြစ်သော စပါးပေါင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံ၊ အစေ့ထုတ်ပြောင်းတို့ကို စိုက်ပျိုး ထုတ်လုပ်သည်။ နှစ်ရှည်သီးနှံ စိုက်ပျိုးမှု အခြေအနေများမှာ လက်ဖက်၊ ကော်ဖီ၊ ကြက်ပေါင်စေ့၊ ကွမ်းသီး၊ ကွမ်းရွက်၊ အုန်းသီးတို့ ဖြစ်ပြီး၊ ၂၀၁၇ မတ်လအထိ တနှစ်တာအတွင်း ပိဿာပေါင်း ၈၂၄၁၇၈၂ ထွက်ရှိသည်။ ဈေးကွက်ဝင်သော ဖာလာ၊ ငရုတ်ကောင်းကိုလည်း စိုက်သည်။ ဓာတ်သတ္တု တူးဖော်မှုများ မလုပ်နိုင်သကဲ့သို့ ကျောက်မျက်များလည်း မတူးဖော်ပါ။

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. Thandaunggyi Township Map, Myanmar Information Management Unit (MIMU)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2015 တွင် ပြန်စစ်ပြီး။
  3. သံတောင်ကြီးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ ၂၀၁၇၊ မတ်လ။ p. ၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  4. သံတောင်ကြီးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ ၂၀၁၇၊ မတ်လ။ p. ၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)