ဂျပန်လူမျိုးတို့ ယုံကြည်မှုတွင် ဟချိမန်း Hachiman (八幡神 ဟချိမန်းဂျင်း/ယဟတ နော ခမိ?) သည် ဓားလှံလေးမြားနှင့် စစ်ပွဲတို့အတွက် သဗ္ဗန္ဓနတ် ဖြစ်သည်။ [၁][၂][၃] ရှင်တိုဝါဒနှင့် ဗုဒ္ဓဝါဒ နှစ်မျိုးစလုံးမှ ဓာတ်ကြီးများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။[၄] စစ်နတ်ဘုရားဟု မကြာခဏ ခေါ်ဝေါ်တတ်ကြသော်လည်း သူ့ကို စစ်သည်တော်များ၏ အစောင့်အရှောက်နတ် (tutelary god) အဖြစ်လည်း ပြင်ခေါ်လေ့ ရှိသည်က များသည်။[၅] ၎င်းသည် ဂျပန်ပြည်၏ ကြိုတင်သိမြင်နိုင်သော အစောင့်အရှောက် တပါး ဖြစ်ပြီး၊ ဂျပန်လူမျိုးများနှင့် နန်းတွင်းကအစ၊ ဂင်ဂျိဟု ခေါ်သော မိနမိုတို မျိုးနွယ်စုနှင့် ဆာမူရိုင်း အများစုက ကိုးကွယ်ကြသည်။ စာအရ တိကျစွာ ပြန်ဆိုရမည် ဆိုပါက အောင်လံရှစ်ချောင်းနတ်ဟု အဓိပ္ပာယ်ရပြီး၊ နတ်တပိုင်း အင်ပါယာ ရှင်သခင် အိုးဂျင်း မွေးဖွားလာသည့် နိမိတ်ကို ပြသော ကောင်းကင်ဘုံမှ အလံ ရှစ်ချောင်းကို ညွှန်းဆိုသည်။ သူ၏ အစောင့်ငှက်နှင့် ဆက်သားမှာ ခို ဖြစ်သည်။

Usa Shrine, dedicated to Hachiman

ရှေးခေတ်ကာလကပင် ဟချိမန်း (အောင်လံရှစ်ချောင်းနတ်)ကို လယ်သမားများက လယ်နတ်အဖြစ် ပူဇော်ကြပြီး၊ တံငါသည်များက သူတို့၏ ပိုက်ကွန်များထဲသို့ ငါးများစွာ ဖြည့်တင်းပေးမည်ဟု ယုံကြည်မှုဖြင့် ကိုးကွယ်ကြသည်။ ရှင်တိုတွင်၊ ဘုံခေတ် (Common Era) ၃ ရာစု မှ ၄ ရာစုထိ ဧကရီမကြီး ဂျင်းငူး၏ သားတော် ဧကရာဇ် အိုးဂျင်းအဖြစ် သူ့ကို ဒဏ္ဍာရီ၌ သတ်မှတ်ထားသည်။

သဗ္ဗန္ဓပေါင်းခြင်း ပြင်ဆင်ရန်

 
A scroll depicting kami Hachiman dressed as a Buddhist monk

ဂျပန်ပြည်သို့ ဗုဒ္ဓဘာသာ ရောက်ရှိလာပြီးသည့်နောက်တွင် ဟချိမန်းသည် ဗုဒ္ဓဘာသာ အယူဝါဒဖြစ်သော ဘုရားဇာတ်သို့ သွင်းခြင်း ခံရပြီး နတ်တပိုင်း ဘုရားတပိုင်း ပေါင်းစပ်နတ်ဟု ခေါ်သော သဗ္ဗန္ဓနတ် တပါး ဖြစ်လာသည်။ အေဒီ ၈ ရာစုတွင်မူ အယူဝါဒမျိုးစုံ ရောယှက်ကိုးကွယ်သော ဂျပန် ဗုဒ္ဓဘာသာ-ရှင်တိုဘုန်းကြီးကျောင်းများတွင် ဟချိမန်းဗောဓိသတ္တဘုရားလောင်းဟူ၍ ဖြစ်လာခဲ့သည်။ [၆]

ဆာမူရိုင်းတို့ကိုးကွယ်ခြင်း ပြင်ဆင်ရန်

ဧကရာဇ် အိုးဂျင်းသည် မိနမိုတိုမျိုးနွယ်စု၏ ဘိုးဘေး ဖြစ်ခြင်းကြောင့် ဟချိမန်းသည် မိနမိုတို ဆာမူရိုင်းမျိုးနွယ်စု ၏ အစောင့်အရှောက် နတ် ဖြစ်လာသည်။ ကျိုတိုမြို့၊ အိဝရှိမိဇုနတ်ကွန်းတွင် အရွယ်ရောက်လာသော မိနမိုတို ယိုရှိအိအဲက "ဟချိမန်း တရိုး ယိုရှိအိအဲ" ဟူသော အမည်ကို ခံယူပြီး၊ စစ်တပ်တွင်း ခေါင်းဆောင် တယောက် အနေဖြင့် ဩဇာအာဏာ ကြီးထွားလာကာ၊ အသက်ရှင်သမျှ ကာလပတ်လုံး စံပြ ဆာမူရိုင်းအဖြစ် လေးစား ဂုဏ်ပြုခြင်း ခံရသည်။ မိနမိုတို နော ယိုရိတိုမိုသည် ရှိုးဂန်း(ဗိုလ်ချုပ်အဆင့်) ဖြစ်လာကာ၊ ကာမာကုရ ဗိုလ်ချုပ်အုပ်စုကို တည်ထောင်ပြီးနောက်၊ ဟချိမန်းနတ်သည် ရှိုးဂန်းများ အာဏာရရန် ကိုးကွယ်ခံ အပူဇော်ခံရလောက်အောင် တန်ခိုးကြီးမားလာသည်။ ထို့ကြောင့် ဟချိမန်းနတ်ကွန်းသည် နိုင်ငံရေးအလှည့်အပြောင်း အရှုပ်အထွေးအတွက် စံနမူနာ ဖြစ်လေ့ရှိသည်။[၇]

ဂျပန်နိုင်ငံ၏ အလယ်ခေတ်တွင် ဟချိမန်းသည် ဆာမူရိုင်းတို့တင်မက လယ်သမားများပါ ကိုးကွယ်လာကြပြီး၊ ဂျပန်တပြည်လုံးသို့ ပျံ့နှံ့သွားသည်။ အဘယ်မျှထိ တန်ခိုးထွားခဲ့သနည်းဟူမူ မျက်မှောက်ခေတ်တွင် ဟချိမန်းကို ရည်ညွှန်းထားသော ရှင်တိုနတ်ကွန်းပေါင်း ၂၅၀၀၀ ဂျပန်တွင် ရှိကာ၊ အရေအတွက်အားဖြင့် ဒုတိယ လိုက်သူမှာ အိနရိနတ်ကွန်းများ ဖြစ်သည်။ အိုးအိတခရိုင်၊ အုဆမြို့ရှိ အုဆနတ်ကွန်းသည် အဆိုပါ နတ်ကွန်းများအားလုံး၏ နတ်ကွန်းချုပ် ဖြစ်ပြီး၊ အိဝရှိမိဇု ဟချိမန်းနတ်ကွန်းဟကိုဇခိနတ်ကွန်း နှင့် တျုရုငအိုခ ဟချိမန်းနတ်ကွန်း တို့အပါအဝင် နတ်ကွန်းများသည် သူ့ကို ဦးတည်သော နတ်ကွန်းအားလုံးထဲတွင် အရေးပါဆုံးအဖြစ် သတ်မှတ်ထားသည်။

ဟချိမန်း ရင်ထိုးတံဆိပ်မှာ မိတျုဒိုမိုအဲ mitsudomoeဒီဇိုင်းနှင့် ဖြစ်ပြီး၊ ၎င်းမှာ လက်ယာ သို့မဟုတ် လက်ဝဲဘက်သို့ ဝဲလှည့်နေသော စက်ဝိုင်းပုံစံ ဝဲခနှောက် သို့မဟုတ် လေပွေဝဲ ဖြစ်သည်။ ဆာမူရိုင်းမျိုးနွယ်စု အများအပြားသည် ကိုယ်ပိုင်အမှတ်အသားအဖြစ် ၎င်းရင်ထိုးကို အသုံးပြုပြီး၊ ရှေးရှေးက မိနမိုတိုတို့၏ မဟာရန်သူတော်ကြီး တိုင်းရမျိုးနွယ်စုမှ ဧကရာဇ် ခန်းမုကို မခန့်လေးစားသော အဓိပ္ပာယ်လည်း ဆောင်လေသည်။

ဆက်စပ် ပြင်ဆင်ရန်

  • Hachiman shrine
  • Minamoto no Yoriyoshi
  • Minamoto no Yorinobu
  • Kamikaze (typhoon)

ကိုးကား ပြင်ဆင်ရန်

  1. Kanda, Christine Guth (1985). "Shinzō: Hachiman imagery and its development". .
  2. Law, Jane Marie. "Violence, Ritual Reenactment, and Ideology: The "Hōjō-e" (Rite for Release of Sentient Beings) of the USA Hachiman Shrine in Japan". 
  3. Hachiman & Hachimangū Shrines။ “It was only later, sometime in the 9th century, that the deity became associated with Emperor Ōjin, and later still that Hachiman became worshipped as the god of archery and war, ultimately becoming the tutelary deity of the Minamoto clan and its famed warrior Minamoto Yoritomo 源頼朝 (1147–99), founder of the Kamakura shogunate”
  4. Scheid၊ Bernhard။ Hachiman Shreine (in German)။ University of Vienna။ 17 August 2010 တွင် ပြန်စစ်ပြီး။
  5. Motegi၊ Sadazumi။ Shamei Bunpu (Shrine Names and Distributions) (in Japanese)။ Encyclopedia of Shinto။ 15 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2010 တွင် ပြန်စစ်ပြီး။
  6. Bender, Ross (1979). "The Hachiman Cult and the Dōkyō Incident". Monumenta Nipponica 34 (2): 125–53. doi:10.2307/2384320. 
  7. Ashkenazy၊ Michael (November 5, 2003)။ Handbook of Japanese Mythology (World Mythology) (Hardcover)။ ABC-CLIO။ ISBN 978-1-57607-467-1

ထပ်ညွှန်း ပြင်ဆင်ရန်