ဟားခါးခရိုင် (အင်္ဂလိပ်: Hakha District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဟားခါးမြို့ဖြစ်သည်။

ဟားခါးခရိုင်
ချင်းပြည်နယ်အတွင်းရှိ ခရိုင်
ဂန့်ဂေါ-ဟားခါးလမ်း​ပေါ်မှ ဟားခါးခရိုင်သို့အဝင်​နေရာ
ဂန့်ဂေါ-ဟားခါးလမ်း​ပေါ်မှ ဟားခါးခရိုင်သို့အဝင်​နေရာ
ချင်းပြည်နယ်အတွင်းတည်နေရာ
ချင်းပြည်နယ်အတွင်းတည်နေရာ
ဟားခါးခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟားခါးခရိုင်
ဟားခါးခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 22°30′00″N 93°36′00″E / 22.50000°N 93.60000°E / 22.50000; 93.60000ကိုဩဒိနိတ်: 22°30′00″N 93°36′00″E / 22.50000°N 93.60000°E / 22.50000; 93.60000
နိုင်ငံ မြန်မာ
ပြည်နယ်ချင်းပြည်နယ်
မြို့နယ်ပေါင်း
မြို့တော်ဟားခါးမြို့
လူဦးရေ (၂၀၁၄)၉၈,၆၂၉[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ ပြင်ဆင်ရန်

 
ဟားခါးခရိုင်မြို့နယ်များ
  ဟားခါးမြို့နယ်
  ထန်တလန်မြို့နယ်

ဟားခါးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်များသည် ယခင်က ဖလမ်းခရိုင်တွင် ပါဝင်ဖွဲ့စည်းခဲ့ကာ ၂၀၁၂ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ပြုလုပ်သည့် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင် တီးတိန်မြို့နယ်နှင့် ဟားခါးမြို့နယ်တို့ကို မည်သည့်မြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်မည်ကို မဲခွဲကြရာ ဟားခါးမြို့နယ်က အနိုင်ရခဲ့သည်။ ထို့ကြောင့် ဖလမ်းခရိုင်ရှိ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်များကို ခွဲထုတ်ကာ ဟားခါးခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ကာ ချင်းပြည်နယ်၏ တတိယမြောက် ခရိုင်ဖြစ်လာခဲ့သည်။ ထို့အပြင် ဟားခါးမြို့သည် ပြည်နယ်ရုံးစိုက်ရာမြို့ဖြစ်သဖြင့် ဟားခါးခရိုင်သည်လည်း အုပ်ချုပ်ရေးအရ အရေးပါလာခဲ့သည်။[၂][၃]

ပထဝီဝင်အနေအထား ပြင်ဆင်ရန်

နယ်နိမိတ် ပြင်ဆင်ရန်

မြောက်ဘက်တွင် ဖလမ်းခရိုင်၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းရှိ ကလေးခရိုင်နှင့် မကွေးတိုင်းရှိ ဂန့်ဂေါခရိုင်၊ တောင်ဘက်တွင် မတူပီခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ တည်ရှိသည်။ မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယ-မြန်မာ နယ်နိမိတ်အဖြစ် (၇၄)မိုင် ထိစပ်နေသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

တောင်ကုန်းတောင်တန်းများ ပေါများသောဒေသဖြစ်သည်။(၈၈၇၃)ပေမြင့်သော ဘွေပါးတောင်၊ ပေပေါင်း(၆၇၀၀)မြင့်သော ဇိန်မှုတောင်၊ (၆၄၀၂)ပေမြင့်သော ပေါ်ပီးတောင်၊ (၇၅၄၃)ပေမြင့်သော ရုန်းတောင်တို့မှာ ထင်ရှားသည်။

ရေဆင်း ပြင်ဆင်ရန်

ခရိုင်အတွင်း အနောက်ပိုင်းသည် မြစ်ချောင်းများ နည်းပါးသည်။ အရှေ့ပိုင်းတွင် တောင်ကျချောင်းများ ပေါများသည်။ ဇဟောချောင်း၊ နွယ်ချောင်း၊ ဒေါင်ချောင်းတို့မှာ ထင်ရှားသည်။ သီမြစ်(ခေါ်)ဘွေနူးမြစ်နှင့် တီအိုချောင်းတို့သည် အိန္ဒိယနှင့် နယ်နိမိတ် ပိုင်းခြားထားသည်။

လူဦးရေ ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ ဟားခါးခရိုင်၏ လူဦးရေမှာ ၉၈,၇၂၆ဦးဖြစ်ကာ အမျိုးသား (၄၇,၄၀၁)ဦး အမျိုးသမီး (၅၁,၃၂၅)ဦးဖြစ်သည်။ မြို့ပြတွင် ၃၂,၅၁၃ဗီးနေထိုင်ကာ ကျေးလက်တွင် ၆၆,၂၁၃ဦး နေထိုင်ကြသည်။ မြို့ပြနေရာခိုင်နှုန်းမှာ ၃၂.၉ရာခိုင်နှုန်းဖြစ်သည်။ ထန်တလန်မြို့နယ်သည် ဟားခါးမြို့နယ်ထက် လူဦးရေပိုများသည်။ချင်းလူမျိုးများ အများစုနေထိုင်ကြသည်။ ချင်းလူမျိုးများပြီးလျှင် သိသာစွာ အများဆုံးနေထိုင်ကြသူများမှာ ဗမာလူမျိုးများဖြစ်ကြသည်။ ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး ပြင်ဆင်ရန်

ဟားခါးခရိုင်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးတိုးတက်မှုနှေးကွေးသော ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီး ငရုတ်အနည်းငယ်ထွက်ကာ စစ်ကိုင်းတိုင်းရှိ ကလေးမြို့သို့ အများဆုံးတင်ပို့ရောင်းချသည်။

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပြည်နယ်တစ်ခုဖြစ်သည်။ နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်လာသော်လည်း ခက်ခဲနေဆဲဖြစ်သည်။ သားခါးခရိုင်မှ မကွေးတိုင်း ဂန့်ဂေါမြို့၊ စစ်ကိုင်းတိုင်း ကလေးမြို့များသို့ မော်တော်ကားဖြင့် သွားလာနိုင်သည်။

ပညာရေး ပြင်ဆင်ရန်

ဟားခါးမြို့တွင် ဟားခါးတက္ကသိုလ်ရှိပြီး တက္ကသိုလ်တစ်ခုအောက်တွင် ဝိဇ္ဇာ/သိပ္ပံ၊ ကွန်ပျူတာ၊ နည်းပညာ စသည့်ဘာသာရပ်များအားလုံးကို သင်ကြားပေးနေသည့် မြန်မာပြည်၏ တစ်ခုတည်းသော Comprehensive University ဖြစ်သည်။၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် အိမ်ထောင်စုများတွင် စာတတ်မြောက်သူရာခိုင်နှုန်း ၈၆.၃%ရှိသည်။

ကျန်းမာရေး ပြင်ဆင်ရန်

ဟားခါးမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ(၁)ရုံ၊ ထန်တလန်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၄)ရုံ တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၇၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. "တီးတိန်မြို့ကို ခရိုင်အဆင့် မတိုးမြှင့်လို့ ဒေသခံတွေ ဆန္ဒပြ"။ 
  3. http://www.mrtv3.net.mm/newpaper/46newsn.pdf[လင့်ခ်သေ] Page 16 Col 1