ဟိုက်ဒရာ (ရှေးဟောင်းဂရိ: Υδρα) သည် ဂရိဒဏ္ဍာရီလာ လာနာကန်၌ နေသည့် ရေနဂါးမ ဖြစ်ပြီး ခေါင်းများစွာ ရှိသည်။ ထို့ပြင် ထိုခေါင်းတို့မှာ တခုအားဖြတ်လျှင် နှစ်ခုပေါက်သည်။ အဆိပ်ပြင်းပြီး ဖြတ်သွားသောနေရာ၌ပင် အဆိပ်ကျန်သည်။ နှာငွေ့နှင့်ပင် ရန်သူကို သေစေနိုင်သည်။ ဟိုက်ဒရာအား တာဝန်ကြီး (၁၂) ရပ်ကို လုပ်သည့် ဟာကျူလီက လုပ်ကြံနိုင်ခဲ့သည်။

ဟိုက်ဒရာ၏ မိဘများမှာ တိုင်ဖုန်းနှင့် အိတ်ချီဒနာတို့ ဖြစ်သည်။