အခိုင်ကြီးလည်း အဖီးလှမှ တင့်တယ်သည်

အခိုင်ကြီးလည်း အဖီးလှမှ တင့်တယ်သည် သည် မြန်မာစကားပုံ တစ်ခုဖြစ်သည်။

အဓိပ္ပာယ် ပြင်ဆင်ရန်

ငှက်ပျောပင်သည် အခိုင်ကြီးရုံသာမက အဖီးပါလှမှ တင့်တယ်သကဲ့သို့ တိုင်းပြည်နိုင်ငံတို့တွင် စည်ပင်ဝပြောသော မြို့ကြီးခရိုင်ကြီးများ ရှိမှသာ တင့်တယ်သည်။

"အခိုင်လှလည်း အဖီးလှရှိမှ တင့်တယ်သည် ဟူသကဲ့သို့ တိုင်းကြီးပြည်ရှင် မင်းတို့သည် မြို့ခရိုင်ကြီးရှိမှ တင့်တယ်လျက် အာနုဘော် ကြီးရာသတည်း။" (၁၁၄၃။ ဏိပုံ။ ၇၃။)