အင်ဒီးယန်း နိုင်ငံသားဥပဒေ

၁၉၂၄ ခုနှစ် အင်ဒီးယန်း နိုင်ငံသားဥပဒေ(နိုက်ဒါဥပဒေဟုလည်း ခေါ်သည်)(43 Stat. 253၊ ၁၉၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ပြဋ္ဌာန်း)သည် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ဥပဒေဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ ဒေသခံတိုင်းရင်းသားများအား အမေရိကန်နိုင်ငံသားအဖြစ် တရားဝင်ခွင့်ပြုသော ဥပဒေဖြစ်သောကြောင့် ထိုဥ‌ပဒေတွင် "အင်ဒီးယန်း" ဟုသုံးနှုန်းထားသည်။ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၁၄ ခုမြောက်ပြင်ဆင်ချက်တွင် အမေရိကန်ပြည်ထောင်စုတွင်း မွေးဖွားသော မည်သည့်ပုဂ္ဂိုလ်မဆို နိုင်ငံသားဖြစ်ခွင့်နှင့် တရားစီရင်ပိုင်ခွင့်အား ခံစားခွင့်ရှိစေမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ပြင်ဆင်ချက်၏ ယခင်အဓိပ္ပာယ်ကောက်ယူရှင်းလင်းချက်တွင် တရားလွှတ်တော်မှ မူလတိုင်းရင်းသားများအပေါ်တွင် သက်ရောက်စေခြင်း မရှိစေခဲ့ပါ။

ဤဥပဒေကို နယူးယောက်လွှတ်တော်ကိုယ်စားလှယ် ဟိုမား ပီတာ နိုက်ဒါမှ အဆိုပြုခဲ့ခြင်းဖြစ်ပြီး ထိုဥ‌ပဒေကို သမ္မတ ကယ်လ်ဗင် ကူးလစ်ဂျ်မှ ၁၉၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် လတ်မှတ်ရေးထိုးခဲ့သည်။ ထိုဥပဒေပြုမှုသည် ပထမကမ္ဘာစစ်အတွင်း စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့သော မူလတိုင်းရင်းသား ထောင်ပေါင်းများစွာအား တစိတ်တပိုင်း အသိအမှတ်ပြုခဲ့သည်။