အင်္ဂါ (ဇီဝဗေဒ)
ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
အခြား အသုံးအနှုန်းများ အတွက် အင်္ဂါ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဆဲလ်အများဖွဲ့ သက်ရှိ တစ်ခုခု၏ အင်္ဂါ သို့မဟုတ် (ခန္ဓာကိုယ်) အစိတ်အပိုင်း (အင်္ဂလိပ်: organ) ဆိုသည်မှာ - ဒြပ်သားစု အရာဝတ္ထုသဖွယ် ဖြစ်ပေါ်နေလျက် ခန္ဓာကိုယ်အတွင်း လုပ်ဆောင်ချက်တစ်ခုစီကို စုပေါင်းလုပ်ဆောင်နေသည့် တစ်ရှုးများ အစုအဝေး ဖြစ်၏။[၁] ဤသက်ရှိမျိုးများတွင် ဆိုင်ရာဆဲလ်များက ဆိုင်ရာတစ်ရှုးများအဖြစ် စုဝေးဖွဲ့စည်း၊ ဆိုင်ရာတစ်ရှူးများက ဤသို့သော ဆိုင်ရာ အင်္ဂါ (ဝါ) အစိတ်အပိုင်းများအဖြစ် စုဝေးဖွဲ့စည်းနေပြီး၊ ဤ ဆိုင်ရာအင်္ဂါများက တဖန် ဆိုင်ရာအင်္ဂါစုများအဖြစ် စုဝေးဖွဲ့စည်းနေတုံ၏။
သာဓကအားဖြင့် - လူသား၌ ဦးနှောက်၊ နှလုံး၊ မျက်လုံး၊ နား စသည်တို့က၊ အချို့သော အပင်များ၌ အရွက် (သစ်ရွက်)၊ ပန်းပွင့်၊ အမြစ် စသည်တို့က အင်္ဂါများ အသီးသီး ဖြစ်ကြ၏။
အင်္ဂါ (ဝါ) အစိတ်အပိုင်း | |
---|---|
လူ့ခန္ဓာကိုယ်ရှိ ကိုယ်တွင်း အင်္ဂါများ | |
အသေးစိတ် | |
စနစ် | အင်္ဂါစု |
Identifiers | |
လက်တင် | organum |
ဂရိ | oργανο |
FMA | 67498 |
Anatomical terminology |
ကိုးကား
ပြင်ဆင်ရန်- ↑ Widmaier၊ E P; Raff၊ H; Strang၊ KT (2014)။ Vander's Human Physiology (12th ed.)။ McGraw-Hill Higher Education။ ISBN 978-0-07-128366-3။[စာမျက်နှာ လိုအပ်]