အစေး ပြင်ဆင်ရန်

အချို့အချို့သော သစ်ပင်ကြီးငယ်များ၏ အခေါက်ကို ခုတ်ထစ် ပေးလိုက်သည့်အခါ ယင်းတို့မှ စီးယိုထွက်လာသော စေးထန်း ထန်းအရည်ကို ကော်စေး၊ သို့မဟုတ် အစေးဟူ၍ခေါ် ကြသည်။ ထိုအစေးသည် ခြောက်သွေ့သွားသောအခါ ဆတ်၍ရေတွင် ပျော် နိုင်သည်။ အစေးအမျိုးပေါင်း ၁၅ဝ ခန့် ရှိသည်ဟု သိရရာများ သောအားဖြင့် ထိုအစေးများကို မုံ့၊ အရောင်တင်ဆီဆေးဘက်နှင့် အခြားစက်မှုလက်မှု လုပ်ငန်းများတွင် အသုံးပြုကြသည်။

စီးပွားရေးလောကတွင် သစ်စေးများကိုလည်း အစေးဟူ၍ပင် ခေါ်ဝေါ်သုံးစွဲကြသည်။ အမှန်မှာ အစေး (ကော်စေး)နှင့် သစ်စေးတို့သည် မတူကြချေ။ အစေး(ကော်စေး)အစစ်တို့သည် အနည်းနှင့်အများ ရေတွင်ပျော်ကြ၍ သစ်စေးအစစ်တို့သည် ရေတွင် မပျော်ချေ။ တာပင်တိုင်ဆီပါသောကြောင့် အယ်လကို ဟော(အရက်) တွင် ထည့်၍ဖျော်မှသာ ပျော်လေသည်။


ထနောင်းပင်မျိုးမှရသော အစေးသည် အလွန်အသုံးဝင်သော အစေးတစ်မျိုးဖြစ်သည်။ ထိုအစေးကို အာဖရိကတိုက်မြောက် ပိုင်း၊ ဩစတြီးယားတိုက်နှင့် တူရကီနိုင်ငံတို့တွင် ပေါက်ရောက် သော အကေးရှားပင် (ထနောင်းမျိုး)ဖြစ်သည့် အပင်အမျိုးမျိုး တို့မှ ရရှိ၏။ ထိုအစေးကို အလုံးကလေးများအဖြစ်နှင့် ဈေး တွင် ရောင်းချကြသည်။ အရောင်မှာ နီရဲနေသောအရောင်မှ ကောက်ရိုးရောင်ကဲ့သို့ ဖျော့တော့တော့နေသော အရောင်အထိ အမျိုးမျိုး ရှိ၏။ ကောက်ရိုးရောင်ရှိသော အစေးလုံးကလေးများ သည် အကောင်းဖြစ်၍ များသောအားဖြင့် ဟိုဘက်သည်ဘက် မြင်ရသလောက်ရှိတတ်သည်။ ထိုအစေးကို အနောက်နိုင်ငံ များတွင် သရည်စာမုံ့လုပ်ရာ၌လည်းကောင်း၊ ဆေးဘက်တွင် အသားအရေ လိမ်းဆေးရည် ဖန်ရည်များ ဖော်စပ်ရာ၌လည်း ကောင်း၊ အီးမားရှင်းဆေးများ ဖော်စပ်ရာ၌ ဆေး ဘက်ဆီများ တစ်ခုနှင့်တစ်ခု သမအောင် ပေါင်းစပ်မိစေရန် လည်းကောင်း အသုံးပြုကြသည်။ ပိုးထည်နှင့် ပိုးတုအထည်များကို အရောင် တင်ရန်နှင့် အခြား အထည်အလိပ်များ အသား ပိတ်နေစေရန် ကော်တင်ရည်အဖြစ်ဖြင့်လည်း အသုံးပြုကြလေသည်။


အာရှမိုင်းနား ကျွန်းဆွယ်မှလာသော ထနောင်းမျိုးမှရသည့် အစေးတစ်မျိုးမှာလည်း အလွန်ကောင်းသည်။ ထိုအစေးသည် အလေးချိန်အားဖြင့် ရေအဆပေါင်း ၅ဝ မျှအထိ ရောစပ်နိုင်၍ ထိုသို့ ရောစပ်သောအခါ ပြစ်နေသည့် ကော်ရည်ကို ရရှိလေ သည်။ ထိုကော်စေးရည်ကို သရက်ထည် အပွင့်ရိုက်သော လုပ်ငန်းတွင် ချုပ်ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အထည်များ မာလာစေရန် ကော်တင်ရည်အဖြစ်ဖြင့်လည်းကောင်း များစွာ အသုံးပြုကြသည်။ အရည်မပျော်နိုင်သော ဘယဆေးမှုန့်များကို တစ်လုံးတစ်စည်း ပေါင်းစပ်နေအောင် တေရန်အတွက်နှင့် ပြတိုက်များတွင်ဖြစ်စေ၊ ကိုယ်ပိုင်စုဆောင်းရာတွင်ဖြစ်စေ ပိုးမွှား အသေကောင်များကို အရှင်ကဲ့သို့ ရုပ်မပျက်အောင် ပြုလုပ်ထား သော လုပ်ငန်းများတွင်လည်း ထိုကော်စေးရည်ကို အသုံးပြုကြ လေသည်။

နယူးဇီလန်ကျွန်းနှင့် ဩစတြီးယားတိုက်ရှိ အလွန်ကြီးမား သော ကောင်ရီထင်ရှူးပင်များမှ ကောင်ရီ သစ်စေး အများ အပြား ရရှိ၏။ ထိုအပင်များမှရသော သစ်စေးကို များသာအား ဖြင့် မြေမှ တူးဖော်ရရှိလေသည်။ ထိုသစ်စေးသည် အရောင် တင်ဆေး ပြုလုပ်ရန်အတွက် အလွန်ကောင်း၏။ အရောင် တင်ဆေး ပြုလုပ်ရာ၌ အသုံးပြုသော ကိုပယ် အစေးတစ်မျိုးကို အာဖရိကတိုက်ရှိ ဇန်ဇိဗာကျွန်း၊ မက်ဒါဂက်စကာကျွန်းနှင့် အာရှတိုက် အချို့ဒေသများတွင် မြေမှ တူးဖော်ရရှိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)