အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှု

အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှု သည် လူတစ်ဦးက ၎င်းယုံကြည်သည့် တန်ဖိုးများကို အတည်ပြုထောက်ခံသော သတင်းအချက်အလက်များကိုရှာဖွေရန်၊ အဓိပ္ပာယ်ကောက်ယူရန်၊ မျက်နှာသာပေးရန်နှင့် ပြန်လည်မှတ်မိရန် ကြိုးပမ်းသည့် စိတ်သဘောထားကိုခေါ်သည်။ [၁] လူတို့သည် သူတို့၏အမြင်များကို ထောက်ခံသော သတင်းအချက်အလက်များကိုသာ ရွေးချယ်အတည်ပြုပြီး သူတို့၏အမြင်မျာနှင့် ဆန့်ကျင်သောအချက်အလက်များကို လျစ်လျူရှုခြင်း၊ သတင်းအချက်အလက်တစ်ခုသည် ၎င်းတို့၏သဘောထားများကို ထောက်ခံသည်ဟု လိုသလို အဓိပ္ပာယ်ဖွင့်ဆိုခြင်း စသည်တို့မှာ ဘက်လိုက်မှုကို ပြနေသည်။ ဘက်လိုက်စွာ အတည်ပြုရာမှ အကျိုးဆက်အနေဖြင့် မိမိလိုချင်သောရလဒ်များအတွက် စိတ်ခံစားမှု အထူးပြင်းထန်လာတတ်သည်။ အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှုကို အလုံးစုံကုန်စင်အောင်တော့ မဖယ်ရှားနိုင်ပါ၊ သို့သော် ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်ကို ပညာပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ဖြင့် ထိန်းချုပ်နိုင်သည်။

အနက်အဓိပ္ပာယ် ပြင်ဆင်ရန်

အင်္ဂလိပ် စိတ်ပညာရှင် ပီတာဝစ်ဆင်က အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှုကို လူတို့၏ ယုံကြည်ချက် သို့မဟုတ် တန်ဖိုးများကို ခိုင်မာစွာ အတည်ပြုပေးသည့် သတင်းအချက်အလက်များကိုသာ လိုချင်သော စိတ်သဘောထားဖြစ်သည်။ [၂] အတည်ပြုခြင်းဘက်လိုက်မှုသည် သိမြင်မှုဆိုင်ရာ ဘက်လိုက်မှု ၏ ဥပမာတစ်ခုဖြစ်သည်။ အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှု ကို ကိုယ့်ဘက်ကိုကိုယ် ဘက်လိုက်မှု ဟုလည်း ခေါ်ကြသည်။

အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှု အမျိုးအစားများ ပြင်ဆင်ရန်

သတင်းအချက်အလက်များကို ဘက်လိုက်စွာရှာဖွေခြင်း ပြင်ဆင်ရန်

 
အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှုသည် ကိုယ့်ကိုယ်ကို "ဟုတ်တယ် မှန်တယ်" ဟု ပြောနေတတ်သည့် ချားလ်စ်ဒစ်ကင်း ၏ ဇာတ်ကောင် "ယွတ်ရိုင်းယာ ဟိ" ကဲ့သို့ ဆင်တူသည်။[၃]

လူတွေက သူတို့၏ယူဆချက်များနှင့် ကိုက်ညီသည့် အထောက်အထားများကိုသာ တစ်ဖက်သတ် ရှာဖွေလေ့ရှိကြောင်း စမ်းသပ်မှုများက တွေ့ရှိခဲ့သည်။ [၁] :177–78 [၄] ရှာဖွေလိုသည့် အကြောင်းအရာနှင့်သက်ဆိုင်သော အထောက်အထားအားလုံးကို ရှာဖွေရမည့်အစား သူတို့၏သီအိုရီကို ခိုင်မာစွာ ထောက်ခံသည့် အဖြေတစ်ခုရဖို့သာ မေးခွန်းထုတ်တတ်ကြသည်။ [၅] သူတို့၏ယူဆချက်များ လွဲမှားရင်ဘာဖြစ်မလဲ ဆိုသည်ထက် သူတို့မျှော်မှန်းထားသည့် ယူဆချက်မှန်ကန်လျှင်၏ အကျိုးဆက်များကိုသာ ရှာကြသည်။ [၅]

သတင်းအချက်အလက်များကို ဘက်လိုက်စွာအဓိပ္ပာယ်ကောက်ယူခြင်း ပြင်ဆင်ရန်

ဉာဏ်ရည်ထက်သူတွေဟာ ထူးထူးဆန်းဆန်းအရာတွေကို ယုံကြည်တတ်ကြတယ်။ အကြောင်းက သူတို့ယုံကြည်ရာကို ဉာဏ်ရည်မဲ့စွာ ကာကွယ်ချေပရာမှာ ကျွမ်းကျင်ကြလို့ပဲ။

အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှုများဟာ အထောက်အထားများစုဆောင်းခြင်းမှာတင် မပြီးပါ။ လူနှစ်ယောက်မှာ တူညီတဲ့အချက်အလက်တွေရှိလျှင်တောင်မှ ထိုသူတို့ရဲ့ အချက်အလက်ကို အထအနကောက်ခြင်းက ဘက်လိုက်နိုင်သေးသည်။

သတင်းအချက်အလက်များကို ဘက်လိုက်စွာပြန်လည်မှတ်မိခြင်း ပြင်ဆင်ရန်

လူတို့သည် သက်သေအထောက်အထားများကို မှတ်ဉာဏ်ထဲတွင် ကြားနေပုံစံအတိုင်း မှတ်ထားပင်လျှင် ထိုအထောက်အထားများအနက် ထိုသူတို့၏မျှော်မှန်းချက်များကို အားဖြည့်ပေးသည်များကိုသာ ပိုမှတ်မိလွယ်နေတတ်သည်။ ဤသို့ အကျိုးသက်ရောက်မှုကို "ရွေးချယ်မှတ်မိခြင်း" သို့မဟုတ် "ဘက်လိုက်စွာမှတ်မိစေသည့် မှတ်ဉာဏ်" ဟုခေါ်သည်။ [၇] စိတ်ပိုင်းဆိုင်ရာသီအိုရီများတ္ငင် ရွေးချယ်မှတ်မိခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ခန့်မှန်းချက်များ အသီးသီးကွဲပြားကြသည်။ စခီမာသီအိုရီက မိမိတို့၏မျှော်မှန်းချက်များနှင့် ကိုက်ညီသည် အချက်အလက်များသည် မကိုက်ညီသည့်အချက်အလက်များထက် ပိုမိုမှတ်မိလွယ်သည်ဟု ဆိုထားသည်။ အချို့ကမူ အံဩဖွယ်ရာ အချက်အလက်များကသာ မှတ်မိလွယ်ကြသည်ဟုဆိုသည်။  

ကိုးကားချက်များ ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Nickerson 1998
  2. Plous 1993
  3. How to ignore the yes-man in your head
  4. Kunda 1999
  5. ၅.၀ ၅.၁ Baron 2000
  6. Kida 2006, p. 157
  7. Social cognition: key readings၊ 2005

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်