သန်းစိန်၊ ဦး၊ သီရိပျံချီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
 
{{Infobox လူ
| အမည် = သီရိပျံချီဦးသန်းစိန်
Line ၁၉ ⟶ ၁၈:
ရန်ကုန်မြို့ ပုဇွန်တောင်ရပ်နေ အဖ ဦးဘမောင်နှင့် အမိ ဒေါ်မြတို့မှ ၁၉၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် (၁၂၇၃ ခုနှစ် ပြာသိုလဆန်း ၃ ရက်) သောကြာနေ့တွင် မွေးဖွားသော တဦးတည်းသော သားဖြစ်သည်။
 
အခြေခံပညာကို ရန်ကုန်မြို့ ဗိုလ်တထောင်ရပ် ခရစ်ယာန် သာသနာပြု စိန့်ဗားနဘတ်(စ)ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ထိုကျောင်း၌ ၄ တန်း တက်နေစဉ် ြဖစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသပိတ်တွင် ပါဝင်ခဲ့သည်။ ထို့နောက် ပုဇွန်တောင်ရပ် ဆားလမ်း ဘုန်းတော်ကြီးတိုက်တွင် အမျိုးသားပညာရေးကောင်စီက စတင်ကြီးမှူး ဖွင့်လှစ်သော အမျိုးသား (နေရှင်နယ်) ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့သည်။ ထိုမှတဖန် ရန်ကုန် မက်သောဒစ် အထက်တန်းကျောင်း၌ အင်္ဂလိပ် မြန်မာ ၁၀ တန်းအထိ ပညာသင်ကြားနေစဉ်၊ အိန္ဒိယနိုင်ငံ အထောက်အကူတပ် ရန်ကုန်တပ်ရင်း (Auxiliary Force of India, The Rangoon Battalion) တွင် အပျော်တမ်း ပါဝင်ခဲ့သည်။
 
ငယ်ရွယ်စဉ်အချိန်မှစ၍ မြန်မာ့လွတ်လပ်ရေးနှင့် ဗုဒ္ဓသာသနာတော်ရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးပမ်း ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်က လွတ်လပ်ရေးမောင်ကွန်းဝင် (ပထမအဆင့်)နှင့် သီရိပျံခီျဘွဲ့တံဆိပ်များဖြင့်လည်းကောင်း၊ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်က ဆင်ဖြူရှင်ဘွဲ့တံဆိပ်တော်ဖြင့်လည်းကောင်း ခီျးမြှင့် ဂုဏ်ပြုခဲ့သည်။ ဦးနေဝင်းဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ပေးအပ်ခဲ့သော်လည်း လက်ခံရန် ငြင်းပယ်ခဲ့သည်။