သန်းစိန်၊ ဦး၊ သီရိပျံချီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၀ -
အခြေခံပညာကို ရန်ကုန်မြို့ ဗိုလ်တထောင်ရပ်ရှိ ခရစ်ယာန်သာသနာပြု စိန့်ဗားနဘတ်(စ)ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ထိုကျောင်း၌ ၄ တန်း တက်နေစဉ် ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသပိတ်တွင် ပါဝင်ခဲ့သည်။ ထို့နောက် ပုဇွန်တောင်ရပ် ဆားလမ်း ဘုန်းတော်ကြီးတိုက်တွင် အမျိုးသားပညာရေးကောင်စီက စတင်ကြီးမှူး ဖွင့်လှစ်သော အမျိုးသား (နေရှင်နယ်) ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့သည်။ ထိုမှတဖန် ရန်ကုန် မက်သောဒစ် အထက်တန်းကျောင်း၌ အင်္ဂလိပ် မြန်မာ ၁၀ တန်းအထိ ပညာသင်ကြားနေစဉ်၊ အိန္ဒိယနိုင်ငံ အထောက်အကူတပ်၏ ရန်ကုန်တပ်ရင်း (Auxiliary Force, India, The Rangoon Battalion) တွင် အပျော်တမ်း ပါဝင်ခဲ့သည်။
 
ငယ်ရွယ်စဉ်အချိန်မှစ၍ မြန်မာ့လွတ်လပ်ရေးနှင့် ဗုဒ္ဓသာသနာတော်ရေးအတွက် မနားမနေ ကြိုးပမ်း ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်က လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)နှင့် သီရိပျံချီ ဘွဲ့တံဆိပ်များဖြင့်လည်းကောင်း၊ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်က ဆင်ဖြူရှင်ဘွဲ့တံဆိပ်တော်ဖြင့်လည်းကောင်း ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ဦးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပေးအပ်ခဲ့သော နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ပေးအပ်ခဲ့သော်လည်းကိုမူ လက်ခံရန်အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့သည်။
 
== နိုင်ငံရေးဆောင်ရွက်ချက်များ အကျဉ်းချုပ် ==