လူသား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.5) (ရိုဘော့က ပေါင်းထည့်နေသည် - szl:Czowjek
No edit summary
စာကြောင်း ၃၂ -
|accessdate=2009-09-19
|publisher=U.S. Census Bureau, Population Division/International Programs Center}}</ref> ၄င်းသည် ထိုမျိုးစိတ်တွင် Homo sapiens sapiens ဟု တစ်ခုတည်းသော မျိုးစိတ်ကွဲ (subspecies) သာ မပျောက်ကွယ်ပဲ ကျန်ရှိသည်။
 
==မနုဿတ္တ ဒုလ္လဘ==
နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါ၌ ကမ္ဘာပေါ်
တွင် တိရစ္ဆာန်ရိုင်းများ သွားလာကျက်စားနေကြစဉ်က တိရစ္ဆာန
်ရိုင်းများ ၏ အရိပ်အခြည်ကို ချောင်းမြောင်းကြည့်ရှု၍ခိုးကြောင
်ခိုးဝှက် သွား လာကျက်စားနေရသော သတ္တဝါမျိုးရှိခဲ့၏။
ထိုသတ္တဝါကား နောင်နှစ်ပေါင်းများစွာ ကြာသောအခါ လူဟူ၍
ဖြစ်လာသော သတ္တဝါတည်း။
==လူ==
ကမ္ဘာပေါ်တွင် လူဟူ၍
ပညတ်ခေါ်ဝေါ်ရသော သတ္တဝါသည်မည်သည့်အချိန်ကစ၍
ပေါ်ပေါက်လာခဲ့သည်ကို မည်သူမျှ တပ်အပ်သေချာစွာမပြောနိုင်ပေ။
သိပ္ပံပညာရှင်ကြီးများပင်လျှင် ကမ္ဘာမြေလွှာ အထပ်ထပ်အောက်တွင်
နစ်မြုပ်နေသောအရိုးများ၊ ကျောက်သားမှဖဲ့၍ ပြုလုပ်ထားသော
လက်နက်အသုံးအဆောင်ကိရိယာများ၊ တိရစ္ဆာန်များ၏ ဦးချိုနှင
့် အစွယ်များ ဖြင့်ပြုလုပ်သော အရာဝတ္ထုများနှင့် မြေအောက်လိုဏ
်ဂူနံရံများတွင် ရေးဆွဲထားသည်။ ယခုအခါတွင် တိမ်ကော
ပပျောက်နေပြီဖြစ်သော တိရိစ္ဆာန်ကြီး များ၏ ရုပ်ပုံများအစရှိသော
ရှေးခေတ်၏ အမွေအနှစ် ပစ္စည်းများကို လေ့ လာကြည့်ရှုကာ
ကမ္ဘာဦးလူများ၏အကြောင်းကို ရော်ရမ်းမှန်းဆရုံမျှသာလျှင်
မှန်းဆနိုင်ကြလေသည်။အမှန်အားဖြင့်ကာ လူဟူသောသတ္တဝါသည်
ကျွန်ုပ်တို့ တွေး ထင်သည်ထက် များစွာပိုမို၍ ရှေးကျသောအခါက
ပင်လျှင် ကမ္ဘာပေါ်၌ ပေါ် ပေါက်ခဲ့လေသည်။ ကမ္ဘာတွင် လူသတ္တ
ဝါဟူ၍ စတင်ပေါ်ပေါက်နေသည်မှာ ကမ္ဘာ့သမိုင်းကို စတင်မရေး
သားမီ နှစ်ပေါင်းသိန်းသန်းများစွာကပင် ဖြစ် တန်သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သမိုင်းကို ခရစ်မပေါ်မီ နှစ်ပေါင်း
သုံးလေးထောင် လောက်ကမှသာ အက္ခရာစာလုံးများဖြင့် စတင်မှတ
်တမ်း တင်ကြသောကြောင့်ဖြစ်၏။ ထို့အပြင် ကျောက်သားဖြင့်ပြု
လုပ်သော နှစ် ပေါင်းထောင်သောင်းများစွာကပင် အသုံးပြုခဲ့ကြ
သော အရာဝတ္ထုများဖြစ် သည်ဟု သိပ္ပံပညာရှင်များက ယူဆ
ကြလေသည်။ ထိုကျောက်ကိရိယာပစ္စည်း များကို လူများသည်
နှစ်ပေါင်းမည်မျှကြာမှ လုပ်ကိုင်အသုံးချလာတတ်သည်ကိုလည်း
ကျွန်ုပ်တို့ခန့်မှန်းရာတွင် ထည့်တွက်ရပေဦးမည်။
 
ဤသို့ နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါက
ကမ္ဘာမြေပြင်ပေါ်တွင် တိရစ္ဆာန်ရိုင်းများ သွားလာကျက်စားနေကြ
သောအခါ သစ်ပင် အကိုင်းအခက်များအကြားမှနေ၍တိရစ္ဆာန်ရိုင်း
များ၏ အရိပ်အခြည် ကို ချောင်းမြောင်းကြည့်ရှု၍ခိုးကြောင်ခိုးဝှက်
သွားလာကျက်စားနေရသော သတ္တဝါတစ်မျိုးရှိ၏။ ထိုသတ္တဝါကား
နောင်နှစ်ပေါင်းများစွာကြာသောအခါ လူဟူ၍ဖြစ်လာသော
သတ္တဝါပေတည်း။ထိုသတ္တဝါသည် လူဝံများကဲ့သို့အမွေးစုပ်ဖွားရှိ၍
လက်သည်း၊ ခြေသည်းရှည်ကြီးများနှင့် ဖြစ်သော်လည်းယခုလူကဲ့သို့
မတ်တတ်ရပ်၍ ခြေဖြင့်လမ်းမလျှောက်နိုင်သေးချေ။ မျောက်များ
ကဲ့သို့သာ ခြေလက်များကို မြေပေါ်၌ထောက်၍ ခုန်ဆွခုန်ဆွ
သွားလာနေကြလေသည်။ ကိုယ်လုံးကိုယ် ထည်မှာ ကြီးမားသန်
်စွမ်းသော်လည်း မိမိထက်ကြမ်းတမ်းခက်ထန်သော သားရဲတိရစ္ဆာန
်များအနီးသို့ မချဉ်းကပ်ဝံ့ချေ။ စားရာတွင်လည်း တိရစ္ဆာန်
များ၏ စားကြွင်းစားကျန်များနှင့် သစ်ဥသစ်ဖုများကိုသာ ရှာဖွေစား
သောက် ရလေသည်။ ဤသို့ ရှာဖွေစားသောက်ရင်း အချို့မှာ
သားရဲတိရစ္ဆာန်များ၏ ဘေးရန်ကို မခုခံနိုင်သောကြောင့် အစားခ
ံကြရသည်။ အချို့မှာ ရှောင်နိုင် တိမ်းနိုင် ပြေးနိုင် လွှားနိုင်၍
ချမ်းသာရာရကြ၏။ အဖိုအမ ဟူ၍ရှိသော် လည်း အသိုက်အမြုံနှင
့် အတူတကွ နေလေ့မရှိဘဲ တစ်ယောက်တည်း အစာရေစာပေါများ
၍ ဘေးလွတ်ကင်းရာ အရပ်များတွင် နေလေ့ရှိတတ်ကြသည်။
 
ယင်းကဲ့သို့ တိရစ္ဆာန်များနှင့် ဘာမျှမခြားနားသော အရိုင်းဘဝမှ
နေ၍ ရှေးဦးလူသတ္တဝါများသည် တဖြည်းဖြည်းယဉ်ကျေးလာ၍
အသိဉာာဏ် တိုးပြီးလျှင်အနေအထိုင်များပြောင်းလဲလာကြလေသည်။
သစ်ပင်များပေါ်၌သာ နေထိုင်ကျက်စားလေ့ရှိရာမှ မြေပြင်ပေါ်သို့
သက်ဆင်းနေထိုင်စပြုလာ ကြသည်။ မြေကြီးပေါ်တွင် အနေများ
လာသောအခါ တစ်စတစ်စနှင့် မတ် တတ်ရပ်နိုင်လာသည်။
ရှေးကကဲ့သို့ မြေကြီးပေါ်တွင် လက်ထောက်၍ ခုန်ဆွခုန်ဆွနှင့်
သွားလာရန်မလိုတော့ဘဲ တစ်ခါတည်းခြေထောက်ပေါ်တွင်
ရပ်ကာ ကိုယ်ကို မတ်မတ်ထားပြီးလျှင် လမ်းလျှောက်နိုင်လာ၏။
အဖို အမ တွဲ၍လည်းနေစပြု၏။
 
သစ်ရွက်သစ်ခက်များဖြင့် အဆောက်အအုံများကို ပြုလုပ်ကြ၏။
အစာရှာဖွေရန် ထွက်သောအခါ သစ်ကိုင်းများ တုတ်တိုများ
ကိုကိုင်စွဲလျက်တိရစ္ဆာန်ငယ်များကို လိုက်လံသတ်ဖြတ်၍အစိမ်လိုက်
ကိုက်ဖဲ့စားသောက်ကြသည်။ ထိုအချိန်က ရိုင်းစိုင်းကြမ်းတမ်းသော
အသား စား လူသတ္တဝါများသာ ဖြစ်နေပေသေးသည်။
 
လူများသည် ဤမျှ ရိုင်းစိုင်းသောအခြေအနေတွင်ရှိစဉ် မီး၏
အသုံးဝင်ပုံကို နားလည်ခဲ့ကြဟန် တူပေသည်။ သို့ရာတွင် မိမိတို့
အလို အလျောက် မီးဖိုခြင်း၊ မီးမွှေးခြင်းကိုမူကားမပြုလုပ်တတ်ကြ
သေးချေ။ ထို သူများ မီး၏အသုံးဝင်ပုံကို သိရှိလာကြပုံမှာအတော
်ပင် စိတ်ဝင်စားစရာ ကောင်းပေသည်။တောတွင်း၌တစ်ခါတစ်ရံ
မိုးကြိုးပစ် လောင်မီးကျသော အခါ တောထဲရှိ သစ်ပင်အချို့
ကိုမီးစွဲလောင်သဖြင့် အလွန်သန်စွမ်းသော တိရစ္ဆာန်သားကောင်ကြီး
များသည် ထွန်းလင်းတောက်လောင်သော မီး ရောင်ကို
ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။ ထိုမီး၏ အပူရှိန်
ကြောင့် အေးချမ်းသောညဉ့်အခါများတွင်လည်းအနွေးဓာတ်ကိုရရ
ှိကြလေ သည်။ ထိုအခါမှစ၍ လူများသည်မီး၏ အသုံးဝင်ပုံကို
သိလာကြလေသည်။ ထို့ပြင် မီးစွဲလောင်နေသောသစ်ကိုင်းသစ်ခက်
်များကို တစ်နေရာမှ တစ် နေရာသို့ ယူဆောင်သွားခြင်းဖြင့် မီး၏
အလင်းရောင်ကို အသုံးချရမှန်းသိလာကြသည်။ တောမီးထဲသို့
ရောက်၍ သေဆုံးသော သားကောင်အချို့၏အသားများကို
စားကြည့်ကြသောအခါ ယခင်က အစိမ်းလိုက် ကိုက်ဖဲ့စားရ
သည်ထက် ပို၍အရသာရှိကြောင်းကိုလည်း တွေ့ရှိလာကြသည်။
 
ထိုမှတစ်ဆင့် ကျောက်တုံးတစ်ခုနှင့်တစ်ခု ထိခိုက်ပွတ်တိုက်မိရာ
မှ မီးပွင့်လာသည်ကို တွေ့ရှိသော လူများသည် မီးကိုကျောက်ဖြင့်
လည်း ကောင်း၊ သစ်ကိုင်းတစ်ခုနှစ်တစ်ခု ပွတ်တိုက်ခြင်းဖြင့်လည်း
ကောင်း ဖြစ် ပေါ်စေနိုင်သည်ကို သိရှိလာကြသည်။ဤကားအလွန်
်တရာအရေးပါသောအသစ်တွေ့ရှိမှုကြီးတစ်ရပ်ပင်ဖြစ်လေသည်။
ယခုခေတ်တိုင်အောင် မည် သည့်သားရဲတိရိစ္ဆာန်မှ မီးကိုမည်ကဲ့သို့
ပြုလုပ်ရမည်ဟု မသိရှိကြလေရာ မီးကိုပြုလုပ်တတ်သော
လူများသည် တိရစ္ဆာန်များထက် တပန်းသာ၍ တိုးတက်လာကြလေ
သည်။ မီးမွှေးနည်းကို တွေ့ရှိကြသည့်အချိန်မှစ၍ လူ များ၏ယဥ
်ကျေးမှုသည် တစ်စထက်တစ်စ တိုးတက်လာပြီးလျှင် အသက်ကို
ကာကွယ်ရန် လည်းကောင်း၊ အနွေးဓာတ်ကို ရရှိရန်လည်းကောင်း၊
အစား အစာများ ဖုတ်ကင် ချက်ပြုတ်ရန်လည်းကောင်း မီးကို
အသုံးပြုတတ်လာကြ သည်။
 
ရှေးဦးလူများသည် ပထမတွင် တုတ်တိုများ၊ ကျောက်ခဲများ၊
အရိုးများမှ လွဲ၍ အခြားလက်နက်များကို မပြုလုပ်မသုံးစွဲတတ်ချေ။
သို့ ရာတွင် ကျောက်ခဲများ၊ အရိုးများကို လက်နက်များဖြစ်အောင်
တဖြည်း ဖြည်းပြုပြင်ပြောင်းလဲ၍ အသုံးပြုလာကြသည်။ သူတို့၏
ခန္ဓာများပေါ်တွင် အဝတ်မစားဗလာနတ္ထိ၊ သို့မဟုတ် အနည်းငယ်မျှ
သာရှိလေသည်။ ပူအိုက် သော ရာသီတွင်ကား အဝတ်အစားလုံးဝ
မလိုချေ။ ညဉ့်အခါများတွင်ကား သစ်ပင်ထက်၌လည်းကောင်း၊
ဂူများအတွင်း၌လည်းကောင်း ခိုလှုံနေရ၍ သားရဲတိရစ္ဆာန်များ၏
ဘေးကိုတထိတ်ထိတ် တလန့်လန့်နှင့်ပင် နေကြရ သေးသည်။
 
ထိုခေတ်က လူများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ယဉ်ကျေးလာ
ပုံကိုကား အထောက်အထား အစအနများစွာမရှိသေး၍အသေအချာ
မသိ ရှိရသေးဘဲ မှန်းဆရုံသာ မှန်းဆကြည့်ရပေသည်။ သို့ရာတွင်
ရှေးဦးလူ များသည် ကျောက်ဂူများတွင် ခိုလှုံကြသောအခါသူတို့၏
နောင်လာ နောက်သား အစဉ်အဆက်များသည်လည်းကျောက်ဂူများ
၌သာ ဆက်လက် နေထိုင်ကြ၍ မိမိတို့အသုံးပြုခဲ့ကြသော
ကျောက်အသုံးအဆောင်ကိရိယာများ၊ အရိုးများ စသည်တို့ကို
ကျောက်ဂူများအတွင်း၌ ထားရစ်ခဲ့သည်ကို တွေ့ရှိရ လေသည်။
 
ရှေးဦးလူများအကြောင်းနှင့် စပ်လျဉ်း၍ ကမ္ဘာပေါ်ရှိ သိပ္ပံပညာ
ရှင်ကြီးတို့သည်မိမိတို့ကျွမ်းကျင်သည့်ဘက်မှစုံစမ်းရှာဖွေတွေ့ရှိရသော
အချက်အလက်များကို စုပေါင်း၍ ဖက်စပ်ကြည့်ခြင်းအားဖြင့် ရှေး
အကျဆုံး လူများ၏ ပုံသဏ္ဌာန်ကို မှန်းဆ ကြည့်ကြသည်။
ယင်းသို့ စုံစမ်းရှာဖွေကြ ရာ ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလတွင်
တရုတ်နိုင်ငံ ပီကင်းမြို့တော်အနီး၌ မြေအောင်းဂူတစ်ခုထဲမှ
လူ၏ဦးခေါင်းခွံတစ်ခုကို တူးဖော်တွေ့ရှိကြလေ သည်။
 
ဦးခေါင်းခွံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝဝဝဝဝ မှ ၁ဝဝဝဝဝဝ
စပ် ကြားတွင် နေထိုင်ခဲ့သော လူ၏ဦးခေါင်းခွံ ဖြစ်လိမ့်မည်ဟု
ယူဆကြသည်။ထိုဦးခေါင်းခွံကို ရှေးဦးစွာတွေ့ရှိသူမှာ တရုတ်နိုင်င
ံ ဘူမိဗေဒ သုတေသနအသင်းမှ ဒဗျူစီပေးဆိုသူဖြစ်၍ ဦးခေါင်းခ
ွံကို လေ့လာစူးစမ်းသူ မှာ ပါမောက္ခဒေးဗစ်ဆန်ဗလက် အမည်ရှိ
ကနေဒီယန်လူမျိုး သိပ္ပံပညာရှင် တစ်ဦးဖြစ်သည်။
 
ထိုဦးခေါင်းခွံကို လေ့လာကြည့်ရှုကြသောအခါ နောက်သို့ဆုတ်နေ
သော နဖူးနှင့် ကြီးထွားသန်မာသော မျက်ခုံးရိုးများကို တွေ့ရသည်။
ခေါင်း ခွံရိုးမှာ လွန်စွာထူထဲ၍ ယခုခေတ် လူများ၏ပါးလွှာသော
ခေါင်းခွံရိုးနှင့် သိသိသာသာကြီး ကွာခြားလေသည်။ သွားများမှာ
လူ၏သွားကဲ့သို့ပင်ဖြစ်သော်လည်းမေးရိုးမှာကြီးထွားတုတ်ခိုင်သည်။
ဦးခေါင်းခွံရှင် လူ၏ အသိဉာာဏ်မှာကား ယခုခေတ် ဉာာဏ်အနည်း
ဆုံးရှိသော လူများ၏ အသိ ဉာာဏ်လောက်သာရှိသည်ဟု
ယူဆကြသည်။ အားလုံးကို ခြုံ၍ကြည့်လိုက်လျှင် မျောက်တစ်ဝက်
လူတစ်ဝက်ဖြစ်သော ပုံသဏ္ဌာန်တစ်ခုကို ထင်မြင် လာပေမည်။
 
မစ္စတာပေးသည် မိမိ၏ သုတေသနလုပ်ငန်းများကို ဆက်လက်
ပြုလုပ်သွားရာ နောက်နှစ်နှစ်မျှ ကြာသောအခါ ဦးခေါင်းခွံကိုတွေ့ရှိ
သော ဂူထဲ၌ပင် ရှေးခေတ်လူများအသုံးပြုခဲ့ကြသည့် ကျောက်သား
ဖြင့် ပြုလုပ်ထား သော အသုံးအဆောင် ကိရိယာပစ္စည်းများကို
တွေ့ရှိပြန်လေသည်။ ကျောက် ကိရိယာများနှင့်အတူ ရှေးလူများမီး
ကို သုံးစွဲခဲ့သည်ကိုပြသော အထောက် အထားများကိုပါ
တွေ့ရှိသေးသည်ဟုဆို၏။အထက်ပါတွေ့ရှိချက်များမှကျွန်ုပ်တို့သည်
လွန်ခဲ့သည့် နှစ်ပေါင်း ငါးသိန်းမှ တစ်သန်းအထိ အချိန်
အခါက လူများ၏ အသိဉာာဏ်အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင
်ပေသည်။ရှေးဦးလူများ အကြောင်းနှင့်စပ်လျဉ်း၍ အခြားအထောက
်အထား တစ်ခုမှာ ၁၉ဝ၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟိုင်းဒယ်ဗတ်မြို့
အနီး၌ တွေ့ရှိ သော အောက်ပိုင်းပါးရိုးတစ်ခုပင် ဖြစ်သည်။
ထိုပါးရိုးကို အခြေခံထား၍ သတ္တဝါပုံပန်းသဏ္ဌာန်ကိုနှိုင်းယှဉ်သော
ယှဉ်ပြအနာတမီ (ယှဉ်ပြ ကာယ ဗေဒပညာ) ဖြင့် မှန်းဆကြည့်
သောအခါ ယခု လူများ၏ ပုံသဏ္ဌာန်နှင့် များစွာခြားနားသော
လူတစ်ဦး၏ ပုံသဏ္ဌာန်ကို တွေ့ရှိရလေသည်။ ပါးရိုး မှာ
တုတ်ခိုင်သန်မာ၍မေးရိုးအဖြစ်ထိုးထွက်သောအပိုင်းကိုမတွေ့ရှိရချေ။
ထိုအရိုးကို တွေ့ရှိသောနေရာမှာ မြေအောက်ပေ၈ဝအနက်တွင်ဖြစ်၍
အနီး အနားတွင်လည်း ယခုခေတ်၌ တိမ်ကောနေပြီဖြစ်သော
ဆင်ကြီး၊ ကြံကြီး များ၏ အရိုးအစအနများကို တွေ့ရှိရသည်က
ို ထောက်ခြင်းအားဖြင့် ပါးရိုး ရှင်လူသည် လွန်ခဲ့သည့် နှစ်ပေါင်း
၂ဝဝဝဝဝ ခန့်က နေထိုင်ခဲ့သောလူဟု ခန့်မှန်းရပေသည်။
 
ရှေးဦး လူများအကြောင်း စုံစမ်းရှာဖွေ လာရာတွင် တစ်ခါတစ်ရံ
သိပ္ပံပညာရှင်များ အချင်းချင်း အငြင်းပွားကြ သေးသည်။
၁၉၁၁ ခုနှစ်တွင် အဂ‡လန်ပြည် ဆပ်ဆက်နယ်၌ တူးဖော်ရရှိသော
ပိလဒေါင်း ဦးခေါင်းခွံနှင့် စပ်လျဉ်း၍မူ အပြင်းအထန်
အငြင်းပွားကြလေသည်။ ဦးခေါင်းခွံမှာ လူ၏ ဦးခေါင်းခွံမှန်း
သိသာထင်ရှားသော်လည်း မေးမရှိသော အောက်ပါးရိုးနှင့်
ကြီးမားသော သွားစွယ်များမှာကား မျောက်ဝံနှင့်တူလှ၏။ သို့ဖြစ်၍
ဦး ခေါင်းခွံနှင့် ပါးရိုးရှင်များသည် တစ်ခြားစီလောဟု တွေးတော
စရာ ဖြစ်နေ ပေသည်။
 
ဂျာမနီနိုင်ငံ၊ နေယန်းဒါတော နယ်တွင်လည်း ရှေးခေတ်လူများ၏
ရုပ်ကလာပ် အကြွင်းအကျန်များကို တွေ့ရှိရပေသည်။ နေယန်းဒါ
တော လူ များမှာကာ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝဝဝ နှင့်
၁ဝဝဝဝဝ အတွင်း နေထိုင်ခဲ့သည်ဟု ယူဆရသည်။ သူတို့ကား
ကျောက်လက်နက် ကိရိယာများ ပြုလုပ်သုံးစွဲ၍ ဂူများ၌နေသည်။
မီးကိုလည်း အသုံးပြုရမှန်းသိ၍ တိရစ္ဆာန် ကလေးများကို လိုက်လံ
သတ်ဖြတ်၍ စားသောက်ကြသည်။ပြင်သစ်နိုင်ငံတွင်တူးဖော်ရရှိသော
အရိုးစုများမှာကား ကရိုမာညွှန်လူများ၏ ရုပ်ကလာပ်အစအနများြ
ဖစ်ကြသည်။ သူတို့ကား အတော် အတန်ယဉ်ကျေးသော အဆင့်
အတန်းသို့ရောက်နေ၍ ယခုခေတ်လူများနှင့် မျိုးစိတ်ချင်းအတ
ူတူဖြစ်မည့်ဟု ယူဆကြသည်။ ကရိုမာညွန်လူများနောက်
နေထိုင်ကြသောသူများမှာ နောက်ဆုံးကျောက်ခေတ်လူများပင်
ဖြစ်တော့ သည်။ရှေးဟောင်းပစ္စည်းများကို မြေကြီးထဲမှ တူးဖော်၍
လေ့လာသူ ပညာရှိကြီးများသည် လူ၏သမိုင်းကို ခေတ်အမျိုမျိုး
ပိုင်းခြားထားခဲ့ကြ သည်။ ရှေးအကျဆုံးခေတ်မှာ ကျောက်သားဖြင့်
ပြုလုပ်သည့် ကရိယာ အကြမ်းစားများကို စတင်အသုံးပြုသော
ခေတ်ဖြစ်၍ကျောက်ခေတ်၏ ရှေ့ ပြေးခေတ်ဟုခေါ်သည်။
ထိုခေတ်ကလူများသည် ကျောက်တုံးကျောက်ခဲများ ကို ထုရိုက်ခုတ
်ထစ်စရာ ကိရိယာအဖြစ် စတင်အသုံးပြုကြသည်ဟု ယူဆရ
လေသည်။ သို့ရာတွင် ထိုကျောက်ကိရိယာများမှာ လူ၏လက်ဖြင့်
ကျောက် သားမှထွင်းဖဲ့ကာ ပြုပြင်ယူရသော ပစ္စည်းများလော၊
သို့တည်းမဟုတ် သဘာဝအတိုင်းပွန်းပဲ့ထိခိုက်ခြင်းဖြင့် အလိုအ
လျောက် လက်နက်ကိရိယာ သဖွယ် ဖြစ်လာသောအရာများလော
ဟူ၍ ကျွန်ုပ်တို့ တပ်အပ်သေချာစွာပြောနိုင်ရန် ခဲယဉ်းလေသည်။
 
ထို့နောက် တစ်ခေတ်ပြောင်းခဲ့ပြန်ရာ ကျောက်ခေတ်ဟောင်းသို့
ရောက်လာကြလေသည်။ ကျောက်ခေတ်ဟောင်းကျမှ သာလျှင်
လူများသည် ကျောက်ကိရိယာများကို ပြုပြင်၍ အသုံးပြုကြလေ
သည်။ ထိုခေတ်က လူ များကို ကျောက်ခေတ်ဟောင်းလူများဟ
ုခေါ်သည်။ ကျောက်ခေတ်ဟောင်း တွင် အသုံးပြုကြသော
ကျောက်ကိရိယာများမှာ လက်ရာကြမ်းတမ်း၍မောင်းချထားသဏ္ဌာန်
ချွန်ထက်သောအစောင်းများရှိသည်။ သို့ရာတွင် ထို ခေတ်၏
နောက်ပိုင်း၌ အသုံးပြုကြသည့် ကျောက်ကိရိယာများမှာ ရှေးက
ထက်ပို၍ လက်ရာချောမွေ့လာလေသည်။ ကျောက်ကိရိယာများကို
ပြုလုပ်ရာ တွင် ယခင်ကကဲ့သို့ ကျောက်အချင်းချင်းထုရိုက်ခြင်းဖြင
့်မဟုတ်ဘဲ လိုရာ ပုံသဏ္ဌာန်ရအောင် ဖိ၍သွေးခြင်းဖြင့်ပြုလုပ်ကြရာ
ကျောက်ကိရိယာများမှာ ပိုမိုသေသပ်၍ တစ်ခုနှင့်တစ်ခု
မကွဲပြားလှချေ။ ကျောက်ခေတ်ဟောင်းကုန် ခါနီးတွင်
နေထိုင်ခဲ့ကြသော လူများသည် ချောမွေ့သော ကျောက်ကိရိယာ
များသာမက တိရစ္ဆာန်များ၏ အရိုးများ၊ဦးချိုများနှင့်အစွယ်များဖြင့်
လည်း ကိရိယာများကို ပြုလုပ်ကြ၏။ ကျောက်ခေတ်ဟောင်း၏
သက်တမ်းမှာ နှစ် ထောင်ပေါင်းများစွာကြာသည်ဟုခန့်မှန်းကြသည်။
အဘယ်ကြောင့်ဆိုသော် ကျောက်ခေတ်ဟောင်းတွင် အသုံးပြုခ
ဲ့ကြသော ကျောက်ကိရိယာများကို အတိမ်အနက်အမျိုးမျိုးရှိသော
မြေကြီးအောက်မှ တူးဖော်ရရှိ၍ အလွန်ကြမ်းတမ်းသော အဆင့်မှ
လက်ရာချောမွေ့လာသော အဆင့်များအထိအဆင့်ဆင့် တိုးတက
်လာပုံကို တွေ့ရှိရသောကြောင့်ဖြစ်ပေသည်။
 
ကျောက်ခေတ်ဟောင်း ကုန်ဆုံးသွားသောအခါ အလယ်ပိုင်း
ကျောက်ခေတ်သို့ ရောက်ရှိလာသည်။ ထိုခေတ်မှာ ကျောက်ခေတ
်ဟောင်းမှ ကျောက်ခေတ်သစ်သို့ အကူကြားကာလဖြစ်သည်။
ထိုခေတ်တွင် အသုံး ပြုသော ကျောက်ကိရိယာများမှာ
ကျောက်ခေတ်ဟောင်းကိရိယာများထက် လက်ရာအနည်းငယ်ည
ံ့လာသည်ကိုတွေ့ရှိရသည်။ သို့ရာတွင် ထိုခေတ်က အသုံးပြုခဲ့ကြ
ဟန်တူသော ဆေးရောင်ခြယ်ထားသည့် ကျောက်စရစ်ခဲကလေး
များကို တွေ့ရှိရလေရာ ထိုကျောက်စရစ်များကို အက္ခရာစာလုံး
အမှတ် အသားအဖြစ် အသုံးပြုခဲ့ကြသလော၊ သို့မဟုတ် အယူဝါ
ဒဆိုင်ရာ အထိမ်း အမှတ်အဖြစ် အသုံးပြုခဲ့ကြသလောဟု အမျိုးမျိုး
တွေးတောစရာ ဖြစ်နေပေ သည်။
 
အလယ်ပိုင်းကျောက်ခေတ် ကုန်ဆုံးသွားသောအခါ နောက်ဆုံးဖြစ်
သော ကျေက်ခေတ်သစ်သို့ရောက်ရှိလာလေသည်။နောက်ဆုံး
ကျောက်ခေတ် သစ် ထွန်းကားသောအချိန်မှာ တစ်တိုင်းပြည်နှင့်
တစ်တိုင်းပြည်တွင် တစ် ပြိုင်တည်းမဟုတ်ဘဲ နှစ်ပေါင်းများစွာ
ခြားနားလေသည်။ အီဂျစ်နိုင်ငံတွင် ကျောက်ခေတ်သစ်ထွန်းကားချိန
်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝဝ ခန့်က ဖြစ်၍ ကရိကျွန်းတွင်မူ
လွန်ခဲ့သော နှစ်ပေါင်း ၁၄ဝဝဝ ခန့်ကလည်း ကောင်း၊ ဥရောပ
အနောက်ပိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၇ဝဝဝ မှ ၈ဝဝဝ ခန့်က
လည်းကောင်း အသီးအသီး ထွန်းကားခဲ့ကြလေသည်။
 
ကျောက်ခေတ်သစ်တွင် အသုံးပြုသော ကျောက်ကိရိယာများသည်
ယခင်ခေတ်များကထက် လှပချောမွေ့လာပြီးလျှင် အသုံးကျပုံ
နယ်ပယ်မှာ လည်း ပိုမို၍ ကျယ်ဝန်းလာလေသည်။ ထိုခေတ်တွင်
နေထိုင်ကြသော လူ များသည် အိုးခွက်များနှင့် လေးမြားတို့ကို
လည်း အသုံးပြုကြလေသည်။ ထို့ အပြင် တောထဲမှ တိရစ္ဆာန်
အရိုင်းများကို အိမ်တွင် ယဉ်ပါးအောင်မွေးမြူ ခြင်း၊ အသီးအနှံပင
်များစိုက်ပျိုးခြင်း၊ အဝတ်အထည်ရက်လုပ်ခြင်း စသည် တို့မှာလည်း
ကျောက်ခေတ်သစ်၏ မှတ်သားဖွယ်ရာ အကြီးအကျယ် တိုး
တက်မှုများပင် ဖြစ်လေသည်။
 
နောက်ဆုံး ကျောက်ခေတ်သစ်တွင် လူများကို အရိုင်းဘဝမှ ယဉ်
ကျေးသော လူများအဖြစ်သို့ ပို့ဆောင်လိုက်သောအရာမှာ အိုးခွက
်များကို ရှေးဦးစွာ အသုံးပြုခြင်းပင် ဖြစ်၏။ အိုးခွက်များကို
တီထွင်ပြုလုပ်နိုင် သောအခါ အစားအစာများကို ချက်ပြုတ်၍စား
သောက်ကြလေသည်။ လူများ ၏ အစားအစာနယ်ပယ် ကျယ်ဝန်း
လာ၍ အငွေ့တထောင်းထောင်းထကာ ဆူပွက်နေအောင် ချက်ထား
သော အိုးပတ်လည်တွင် လူများအစုလိုက် ဝိုင်းရံ ၍ နေတတ်ကြ
သည်။ ထို့အပြင် ရှေးကထက် တိုးတက်ကောင်းမွန်သော
ကျောက်ကိရိယာများကို အသုံးပြု၍ နေထိုင်ရန် အိမ်များ၊မြစ်ချောင်း
အင်း အိုင်များကို ဖြတ်ကူးရန်လှေများနှင့် အစားအစာများထည့်ရန်
သစ် သားပန်းကန် အိုးခွက်များကို ပြုလုပ်ကြလေသည်။
ဥရောပတိုက် ဒိန်းမတ်နိုင်ငံ ပင်လယ်ကမ်းခြေတစ်လျှောက်တွင်
 
ကျောက်ခေတ်သစ်လူများ နေထိုင်ခဲ့သော နေရာများစွာရှိလေသည်။
ထိုနေရာ တစ်ဝိုက်တွင် ရှေးဦးလူများသည် ကျောက်များပေါ်တွင်
အခြေခံထားကာ ကျူပင်များကိုရက်၍ ရွှံ့များဖြင့် မံပြီးလျှင် တဲငယ်
်များဆောက်၍ နေထိုင်ခဲ့ ကြလေသည်။ သူတို့သည် အကြမ်းပြု
လုပ်ထားသော လှေများဖြင့် ပင်လယ်ကမ်းခြေမှထွက်ခွာ၍ ခရု၊
ကမာ စသည်များကို လိုက်လံရှာဖွေကြသည်။
 
ကုန်းပေါ်တွင်ကား နွားရိုင်းများကို လိုက်လံပစ်ခတ်ကြသည်။ အစာ
ရသော အခါ မီးဖိုဘေးပတ်လည်တွင် ဝိုုင်း၍စာကြပြီးလျှင်အခွံများ၊
အရိုးများနှင့် အမှိုက်များကို အနားတွင်ပစ်ထားလေရာအပုံကြီးများ
အဖြစ် ကျန်ရစ်နေ လေသည်။ ရှေးဟောင်းပစ္စည်းများအဖြစ်
ကျန်ရစ်နေလေသည်။ ရှေးဟောင်း ပစ္စည်းများကိုတူးဖော်၍
ထိုခေတ်ကလူများ မည်သို့မည်ပုံ နေထိုင်ကြသည်ကို တူးဖော်ရရှိ
သော ရှေးဟောင်းပစ္စည်းများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
ယင်းသို့အားဖြင့် လူများသည် ရှေးဟောင်းကျောက်ခေတ်မှ ခေတ်
အဆက်ဆက် နေထိုင်လာခဲ့ကြလေရာ တဖြည်းဖြည်း လူများ၏အ
သိဉာာဏ် တိုးတက်လာသည်နှင့်အမျှ နေရေးထိုင်ရေး အဆင့်
အတန်းမှာလည်း မြင့် တက်လာလေသည်။ လူများသည် သီးနှံပင
်များကိုစိုက်ပျိုးခြင်း၊ တောတိရစ္ဆာန်ရိုင်းများကို အိမ်၌ယဉ်ပါးအောင်
မွေးမြူနိုင်ခြင်း စသည်တို့ကို တတ်ကျွမ်းလာသောအခါ လူများ၏
အသက်မွေးမှု နည်းလမ်းများသည်လည်း နှစ်မျိုးနှစ်စားကွဲပြားလာ
လေသည်။ အချို့သော လူများသည် တစ်နေရာတွင် လယ်ယာစိုက
်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးမြူကြ၍ အချို့မှာ မြက်
ခင်းရှိရာ ဒေသများတွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွားများကိုထိန်းကျောင်း
ခြင်းဖြင့် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။
တိရစ္ဆာန် များကို ထိန်းကျောင်း၍ အသက်မွေးသော သူများသည်
နွေအခါတွင် မြောက်ပိုင်းရှိ မြက်ခင်းများတွင်နေထိုင်ကြ၍
ဆောင်းရာသီတွင် တောင်ပိုင်း ရှိ မြက်ခင်းများသို့ ပြောင်းရွှေ့ကာ
သိုးသား၊ ဆိတ်သားများနှင့် နွားနို့၊ ဆတ်နို့များကိုစားသောက်နေ
ထိုင်ကြသည်။ ထိုသူများမှာ နေဒဏ်၊ မိုးဒဏ် ကိုခံကာ
အလုပ်ကြမ်းကို လုပ်ကိုင်နေထိုင်ကြရသောကြောင့် ကိုယ်ခန္ဓာကြမ်း
တမ်းခက်ထန်ပြီးလျှင် တစ်နေရာတည်းတွင် အိုးအိမ်အတည်တကျ
နေထိုင် လေ့ရှိကြသော လယ်ယာသမားများကို သွားရောက်တိုက်
ခိုက်လေ့ရှိကြ လေသည်။
 
ကျောက်ခေတ်များ ကုန်ဆုံးပြီးနောက်တွင်ကား သတ္တုခေတ်သို့
ရောက်ရှိလာသည်။ လူတို့ ပထမဦးစွာ အသုံးပြုသော သတ္တု
ကိရိယာများမှာ ကြေးနီဖြင့်လုပ်သော ကိရိယာတန်ဆာပလာများ
ဖြစ်သည်။ ကြေးနီခေတ် ကုန်ဆုံးသွားသည့်နောက် နှစ်ပေါင်း
၁၅ဝဝ မျှကြာသောအခါ ကြေးဝါ ခေတ်သို့ ရောက်ရှိလာသည်။
သံကိုမူ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်ကမှသာ ဥရောပတိုက်
တွင် စတင်အသုံးပြုခဲ့ကြလေသည်။ယင်းသို့အားဖြင့် သိပ္ပံပညာရှင်
်ကြီးများ စုံစမ်းရှာဖွေရရှိသော ပါဏဗေဒနှင့် ဘူမိဗေဒဆိုင်ရာ
အထောက်အထားများကို ထည့်သွင်းစဉ်းစား သောအခါ လူသည်
မိမိထက်နိမ့်ကျသော သတ္တဝါတစ်ခုမှ တဖြည်းဖြည်းပြောင်းလဲဆင်း
သက်လာသည်ဟူသော အဆုံးသတ်အဖြေ ရရှိလေသည်။ ထို့
အပြင် ကျွန်ုပ်တို့ ယနေ့သိရှိကြသည့် အတိုင်းလူမျိုးများသည်
တဖြည်းဖြည်း ပြောင်းလဲလာခြင်းမှ ပေါက်ဖွားလာသည် ဟူသော
အချက်ကို ရရှိလေသည်။ သို့ရာတွင် ယခုခေတ်လူများ ဖြစ်ပေါ်ပ
ုံအစနှင့် တိမ်ကောသွားပြီဖြစ်သော မျောက်ဝံတစ်မျိုး၏ သဏ္ဌာန်
အကြားတွင် မည်သို့ဖြစ်ပျက်သည်ဟူသော အထောက်အထားများ
ကိုမူ ယခုထက်တိုင်စုံစမ်းရှာဖွေ၍ မရသေးချေ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
 
= ကိုးကား =