မြန်မာပြည်ကို ပြန်သွားခြင်း (ရုပ်ရှင်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်ရိုက်ကူးခဲ့သော ထိုဇာတ်ကားသည် နှစ်ပေါင်းများစွာ ခွဲခွာလာခဲ့တဲ့ မွေးဇာတိနိုင်ငံကို ပြန်သွားသော ရွှေ့ပြောင်း အလုပ်သမား လူငယ်တယောက် သူထင်ထားသလို တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ ထူးထူးခြားခြား မရှိတာကို တွေ့လိုက်ရတဲ့ အကြောင်း ဇာတ်လမ်းဖွဲ့ပြီး ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုဇာတ်ကား၏ ရိုက်ကွက် ၉ဝ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတွင်းမှာ ရိုက်ကူးခဲ့ခြင်း ဖြစ်သော်လည်း စစ်တပ်နှင့် ရဲများ၏ နှောင့်ယှက်မှုကို ရှောင်ရှားရန်အတွက် သိုသိုသိပ်သိပ်နှင့် နှစ်ပတ်အတွင်း အပြီးရိုက်ကူးခဲ့ရသည်။
 
[[တောင်ကိုရီးယားနိုင်ငံ]]တွင် ကျင်းပနေသည့်“[[ပူဆန်း နိုင်ငံတကာရုပ်ရှင်ပွဲတော်]]”၏ ၂ဝ၁၁-ခုနှစ်အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သော ရုပ်ရှင်ဇာတ်ကားများထဲမှ ဆန်ခါတင် ဇာတ်ကား (၁၃ )ခုစာရင်းမှာ ပါဝင်နေသည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် [[ဒေါ်အောင်ဆန်းစုကြည်]]၏ ဘဝဇာတ်ကြောင်းကို ပြင်သစ် ဒါရိုက်တာ လု-ဘဲင်ဆင် (Luc Besson) ရိုက်ကူးထားသော “[[သူမ (ရုပ်ရှင်)|သူမ]]”(The Lady) ရုပ်ရှင် ဇာတ်ကားလည်း တစ်ကားအပါအဝင် ဖြစ်ပေသည်။
 
 
==ကိုးကား==
<references/>
 
[[Category:နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများ]]