ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၁ -
=== ကမ္ဗောဇတန်ခိုးထွားသည့်ခေတ် ===
 
စီးပွားရေး ကောင်းစွာတိုးတက်၍ တန်ခိုးကြီးချက်ရှိသော သီရိဝိဇယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော ကမ္ဗောဇနိုင်ငံကို အုပ်ချုပ်လာခဲ့သော ထိုမင်းဆက်၏ မင်းများသည် နှစ်ပေါင်း ၇၅ နှစ်မျှ ဆက်လက်အုပ်ချုပ်ခဲ့ကြ၏။ ၉ ရာစုနှစ်များ ကုန်သောအခါတွင် ခမာတို့၏နိုင်ငံမှာ မြောက်ဖက် တရုတ်ပြည်၊ အရှေ့မြောက်ဘက်အနောက်မြောက်ဘက် နန်ချို၊ အနောက်ဖက် မြန်မာပြည်ရှိ ပျူနိုင်ငံတို့အထိ ဩဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်။
 
ဇယဝရမန်မင်းဆက်ကို ဣန္ဒဝါရမန်မင်းဆက်က ဆက်ခံခဲ့၏။ ပထမမြောက် ဣန္ဒဝါရမန်မင်းသည် ကမ္ဘာပေါ်၌ ထင်ပေါ်သော အင်းကော(အန်ကော ဟုလည်း ခေါ်သည်)မြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ ထိုမင်းဆက်မှာ ၁၂၅ နှစ်မျှတန်ခိုးကြီးခဲ့ကြ၍ ဘုရားကျောင်းကန်များ များပြားလှသော အင်းကောမြို့ကြီးကို အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။
အင်းကောဝတ်ကျောင်းကိုမူ ထိုမင်းဆက်ကို ဆက်ခံသော မင်းဆက်၏ ဒုတိယမြောက် မင်းလက်ထက် ၁၁၁၅ ခုတွင် တည်ဆောက်ခဲ့သည်။ အင်းကောတွင် တွေ့ရသည့် ဆန်းကြယ်လှသော ဗိသုကာပညာ ကျော်ဆစ်လက်ရာ ပန်းပုပညာ စသည်တို့တွင် ဗြာဟ္မဏအယူဝါဒ ဗုဒ္ဓအယူဝါဒတို့နှင့် သက်ဆိုင်သည့် အချက်အလက်တို့ကို တွေ့ရပေသည်။ ကမ္ဗောဇပြည်မှာ ၁၃ ရာစုနှစ် အလယ်လောက်ထိအောင် အင်ဒိုချိုင်းနားတွင် ပြိုက်ဖက်မရှိ ကြီးကျယ်တန်းခိုး ထွားခဲ့လေသည်။
 
=== ယိမ်းယိုင်ပြိုပျက်လာခြင်း ===