လင်းနို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၆ -
<br />
 
 
{{stub}}
ကမ္ဘာပေါ်ရှိ အလွန်အေးသော အရပ်ဒေသများမှတစ်ပါး
ကျန်ဒေသများ၌ လင်းနို့မျိုးပေါင်း ၃ဝဝ ခန့်ကို အနှံ့အပြား တွေ့ရှိရသည်။
တောတွင်းကျသော အရပ်များ၌သာမဟုဘဲ မြို့ထဲ၊ ရွာထဲနှင့် ခြံဥယျာဉ်များ
ထဲ၌လည်း လင်းနို့များကို တွေ့ရှိရသည်။ လင်းနို့များသည် အကောင်ငယ်
မျိုးပင်ဖြစ်သော်လည်း မလေးရှားနိုင်ငံတွင် တွေ့ရှိရသော လငးနို့ကောင်ကြီး
များမှာ အတောင်ကိုဖြန့်၍ အစွန်းနှစ်ဖက်ကြားကို တိုင်းထွာကြည့်လျှင် တစ်
ခါတစ်ရံ ငါးပေမျှရှိလေသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဒေသတွင်ရှိသော
တိုင်းပြည်များ၌လည်း လင်းနို့များကို တွေ့ရှိရသည်။ လင်းဆွဲများသည် ခြံ
ဥယျာဉ်များတွင် လူတို့စိုက်ပျိုးထားသော သစ်သီးဝလံတို့ကို ညဉ့်အချိန်၌
လှည့်လည်ကာ စားသောက်ဖျက်ဆီးတတ်ကြသည်။ လင်းနို့များမှာမူ ပိုးမွှား
များကိုသာ စားလေ့ရှိသဖြင့် လူ၏ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။
လင်းနို့များသည် သစ်သီးဝလံပင်များနှင့် ကောက်ပဲသီးနှံပင်တို့ကို ကိုက်
ဖြတ်ဖျက်ဆီးတတ်သော ဖလံကောင်များနှင့် ချေးထိုးပိုးကောင်များကို ရှာဖွေ
စားသောက်လေ့ရှိသဖြင့် ဥယျာဉ်လယ်ယာ စိုက်စားသူတို့၏ ညဉ့်စောင့်များ
စင်စစ်ဖြစ်တော့သည်။
အမေရိကန်ပြည်ထောင်စုနိုင်ငံ အချို့သောအပိုင်းများနှင့် သြစတြေးလီးယားတိုက်တို့တွင် ပြည်သူ့ဘဏ္ဍာထဲမှ ငွေဖြင့် လင်းနို့များအတွက်
အိပ်တန်းများ သို့မဟုတ် ခိုအောင်းရာ အဆောက်အအုံများကို ဆောက်လုပ်
ပေးထားကြသည်။ ထိုကဲ့သို့ လင်းနို့များမွေးထားသည့် ရပ်ကွက်များ၌ ခြင်
ကောင်များ ပျောက်ကွယ်လျက်ရှိသည်။
နေ့အချိန်တွင် လင်းနို့များကို တွေ့ရခဲသည်။ တစ်နေ့လုံး ဂူများ၊
သစ်ခေါင်းများ၊ ချုံပိတ်ပေါင်းများ၊ စပါးကျီများ၊ ဘုရားရှိခိုးကျောင်း၊ မျှော်
စင်များနှင့် အိမ်အိုများအတွင်း၌ ပုန်းအောင်းကာ အိပ်စက်နေတတ်ကြသည်။
အအိပ်စုံမက်သော သတ္တဝါများဖြစ်ရာ နွေအခါ၌ပင် ၂၄ နာရီအနက် နာရီ
ပေါင်း ၂ဝ ခန့် သူတို့၏ အိပ်တန်းကို စွန့်ခွာ၍ ထွက်ပျံလေ့မရှိကြချေ။
ဆောင်းရာသီသို့ရောက်လာလျှင် အပြင်သို့ အလျဉ်းမထွက်လာတော့ပေ။
လင်းနို့များသည် ကြည့်ပျော်ရှုပျော်ရှိသော သတ္တဝါများဟု မဆို
နိုင်ချေ။ နေ့အခါတွင် ထုတ်လျောက်စသည်တို့မှာ တွဲရရွဲချကာ အလင်း
ရောင်ကို မကြည့်နိုင်သကဲ့သို့ ပုတီးစေ့မျက်လုံးကို မှိတ်ချည်ဖွင့်ချည်ဖြင့်
လင်းနို့များကို တွေ့ရလေ့ရှိသည်။ ထိုသို့ရှိနေစဉ် အတောင်နှစ်ဖက်ကို ရုပ်
သိမ်းလျက် ကိုယ်ရုံထည်သဖွယ် ခြုံထားကြသည်။ လင်းနို့၏အတောင်မှာ
ငှက်မွေး၊ ငှက်တောင်ကဲ့သို့မဟုတ်ဘဲ သားရေကဲ့သို့ဖြစ်သည်။ အလွန်ရှည်
လျားသော လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ချောင်းတို့သည် ထီးရွက်တွင်
ထီးကိုင်းများသဖွယ် တွယ်ကပ်နေသည့်နည်းတူ အတောင်၌ ကပ်လျက်ရှိ
သည်။ လင်းနို့တစ်ကောင် လက်ထဲ၌ဖမ်းထားမည်ဆိုလျှင် တစ်ကိုယ်လုံး
ဆတ်ဆတ်တုန်နေသည်ကို တွေ့ရမည်ဖြစ်၏။ ဤကဲ့သို့ တဆတ်ဆတ်တုန်
နေရခြင်းမှာ လင်းနို့အတောင်တွင် အတွေ့အထိကို အလွန်သိလွယ်သော
အာရုံကြောများရှိခြင်းကြောင့်ဖြစ်သည်။ လေကိုတိုးဝှေ့ပျံသန်းနေစဉ် ရှေ့၌
တိုက်မိစရာ တစ်ခုခုရှိခဲ့သော် အတောင်နှင့် နားရွက်တို့၌ရှိသော အာရုံကြော
များအားဖြင့် လျင်မြန်စွာသိနိုင်သည့်အလျောက် ရှောင်ရှားကာ ပျံသန်းနိုင်ကြ
လေသည်။ သို့ဖြစ်၍ လင်းနို့များသည် ပျံလွှားငှက်များနည်းတူ ကွေ့ကွေ့
ကောက်ကောက် ပတ်ကာ၊ လှည့်ကာ၊ စိုက်ကာဖြင့် ပျံသန်းနိုင်စွမ်းရှိသည့်
အပြင် တောကြီးမျက်မည်းထဲ၌ အလွန်မှောင်မိုက်သော ညဉ့်အချိန်၌ပင်လျှင်
သစ်ပင် သစ်ကိုင်း သစ်ခက် တစ်စုံတစ်ခုကိုမျှ မတိုက်မခိုက်မိဘဲ အစာ
ဖြစ်သော ပိုးကောင်မွှားကောင်တို့ကို လိုကလံဖမ်းဆီးနိုင်ကြလေသည်။ ဤ
ကဲ့သို့ မှောင်မိုက်နေသာအခါမျိုးတွင် လင်းနို့များသည် မျက်စိဖြင့်မြင်နိုင်
သည်ထက် အတောင်နှင့် နားတို့၌ရှိသော အာရုံကြောများဖြင့် ဘေးရန်မထိ
အောင် ပျံသန်းနိုင်ကြလေသည်။ လင်းနို့များသည် မျက်နှာပြင်အပြန့်မှထ၍
မပျံသန်းနိုင်ကြသဖြင့် မြေပြင်ပေါ်သို့ သက်ဆင်းလေ့မရှိကြချေ။ မြေပြင်ပေါ်
သို့ မတော်တဆကျမိလျှင် အလွန်ခဲခဲယဉ်းယဉ်းဖြင့် တွားသွားရလေသည်။
အမြင့်သို့ အနည်းငယ်တက်ပြီးမှ လိုရာသို့ထ၍ ပျံသန်းနိုင်ကြသည်။
အိပ်တန်းတစ်ခုတည်းတွင် လင်းနို့ပေါင်းများစွာစု၍ အိပ်လေ့ရှိ
သည်။ မှောင်စပျိုး၍ မှောင်ရိပ်လွှမ်းလာချိန်ရောက်မှ ပျားအုပ်ကြီးသဖွယ်
အပြင်သို့ အုပ်လိုက်ချီ၍ ပျံထွက်လေ့ရှိကြသည်။ လင်းနို့များသည် ပေါက်
ပွားလာသော သားငယ်များအတွက် အသိုက်ဖွဲ့ပေးလေ့မရှိကြ။ လင်းနို့မတို့
သည် သူတို့၏သားငယ်များကို အတောင်ဖြင့်ပိုက်ထွေးကာ ရင်နို့ကို တိုက်
ကျွေးလျက် မွေးမြူထားကြလေသည်။ သားငယ်သည် မိခင်၏ကိုယ်တွင် ခြေ
လက်မြဲမြံစွာ တွယ်ကပ်နိုင်စွမ်းရှိလာသည့်အခါ မိခင်သည် သားငယ်နှင့်
အတူ ညဉ့်အချိန်၌ အစာရှာထွက်လေ့ရှိသည်။ ရံဖန်ရံခါ မိခင်သည်
သားငယ်တို့ကို သစ်ပင်များတွင် သစ်ရွက်မျာအကြား၌ ဖုံးကွယ်၍ ထားခဲ့
တတ်ကြသည်။ ဤနည်းအားဖြင့် လင်းနို့ငယ်တို့သည် တစ်စတစ်စနှင့်
အပြင်သို့ထွက်၍ အပျံသင်ကြလေသည်။
လူတို့သည် များသောအားဖြင့် လင်းနို့များကို မုန်းတီးရွံရှာတတ်
ကြရာ လင်းနို့ကိုမြင်လျှင် သတ်ပစ်ချင်ကြသည်။ လင်းနို့၏ ပုံပန်းသဏ္ဌာန်
မှာ အမြင်ရဆန်းသလောက် နေထိုင်ပုံကလည်း အခြားတိရစ္ဆာန်တို့နှင့်မတူ၊
စောက်ထိုးပြောင်းပြန် ခြေဖြင့်ချိတ်၍ တွဲလွဲဆွဲကာ နေလေ့ရှိကြသဖြင့်
အထင်သေး အမြင်သေး ခံရကြလေသည်။ သို့ရာတွင် လင်းနို့များသည်
သီးနှံဖျက်ပိုးမွှားတို့ကို စားသောက်ဖျက်ဆီးပစ်ရုံမျှမက လင်းနို့ချေးကိုလည်း
မြေဆီလွှာတွင် သြဇာဖြည့်လောင်းရန်အတွက် အသုံးချနိုင်သဖြင့် လူ၏
မိတ်ဆွေကောင်းများဟု ဆိုရချေမည်ဖြစ်သည်။
အမေရိကတိုက် အလယ်ပိုင်းဒေသနှင့် တောင်အမေရိကတိုက်တို့
တွင် တွေ့ရှိရသော သွေးစုတ်လင်းဆွဲမျိုးအချို့မှာ ကျွဲ၊ နွား၊ မြင်းစသော
တိရစ္ဆာန်တို့၏ ကျောပေါ်တွင်နား၍ သွေးစုတ်လေ့ရှိကြရာ တစ်ခါတစ်ရံ
သွေးစုတ်ခံရသော တိရစ္ဆာန်တို့သည် သွေးအားနည်း၍ အသက်ပင် ဆုံးရ
တတ်သည်။ ထိုသွေးစုတ်လင်းဆွဲတို့သည် အိပ်ပျော်နေသော လူများ၏ သွေး
ကိုပင် စုတ်ယူတတ်ကြသည်။
လင်းနို့များသည် အလွန်ရှေးကျသော တိရစ္ဆာန်မျိုးထဲမှဖြစ်၍
လင်းနို့အတောင်ကို သေချာစွာ စစ်ဆေးကြည့်ရှုလျှင် အရိုးများ၏ အနေ
အထားများမှာ လူ၏ လက်ချောင်းများ အနေအထားနှင့် ခပ်ဆင်ဆင်တူ
သည်ကိုတွေ့ရမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် လင်းနို့ ၁၂ မျိုးမျှရှိလေသည်။
လင်းနို့သည် ခိုင်ရော့ပတာရာဟူသော နို့တိုက်သတ္တဝါမျိုးစဉ်တွင်
ပါဝင်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==
<references/>
 
[[Category:တိရစ္ဆာန်]]
[[Category:သတ္တဗေဒ]]