ဝတ္တစက္ခုဗေဒ(Object Oriented): တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၂ -
 
==ဝတ္တစက္ခုဗေဒ၏လက်ရှိအနေအထား==
ဝတ္တစက္ခုဗေဒ မပေါ်ပေါက်ခင်ကာလများတွင် စစ္စတမ်များအား အသေးစိတ်ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရာတွင် [[ဒေတာဖွဲ့စည်းပုံ]]ကို အခြေခံ၍ ခွဲခြမ်း စိတ်ဖြာသည့် နည်းလမ်းဖြစ်သော [[ဖွဲ့စည်းပုံစနစ်ချခြင်းနည်းပညာ]]ကို အသုံးပြုခဲ့ကြ၏။
 
တဖန်[[ပရိုဂရမ်မင်း]]အဆင့်တွင်လည်း [[ပရိုဂရမ်မင်း]]၏ လုပ်ဆောင်ပုံကို သက်မှတ်ပေးသော အမိန့်ဖွဲ့စည်းပုံများကို စုပေါင်းရေးသားလေ့ရှိသော [[ဖွဲ့စည်းပုံစနစ်ချပရိုဂရမ်မင်း]]နှင့် အမျိုးအစားတူ လုပ်ဆောင်ချက်များကို စုစည်းထား၍ ပြင်ပမှ အလွယ်တကူ ဆက်သွယ်ခြင်း မပြုလုပ်နိုင်ရန် အကန့်များကို သတ်မှတ်လေ့ရှိသော [[မော်ဂျူးပရိုဂရမ်မင်း]]၊ အနေအထားအမျိုးမျိုးအပေါ်တွင် အသုံးပြုနိုင်မှု့ကို ဦးစားပေးသား [[ဒေတာအမြင် ပရိုဂရမ်မင်း]]အစရှိသော နည်းလမ်းများကို အသုံးပြုခဲ့ကြ၏။
 
ဝတ္တစက္ခုဗေဒသည် အထက်ပါနည်းလမ်းများကို စုပေါင်း၍ အသုံးလွယ်ကူရန် စီစဉ်ထားသော နည်းပညာတစ်ခုဖြစ်သည်ဟု စဉ်းစားနိုင်ပါသည်။
 
[[ဝတ္တစက္ခုလက္ခဏ]]နှင့် [[ဝတ္တစက္ခုဒီဇိုင်း]]တွင် အခြေခံ၍ လက်တွေ့စစ္စတမ်များကို တည်ဆောက်ရာတွင် မဖြစ်မနေ [[ဝတ္တစက္ခုပရိုဂရမ်မင်းဘာသာရပ်များ]] (OOPL; object-oriented programming language) ကို အသုံးပြုရမည်ဟု မဆိုလိုပါ။ သို့ရာတွင် ဝတ္တစက္ခုလက္ခဏနည်းလမ်းဖြင့် ခွဲခြမ်းစိတ်ဖြာ၍၊ ဝတ္တစက္ခုဒီဇိုင်းဖြင့် ဖွဲ့စည်းပုံကို ဒီဇိုင်းရေးစွဲထားသော စစ္စတမ်တစ်ခုအား လက်တွေ့တည်ဆောက်ရာတွင် ဘာသာရပ်ပိုင်းဆိုင်ရာ အတွေးအခေါ်များတွင် ကွာခြားမှု့နည်းပါးစေရန် ဝတ္တစက္ခုပရိုဂရမ်မင်းဘာသာရပ်များကို အသုံးပြုကြသည်က များပါသည်။
 
==ဝတ္တစက္ခုအခြေပြု စစ္စတမ် တည်ဆောက်ပုံများ==
ဝတ္တစက္ခုအခြေပြု စစ္စတမ် တည်ဆောက်ပုံများအနေဖြင့်[[Booch နည်းလမ်း]]<ref>[http://en.wikipedia.org/wiki/Booch_method ''Booch_method'']</ref>၊[[ဝတ္တုစံပြုနည်းပညာ]] (OMT)<ref>[http://en.wikipedia.org/wiki/Object-modeling_technique ''Object modeling technique''] </ref>နှင့်[[ဝတ္တစက္ခုဆော့ဖ်ဝဲစက်မှု့ပညာ]] (OOSE/Objectory) <ref>[http://en.wikipedia.org/wiki/Object-oriented_software_engineering ''Object-oriented Software Engineering'']</ref>အစရှိသည့် နည်းလမ်းများက ထင်ရှားကြ၏။