ဓနုလူမျိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၁ -
 
ပါးစပ်သမိုင်းတစ်ခုမှာ ပုဂံပြည်အလောင်းစည်သူမင်းကြီးသည် ရှမ်းတောင်တန်းသို့တိုင်းခန်းလှည့်လည်လာစဥ် လေးသည်တော်တို့သည် ၎င်းအရပ်၌နေထိုင်ကျန်ရစ်ခဲ့ကြသည်ဟုဆိုကြသည်။ အခြားတစ်ခုမှာ အလောင်းစည်သူမင်းကြီးတိုင်းခန်းလှည့်လည်လာစဥ် ယောက်ဖဖြစ်သူလည်းပါလာခဲ့သည်။ ထိုသူသည် အပျော်ကြူးခြင်းဝါသနာပါရကား ဒုံးလွှတ်ကစားလေ့ရှိသည်။ တစ်နေ့တွင်ဒုံးမှန်၍သေလေရာ မင်းကြီးက ထိုနေရာတွင် မြို့တည်၍ မိမိအခြွအရံအချို့ကိုနေရာချထားခဲ့ရာမှ ဓနုလူမျိုးများဆင်းသက်ပေါက်ဖွားလာကြသည်ဟုဆိုသည်။ ခိုင်လုံသောသက်သေအထောက်အထားမရှိပေ။
 
ဓနုလူမျိုးများကို ယင်းတို့ပြောဆိုသော စကားအလိုက်၊ ရှမ်းစကားကို ပြောသူများအား ရှမ်းဓနုဟူ၍၄င်း၊ မြန်မာစကားကို ပြောသူ
များအား မြန်မာဓနုဟူ၍၄င်း ခွဲခြားခေါ်ဝေါ်၏။ ယင်းတို့ပြောသော မြန်မာစကားမှာမူ အသံဝဲ၏။ အဝတ်အစားဝတ်ရာ တွင်လည်း ရှမ်းတို့နှင့် နီးစပ်သူများက ရှမ်းအဝတ်အစားကို ဝတ်ဆင်၍၊ မြန်မာတို့နှင့် နီးစပ်သူများမှာ မြန်မာကဲ့သို့ပင် ဝတ်ဆင်သည်။ ရိုးရာယဥ်ကျေးမှု၊ အတီးအမှုတ်ဂီတ၊ ပွဲလမ်းသဘင်တို့ဖက်တွင် ရှမ်းဖက်နွယ်သည်။