လှိုင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၃၃ -
လှိုင်မြို့နယ်သည် ရန်ကုန်တိုင်း အတွင်းရှိသည်။
== သမိုင်း ==
လှိုင်ဟူသောဝေါဟာရသည် "ပီးလိုင်း" ဆိုသည်မွန်ဘာသာ စကားမှဆင်းသက်လာခြင်းဖြစ်သည်။ ပီးလိုင် သည်ရေများ ပန်းထွက်ခြင်း၊စိမ့်ထွက်ခြင်းဟု အဓိပ္ပါယ်ရသည်။ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမ တောင်စွယ်ပေါ်၌ မြစ်ဖျားခံ၍ စိမ့်ထွက်လာသည့်မြစ်ကို ပီးလိုင်မြစ်ဟု ဒေသခံတို့က ခေါ်ဝေါ်ခဲ့ကြသည်။ နောင်အတန်ကြာသော် လှိုင်မြစ်ဟူ၍[[မြစ်မခမြစ်|လှိုင်မြစ်]]ဟူ၍ ပြောင်းလဲခေါ်ခဲ့ကြသည်။<br />
လှိုင်မြစ်၏ မြစ်ဖျားပိုင်း အရှေ့ဘက် ကမ်းဘေးတွင် လှိုင်မြစ်ကိုအစွဲပြု၍ ခေါ်သော လှိုင်မြို့လေးတည် ရှိပါသည်။ယင်းမြို့လေးကား ရှေးခေတ်အခါက မြို့ရိုး၊ ကျုံးနှင့်တကွ အခိုင်အမာ တည်ရှိခဲ့ဖူးသည်။ ဟံသာ၀တီမြို့ကောင်းစားစဉ် အခါက ဟံသာ၀တီ (၃၂) မြို့အဝင် ခံတပ်မြို့ တစ် မြို့ လဲ ဖြစ်ဖူးသည်။ အင်း၀ ၊ ဟံသာ၀တီ နှစ် (၄၀) စစ်ပွဲအတွင်းက မြန်မာဘုရင်နှင့် မွန်ဘုရင်တို့၏ လက်အောက်ခံမြို့ အဖြစ်တည်ရှိဖူး၏။ ကုန်းဘောင်ခေတ်ဦးကာလသို့ ရာက်သောအခါ လှိုင်မြို့က မြန်မာဘုရင်လက်အောက်ခံဖြစ်လာသည်။<br />
အလောင်းမင်းတရား သည် ဟံသာ၀တီ ဒေသကိုသိမ်းပိုက်ပြီးနောက် ၂၊မေ၊၁၇၅၅ တွင် ရန်ကုန်မြို့ ကိုတည်ထောင်လိုက်၏။အလောင်းမင်းတရားက ရန်ကုန် ၌ မြို့ဝန်တစ်ဦးခန့်ထား လျက် ယခင်ဟံသာ၀တီ (၃၂)မြို့ပါ နယ်မြေဒေသ အားလုံးကို ကွပ်ကဲစေသည်။ သို့ဖြင့်လှိုင်မြို့ကလေးသည်လည်း ရန်ကုန်မြို့ဝန်၏လက်အောက်ခံမြို့တစ်မြို့ဖြစ်လာတော့သည်။ ရန်ကုန်မြို့ဝန်က လှိုင်မြို့ ၌မြို့သူကြီး တစ်ဦးထား ရှိသည်။ သို့သော် လှိုင်မြို့သည် ယခင်မွန်ဘုရင် များလက်ထက်ကလောက် စည်ကားခြင်း မရှိတော့ပေ။<br />