"ဝါဆိုလ" ၏ တည်းဖြတ်မှု မူကွဲများ

၈၅၆၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၈ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
 
မ္လယ်တာ (ဝါဆို) အမည်ရှိသည့်စတုတ္ထလသည် ဇွန်-ဂျူလိုင်တွင် ကျရောက်သည်။ 'မ္လယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက်စိုက်ပျိုးသည့် မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ်ရသောကြောင့် ယခုလသည် ကောက်ပင် စိုက်ပျိုးမည့် မြေကို အကွက်ငယ်များအဖြစ် တိုင်းကာမြေကွက်များအား ကဇင်းတင်သည့်လုဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုမြေကွက်အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆိုဟု ပြောင်းလဲခေါ်ရခြင်းမှာ ယခုလကမှ အစပြုပြီး ရဟန်းသံဃာတို့အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ခမ်းကို ခွဲခွာ၍ အခြားအရပ်တပါးသို့ မသွားရဟု စတင် ကန့်သတ်သည့်ကာလ ဖြစ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ [[မြတ်လေးပန်း]] (Pomea coccinea) ဖြစ်သည်။
 
 
 
မြန်မာ တစ်ဆယ့်နှစ်လတွင် စတုတ္တလဖြစ်သော ဝါဆိုလ
သည် မိုးဥတုတွင်ပါဝင်သည်။ ဝါထပ်သည့်နှစ်များတွင် ဝါဆိုလကို နှစ်လ
ပြုကာ ပထမဝါဆို၊ ဒုတိယဝါဆို ဟူ၍ဝါထပ်၏။
 
ဝါဆိုလကို ပုဂံခေတ်ထိုး ကျောက်စာတို့၌ လွီယ်တာ၊ မြွယ်တာ
ဟူ၍ရေးသားသည်။ တစ်ခါတစ်ရံ နွယ်တာ၊ နွေတာဟူ၍လည်းရေးသား၏။
ထိုနွယ်တာ၊ နွေတာတို့၏အနက်ကို ဝေါဟာရ လီနတ္တဒီပနီတွင် နွေတာမှ
ရွေ့လျောပြီး နွယ်တာဖြစ်လာကာ နွေသည် နွေဥတုရာသီဟောသည်။ တာ
သည် ပါဠိဘာသာ အတီတပုဒ်ပျက်၊ အတိတ်ဟောသော်လည်းကောင်း၊
အန္တာုပုဒ်ပျက် အဆုံးအဖျား ဟောသော်လည်းကောင်းဖြစ်သည်။ ဝါဆိုလ
ပြည့်တွင် နွေဥတုရာသီကုန်ဆုံး၍ အတိတ်ဖြစ်လာသောကြောင့် အဆုံးအဖျား
အပိုင်းအခြားရောက်သည်ဖြစ်၍ နွေတာလဟုခေါ်သည် စသည်ဖြင့် ဖော်ပြ
ထား၏။ ဝါဆိုဟူသောစကားတွင် ဝါသည် ပါဠိဘာသာ နေခြင်းဟော
ဝါသပုဒ် ဖြစ်သည်ဆိုသည်။ မြန်မာဘာသာ ရွတ်ခြင်း၊ ဟောခြင်း ဟော
သည်။ ဝါဆိုဟူသည် မှာရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြား
တစ်ပါးသို့ အကြောင်းမဲ့မသွားရဘဲ မိမိတို့၏ ကျောင်းအရံအတွင်း၌ နေခြင်း
ဖြစ်လေသည် ။
( ဝါ။)
 
ဤသို့ရဟန်းတို့ ဝါဆိုသည်ကိုစွဲ၍ ဝါဆိုလ ဟုခေါ်သည် ။
ဝါဆိုလကို ဗေဒင်အခေါ်အားဖြင့် ကရကဋ်ရာသီခေါ်သည်။ ထို
ရာသီတွင် ပြုပ္ပာသန်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှ
နက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ပုစွန်လုံးဖြစ်၏။
ရာသီပန်းမှာ ပုန်းညက်ပန်း၊ မြတ်လေးပန်းတည်း။ ဤကိုရည်၍ ဦးယာက·
''ပျံ့မွှေးဝတ်ဆံ၊ ရိုးတံမြရွက်၊ ပုန်းညက်ရွှေလှော်၊ မွှေးပေါင်းဖျော်
၍၊ တောင်တော်မြင့်ဖျား၊ မြင့်မိုခါးက၊ ပတ္တမြားဗိမာန်၊ ပြုပ္ပာသန်နှင့်၊
ယုဂန္ဓိုရ်မှ၊ လှည့်သွားကြသော်၊ နောက်ကမကွာ၊ ဗျိုင်းတာရာဝယ်၊ ညီညာ
ခံသ၊ ရောင်ထွန်းပလျက်၊ ဖုသျှနက္ခတ် ၊ ဖန်နေနတ်နှင့်၊ လှည့်ပတ်ညီစွာ၊
သွားသောခါတွင်၊ မမြင်ဘဝါး၊ အသုဉ်းညား၍၊ ပန်းများလှိုင်ကြူ၊ မဉ္စူ
ရွှေခက်၊ ပုန်းညက်ကြိုင်သော်'' ဟူ၍ ဆယ့်နှစ်ရာသီဘွဲ့ လူးတား၌ရေးစပ်
ထား၏။
 
ဝါဆိုလတွင် ရှေ့မြန်မာမင်းများ ရှိစဉ်အခါက ပဉ္စင်းတော်ခံပွဲများ
ကျင်းပမြဲဖြစ်၏။ ယင်းသို့ မြန်မာမင်းတို့ ပဉ္စင်းတော်ခံပွဲကျင်းပသည်ကို
ရည်၍ ဦးအောင်ကြီးက အင်းဝမြို့ဘွဲ့ ဆယ်နှစ်ရာသီလူးတား ဝါဆိုလဘွဲ့
တွင်·
''သာစွလေ၊ မှိုင်းဝေညိုမျှ၊ ကောင်းကင်ဝဝယ်၊ လနှင့်အာသဠ်၊
ပြည့်ဝရန်လျက်၊ ယဉ်ထန်ရေရှူး၊ မိုးလေဦးနှင့်၊ ကြိုင်မြူးဧမြက်၊ ပုန်းညက်
သရဖီ၊ ပွင့်ချင်းညီ၍၊ ရာသီလှည့်ပတ်၊ ကရကဋ်ဟူ၊ နတ်လည်းစက်လို၊
လဝါဆိုကား မြင့်မိုမာဃ၊ ဒေဝိန္ဒသို့၊ မင်မျာ့သခင် ၊ဆင်စီရင်၍၊ ထမ်းစင်
ယာဉ်သာ၊ ရွှေချက်ကာလျက်၊ ရတနာပေါင်းဖျင်၊ စီရင်ခင်းကျင်း၊ သိကြား
မင်းသို့၊ တင့်ခြင်းဆောင်ရွက်၊ စံစေလျက်တည့်၊ ဘဝဂ်ထိန့်ကျော်၊ ပဉ္စင်း
တော်ကို၊ ရွှေလှော်မွမ်းရုံ၊ ရွှေစည်းခုံဝယ်၊ သုံဘုံဝဋ်မှ၊ လွတ်စေရသား
ဂေါတမမုနိ၊ သီရိကြိမ်ကြိမ်၊ မြတ်သည့်သိမ်သို့၊ ငြိမ်ဆိမ်လည်းဝင်၊ သိက္ခာ
တင်သည်၊ ပဉ္စင်းတော်မြတ်ရဟန်းတည့်လေး'' ဟူ၍ ဘွဲ့ဆိုခဲ့၏။
ရွှေဗျိုင်းတာရာ ထွန်းပသည့် ဝါဆိုလတွင် နံနက်စက်နာရီ ၅ နာရီ
၂၉ မိနစ်တွင် နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၄၃ မိနစ်တွင်
နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ ၃၆ နာရီ ၊ ည ၂၄ နာရီရှိသည်။
ဤကိုရည်၍ ဦးယာက ဆယ့်နှစ်ရာသီဘွဲ့ လူးတားဝါဆိုလဘွဲ့တွင်·
''သည်ရာသီတွင်၊ နာရီနေ့ကို၊ သုံးဆယ်ဆိုရှင့်၊ စွန်းပိုခြောက်ခု၊
ကြွင်းစုနာရီ၊ ညဉ့်သို့စီသော၊ မညီအရေး၊ နှစ်ဆယ့်လေးတည့်'' ဟူ၍
စပ်ဆိုခဲ့၏။
 
ဝါဆိုလတွင် အင်္ဂါနှင့် ရာဟုခေါ်သော ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ
ပြဿဒါးရက်များဖြစ်၍ တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့များမှာ ရက်ရာဇာများဖြစ်
သည်။ ဝါဆိုလတွင် ရက်စုံကွယ်သောကြောင့် ရက်ပေါင်း ၃ဝ ရှိသည်။
ဝါဆိုလတွင် ရဟန်းတော်များသည် အခြားတစ်ပါးသို့ အကြောင်းမဲ့မသွားဘဲ
ဝါကပ်ဝါဆိုမြဲဖြစ်၏။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==
<references/>
 
 
{{မြန်မာလများ}}
၂၅၄၃၉

တည်းဖြတ်မှုများ