ယုဒသန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၁၄ -
အမှတ်ကျောင်းပင် ဖြစ်ပေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)</ref>
 
 
 
ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာ၀ရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်း၀နေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧ၀ံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။
နှစ်အလိုက် ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ်
၁၇၈၈ သြဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။
ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။
၁၈၀၄ ၁၆နှစ် ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။
၁၈၀၇ ၁၉နှစ် ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင် ရရှိခဲ့သည်။
၁၈၀၇ ၁၉နှစ် အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာ
သင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက်
မြို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။
၁၈၀၈ ၂၀နှစ် ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှ
ညည်းညူသေဆုံးသွားသူ လူငယ်တဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ မိမိသူငယ်ချင်း
ဘာသာမဲ့တဦးဖြစ်သည်ကို အံ့သြဘွယ် ကြုံခဲ့ရပြီး မိမိ မိသားစုထံ ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်း
Andover Seminary တွင်ဆက်လက်တက်ခဲ့သည်။
၁၈၀၉ ၂၁နှစ် Plymouth အသင်းတော်တွင် ပါ၀င်ပြီး ဧ၀ံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်း
လုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက် နှစ်နှင်ချီပြီးဆွေးနွေး
တိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
၁၈၁၁ ၂၃နှစ် လန်ဒန်မြို့သို့ သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းသည်။
၁၈၁၂ ၂၄နှစ် အန်းနှင့် လက်ထပ်သည်။ သိက္ခာရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။ ဘော့စတွန်မြိုမှာ
သင်္ဘောဖြင့် အိန္နိယပြည်၊ ကာလကတ္တားမြို့ အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။
၁၉၁၃ ၂၅နှစ် ရန်ကုန်မြိုသို့ ဇူလိုင် ၁၃ရက်နေ့တွင် ရောက်ရှိသည်။
၁၈၁၆ ၂၈နှစ် မြန်မာစကား၊စာပေ ကို ၆လခန့်အပြင်းအထန် ဟိန္နူလူမျိုးတဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊ စာပေကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ - အင်္ဂလိပ် အဘိဓာန်၊ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုရင်း မြန်မာကျမ်းစာအုပ် ရှင်မဿဲခရစ်၀င် ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။
၁၈၁၉ ၃၁နှစ် လူထုတရားပွဲများ ရွေဓိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော နှစ်ခြင်းခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ (၁၉၁၉ ဇွန် ၂၇)။ ထို့နောက် မောင်သာလှ၊ မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။ မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး ရွှေမြန်မာ ကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်းသာသနာပြုခွင်တောင်းဆိုခဲ့ရာ ညင်းပယ်ခံရသည်။
၁၈၂၀ ၃၂နှစ် ထို့နောက် သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့် အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့ ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။ မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွယ်၀ချမ်းသာသော မိတ်ဆွေ၂ဦးတို့ နှစ်ခြင်း ခံခဲ့သည်။ မောင်ရွှေဂုံးသည် မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီသူဖြစ်သည်။
၁၈၂၃ ၃၅နှစ် ဓမ္မသစ် မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။
၁၈၂၄ ၃၆နှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဆရာယုဒသန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက အင်း၀နေပြည်တော်သို့ သူလျှိုအဖြစ် စွတ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
၁၈၂၆ ၃၈နှစ် သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။ ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။ ကျမ်းစာ ဘာသာပြန် ဆက်လုပ်သည်။ ပထမဇနီးသည် ကွယ်လွန်သည် (၁၈၂၆) ။ ဖခင်ဖြစ်သူ ကွယ်လွန်သည် (၁၈၂၇)။
၁၈၃၄ ၄၆နှစ် ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။
၁၈၃၅ ၄၇နှစ် ဓမ္မဟောင်းကျမ်းစာ မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။ (ဒီဇင်ဘာ ၂၉)။
၁၈၃၅ ၄၇နှစ် အမေရိကားသို့ သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။ (၁၈၃၅)
ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ - ၁၈၃၅ တွင် ရောက်ရှိသည်။ အမေရိကန် အသင်းတော် များတွင် အမေရိကန် စကားဖြင့် မြန်မာသာသနာပြု ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။
၁၉၄၅ ၅၇နှစ် မစ္စအမ္မလီချူးဗက် နှင့် အိမ်ထောင်ပြုသည်။ ၁၉၄၆ ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။
၁၈၄၆ ၅၈နှစ် အင်္ဂလိပ်-မြန်မာ အဘိဓါန် ပြီးစီးခဲ့သည်။
၁၈၅၀ ၆၂နှစ် ဆေးကုသရန် အမေရိကားသို့ ပြန်ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်။ (၁၂ ဧပြီ ၁၈၅၀)
== ကိုးကား ==
<references/>