တောက်တဲ့: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၁ -
တောက်တဲ့သည် သစ်ပင်များပေါ်တွင်နေသော သတ္တဝါဖြစ်သည်။ ပုံစံမှာအိမ်မြှောင်နှင့်တူပြီးအရွယ်ပိုကြီးသည်။ အိမ်မြှောင်များကဲ့သို့နံရံများ၊ မျက်နှာကျက်များပေါ်တွင် ကပ်နေနိုင်သည်။ "တောက်တဲ့၊ တောက်တဲ့" ဟုအော်မြည်လေ့ရှိသဖြင့် တောက်တဲ့ဟုခေါ်ခြင်းဖြစ်သည်။ တောက်တဲ့အော်သည့်အကြိမ်ကို မိုးလား၊ လေလားဟု လိုက်အော်ရင်းကလေးများ မိုးဗေဒင်တွက်ကြသည်။ တောက်တဲ့ချေးသည် အဆိပ်ဖြစ်စေသည်။ အထူးသဖြင့်တောက်တဲ့နက်ချေးသည် အဆိပ်ပြင်းသည်ဟုဆိုကြသည်။ အာခေါင်နီတောက်တဲ့ကိုက်ခံရလျှင်သေတတ်သည်ဟုလည်းဆိုကြသည်။ တောက်တဲ့သည် အကြောင်းတစ်စုံတရာကြောင့်လန့်ဖျတ်ပြီး လူပေါ်ကပ်လာပါက ခွာမရဖြစ်သည်။ မိုးခြိမ်းမှပြန်ကွာကျသည်ဟုပြောလေ့ရှိကြသည်။ ယခုအခါတောက်တဲ့သည် [[ခုခံအားကျဆင်းမှုရောဂါ]]ကို ကုသနိုင်သည်ဟု တရုတ်နိင်ငံမှ အဝယ်များသောကြောင့် စျေးကောင်းပြီးဈေးကောင်းပြီး ရှားပါးကုန်ပြီဖြစ်သည်။
 
[[Category:တိရစ္ဆာန်]]