ထွန်းတင်၊ သူရ: တည်းဖြတ်မှု မူကွဲများ

"[[File:PM_Thura_Htun_Tin.JPG|right|thumb|ဝ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၈ -
 
==နိုင်ငံရေးဘဝ==
၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိကျင်းပခဲ့သော ပထမအကြိမ် ပါတီညီလာခံနှင့် ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသော ဒုတိယအကြိမ် ပါတီညီလာခံ နှင့် ၁၉၈၁ ခုနှစ်၊ သြဂုတ်လဩဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသော စတုတ္ထအကြိမ် ပါတီညီလာခံတို့၌ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်ပွဲ နှင့် ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့သောဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်ပွဲ ၌ မြစ်ကြီးနား မဲဆန္ဒနယ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး၊ သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော တတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေး ၌ [[နတ္တလင်း]] မြို့နယ် မဲဆန္ဒနယ်(၁)မှ သူရဦးထွန်းတင် အား ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်ပွဲတွင်လည်း ဒုတိယကြိမ်မြောက် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ထပ်မံ ရွေးချယ်ခြင်း ခံခဲ့ရပါသည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ကို ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ ၌ ကျင်းပခဲ့ရာ သူရဦးထွန်းတင် အား [[ဝန်ကြီးချုပ်]] အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ ကြပါသည်။<ref>မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ၁၉၈၉။ (ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၈၉) စာ၂၄၃</ref> ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် တာဝန်မှ အနားယူခဲ့ပါသည်။
 
==ဂုဏ်ပြုချီးကျူးခံရခြင်းများ==
စာကြောင်း ၁၄ -
 
==ပြည်ပခရီးများ==
၁၉၇၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် [[သြစတြီးယားဩစတြီးယား]]နိုင်ငံသို့လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် [[အင်ဒိုနီးရှား]]နိုင်ငံနှင့် [[ဂျပန်]]နိုင်ငံသို့လည်းကောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် [[အမေရိကန်]] နိုင်ငံသို့လည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် [[ပြင်သစ်]]နိုင်ငံ သို့ လည်းကောင်း သွားရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၈၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် [[နယ်သာလန်]]၊ [[ဗြိတိန်]]၊ [[ဗဲလဂျီယမ်]]နိုင်ငံသို့လည်းကောင်း၊ ဇွန်လ ၁၆ ရက်နေ့တွင် [[တရုတ်]]နိုင်ငံသို့လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့လည်းကောင်းသွားရောက်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ဧပြီလ ၂၀ ရက်နေ့ မှ မေ ၂၀ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ [[ထိုင်း]]နိုင်ငံ၊ [[မလေးရှား]]နိုင်ငံ တို့နှင့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် [[ကိုရီးယား]]သမ္မတနိုင်ငံ၊ ၁၉၈၆ ခုနှစ်၊ မေလတွင် [[ဖိလစ်ပိုင်]]နိုင်ငံ၊ အောက်တိုဘာလ တွင် အမေရိကန် နိုင်ငံ၊ ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ တို့သို့ အသီးသီးသွားရောက်ခဲ့သည်။
 
==ကိုးကား==