သေနတ်: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၁၀ နှစ်
အရေးမကြီး
Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
No edit summary
အရေးမကြီး (Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...)
သေနတ်ကို စတင် တီထွင်ခဲ့သူများမှာ တရုတ်လူမျိုးများဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ တီထွင်သူ၏အမည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။ ခရစ်နှစ် ၉၀၅-ခုနှစ် (လွန်ခဲ့သော အနှစ် ၁၁၀၀-ကျော်)က တီထွင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ တရုတ်တို့သည် မီးတိုု့ထားသော ဖယောင်းတိုင်ကို သံချွန်တခုနှင့်တွဲစပ်ပြီး ကျည်ဆန်အဖြစ် အသုံးပြုပါသည်။ ၄င်းအား မှုတ်၍ဖြစ်စေ၊ ပစ်၍ဖြစ်စေ သေနတ်ကဲ့သို့ အသုံးပြုခဲ့ကြပါသည်။ သို့သော် ထိုကိရိယာကို သေနတ်ဟု မခေါ်ကြသေးပါ။ မီးလှံဟုသာ ခေါ်ဆိုခဲ့ကြပါသည်။ မည်သို့ပင် ဆိုစေ အဆိုပါမီးလှံသည် သေနတ်၏ မူလအစ ပစ္စည်းပင်ဖြစ်ပါသည်။
 
၁၂၅၀-ပြည့်နှစ် ရောက်သောအခါတွင်မှ ယမ်းမှုန့်ကို အသုံးပြုပြီး ပေါက်ကွဲစေတတ်သော သေနတ်အစစ်ကို တရုတ်တို့ တီထွင်နိုင်ခဲ့ကြပါသည်။ ထိုအချိန်ထိ ဥရောပနိုင်ငံများတွင် သေနတ်ပေါ်ပေါက်လာခြင်း မရှိသေးပါ။ ၁၄-ရာစုရောက်သောအခါတွင်မှ ဂျာမန်ဘုန်းတော်ကြီးတပါးဖြစ်သော ဘာသိုးလ်ရှ၀ဒ်ဆိုသူကဘာသိုးလ်ရှဝဒ်ဆိုသူက တရုတ်တို့ထံမှ နည်းပညာကိုယူပြီး သေနတ်ပြုလုပ်ပြခဲ့ပါသည်။
 
သူတီထွင်သော သေနတ်မှာ ၃-ပေခန့်အရှည်ရှိပါသည်။ တဖက်ပိတ်သတ္တုပြောင်းဖြင့် ပြုလုပ်ထားပါသည်။ ၄င်းသတ္တုပြောင်းကိုငြိမ်အောင် သစ်သားချောင်းအဖြောင့်တချောင်းနှင့် ပူးချည်ထားပါသည်။ သေနတ်ပစ်ပုံပစ်နည်းမှာ အန္တရာယ်များလှပါသည်။ ဦးစွာ ယမ်းကို ပြောင်း၀တွင် ကျောက်ခဲများ သံစများနှင့်ရောပြီး ထည့်ထားရပါသည်။ ပစ်လိုသောအခါ လူတယောက်က သေနတ်ကို ချိုင်းတွင် မြဲမြဲညှပ်ထားပေးရပါသည်။ ကျန်တယောက်က သေနတ်အနောက်ပိုင်းရှိ အပေါက်မှ ယမ်းကို မီးရှို့ပေးရပါသည်။ ထိုအခါ မီးခိုးလုံးများ ထွက်လာပြီး ပြင်းထန်သောအသံဖြင့် ပေါက်ကွဲသွားလေ့ရှိပါသည်။ ဤသေနတ်မျိုးသည် ရန်သူကိုသာမက အခန့်မသင့်လျှင် ပစ်သူကိုယ်တိုင် သေနတ်မှန်ပြီး သေဆုံးတတ်ပါသည်။ ေ၀းေ၀းလည်း ပစ်မရပါ။
၃၂၆၀၈

တည်းဖြတ်မှုများ