အဝေးကြည့်မှန်ပြောင်း: တည်းဖြတ်မှု မူကွဲများ

"အဝေးကြည့်မှန်ပြ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၁ -
အဝေးကြည့်မှန်ပြောင်း တယ်လီစကုပ်ကို တီထွင်နိုင်ရန်အတွက် ရှေးဦးစွာ အကြံရခဲ့သူမှာ အင်္ဂလိပ်လူမျိုး တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင် ရော်ဂျာဘေကွန် (Roger Bacon) (၁၂၁၄-၁၂၉၄) ဖြစ်ပါသည်။ ရော်ဂျာဘေကွန်သည် ၁၂၆၀-ခန့်တွင် Opus Majus အမည်ရှိ ကျမ်းတစောင်ကို ပြုစုခဲ့ပါသည်။ ထိုကျမ်းတွင် ဘေကွန်က မှန်ဘီလူးများကို အဆင့်ဆင့် အသုံးပြုခြင်းဖြင့် အဝေးတွင်ရှိနေသော ပစ္စည်းများကို ပြတ်သားစွာ မြင်တွေ့အောင် ပြုလုပ်နိုင်ကြောင်း ရေးသားခဲ့ပါသည်။ ထို့အပြင် မျက်မှန်အတွက် အခြေခံဖြစ်သော အချက်အလက်များကိုလည်း တင်ပြခဲ့ပါသည်။ သို့သော် ရော်ဂျာဘေကွန်သည် အဝေးကြည့်မှန်ပြောင်းကို လက်တွေ့ပြုလုပ်ခဲ့ခြင်း မရှိပါ။
 
အဝေးကြည့် မှန်ပြောင်းကို အမှန်တကယ် စတင်အသုံးပြုခဲ့သူမှာ ဟော်လန်နိုင်ငံသား ဟန်းစ်လစ်ပါရှေး (Hans Lippershey) ဖြစ်ပါသည်။ ၁၆၀၈-ခုနှစ်တွင် လစ်ပါရှေးသည် မှန်ဘီလူးခုံးတခုနှင့် မှန်ဘီလူးခွက် တခုကို အသုံးပြုပြီး အေ၀းကြည့်မှန်ဘီလူးတခုကို စတင်ပြုလုပ်ခဲ့ပါသည်။ သူ၏တီထွင်မှုမှာ အာကာသ သုတေသနလုပ်ငန်းအတွက်မဟုတ်ဘဲ စစ်တိုက်ရာတွင် အသုံးပြုရန်အတွက်သာ ဖြစ်ပါသည်။ ထိုအချိန်တွင် ဥရောပတိုက်၌ မှန်သွေးခြင်းပညာ ကောင်းစွာပျံ့နှံ့နေပြီ ဖြစ်ရကား လစ်ပါရှေး၏ အဝေးကြည့်မှန်ပြောင်းမှာ ခဏတာအတွင်း ဥရောပတိုက်အတွင်း ပျံ့နှံ့သွှွားခဲ့ပါသည်။ပျံ့နှံ့သွွှားခဲ့ပါသည်။
 
အဝေးကြည့်မှန်ပြောင်းကို အာကာသသုတေသန လုပ်ငန်းအတွက် စတင်အသုံးပြုခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး ဂယ်လီလီယို (Galileo Galilei) (၁၅၆၄-၁၆၄၂) ဖြစ်ပါသည်။ ဂယ်လီလီယိုသည် ၁၆၀၉-ခုနှစ်တွင် ဟော်လန်နိုင်ငံ၌ တယ်လီစကုပ်ခေါ် အဝေးကြည့်မှန်ပြောင်း ပေါ်နေပြီဖြစ်ကြောင်း သတင်းစကားကြားသိပါသည်။ ပါရမီရှင် ဂယ်လီလီယိုသည် ထိုအဝေးကြည့်မှန်ပြောင်းကို မတွေ့မြင်ဘူးဘဲ သူကိုယ်တိုင် အဝေးကြည့်မှန်ပြောင်းတလက်ကို တီထွင်လိုက်ပါသည်။ သူတီထွင်သော အဝေးကြည့် မှန်ပြောင်းမှာ လစ်ပါရှေး၏မှန်ပြောင်ထက် ပိုမိုကောင်းမွန်နေပါသည်။