သရက်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၀ -
 
မြန်မာအစိုးရပိုင် အထက်မြန်မာပြည်နှင့် အင်္ဂလိပ်အစိုးရပိုင် အောက်မြန်မာပြည်ကို သရက်မြို့ဖြင့် ပိုင်းခြား သတ်မှတ်ပြီး နယ်ခြားမှတ်တိုင်မှာ ရွှေဟသာၤကျွန်းအနီးတွင်ရှိပါသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင်သရက်မြို့သည် တပ်မြို့ဖြစ်ပြီး ဂေါ်ရာစစ်သားအများအပြားထားရှိရာတပ်မြေသည်မြို့မြေနီးပါးကျယ်ဝန်းခဲ့ပါသည်။ ဂေါ်ရာစစ်သားအချို့ သည် သရက်မြို့မှ အမျိုးသမီးများကို လိုက်လံ နှောင့်ယှက်တတ်သဖြင့်စစ်သားများကိုမြို့အတွင်းသို့မသွားရောက်စေပဲ စစ်သားများအတွက် ဈေးတစ်ခုဖွင့်လှစ်ပေးရာယင်းဈေးနေရာကို ဂေါ်ရာဈေးရပ်ကွက်ဟု ခေါ်ပြီး၁၉၉၂မှစတင်၍ ပြည်တော်အေးရပ်ကွက်အဖြစ် ပြောင်းလဲခဲ့ပါသည်။
==သရက်မြို့==
 
သရက်ခရိုင်၏ ခရိုင်ဝန်ရုံးစိုက်မြို့ဖြစ်သော
== References ==
သရက်မြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း
ပေါ်တွင်တည်ရှိသည်။ သရက်မြို့တည်ရာအရပ်တွင် ရှေးက
တောကျောင်းဟုခေါ်သည့် ရွာငယ်တစ်ခုရှိခဲ့သဖြင့် တော
ကျောင်းမြို့ဟုလည်း အချို့ကခေါ်ဝေါ်ကြလေသည်။သရက်မြို့ဟူသောအမည်သည် သတ်ရက်မြို့
ဟူသောအမည်မှ ရွေ့လျောလာခြင်းဟုအချို့က ဆိုကြ သည်။
သတ်ရက်မြို့ဟုခေါ်တွင်ခဲ့ခြင်းမှာ ရှေးကထိုမြို့ကို စိုးမိုးအုပ်ချုပ်သူ
မင်းတပါးသည် မိမိ၏သား တော်တစ်ပါးပါးက မိမိအား
လုပ်ကြံလိမ့်မည်ဟု ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့၏
ဟောကိန်းရှိသဖြင့် သားတော်ကလေးမွေးဖွားလာတိုင်းသုတ်
သင်စေခဲ့သည်။ ထို့ကြောင့်ထိုမင်း စိုးစံသည့်မြို့သည်
သတ်ရက်မြို့ဟု ခေါ်တွင်ခဲ့သည်ဟုဆိုကြသည်။ထိုဒဏ္ဍာရီပုံပြင်၏အဆိုကို ဆက်လက်ဖေါ်ပြရသော်
မွေးဖွားလာသော သားတော်ကလေး တစ်ပါး ကိုမိိဖုရားကြီးက
လျှို့ဝှက်ထားခဲ့သည်။ အရွယ်ရောက်လာသောအခါ
ထိုသားတော်မင်းသားသည် ခမည်းတော်အား လုပ်ကြံခြင်း
မပြုခဲ့သည်သာမက ခမည်းတော်အားရန်သူတော်များကဝိုင်းရံစဉ်
ရန်သူတော်တပ်များကို အောင်မြင်စွာ
တွန်းလှန်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ ထိုမင်းသားသည်
ရန်သူတပ်များကို တိုက်ခိုက်နှိမ်နင်းရန်ချီတက်လာစဉ်က ရပ်
တန့်စခန်းချခဲ့သောနေရာကို ယခုတိုင်''မင်းတဲ''ဟုခေါ်၍
သရက်မြို့မှ ခြောက်မိုင်ခန့်အကွာတွင်တည်ရှိလေသည်။
သမိုင်းသုတေသီတို့အလိုမှာ သရက်မြို့ကိုခရစ် ၁၃ဝ၆
ခုနှစ်ခန့်က ပုဂံမင်းကျော်စွာ၏သားတော် မင်းရှင်စော
လက်ထက်တွင် စတင်တည်ထောင်ခဲ့သည်ဟု ဆိုကြ သည်။ထိုခေတ်က သရက်မြို့၏ အခြေအနေသည် အတော်အတန်
ဖွံ့ဖြိုးစည်ပင်ခဲ့ဟန်ရှိသော်လည်း ပုဂံပျက်ပြီး နောက်တွင်
သရက်မြို့သည် အခြေအနေဆုတ်ယုတ်ခဲ့ ဟန်တူပေသည်။
ထို့ကြောင့် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ်
တို့သိမ်းပိုက်စဉ်က သရက်မြို့၏အခြေ အနေမှာ အိမ်ခြေ ၂ဝဝ
မှ ၃ဝဝ ခန့်အတွင်းသာရှိသည်။ ထို့နောက်ထိုမြို့သည်
အင်္ဂလိပ်နှင့်မြန်မာတို့၏နယ်ခြားမြို့ ဖြစ််လာသည်။ အင်္ဂလိ်ပ်
တို့သည် ၁၈၅၄ ခုနှစ်တွင် သရက်မြို့၌စစ်တပ်များချထားရန်
တပ်မြို့ကို သရက်မြိုူ့၏မြောက် ဘက်တွင်ဆောက်ခဲ့သည်။ထိုတပ်မြို့သည် ၁၁/၂ မိုင်ပတ်လည်ရှိ၍
အနေအရပ်လှပကျယ်လွင့်ပြီးလျှုင် သစ်ပင်တောအုပ်တို့ဖြင့်
ဥယျာဉ်ကြီးတစ်ခုသဖွယ် သာယောင့်သာယာရှိပေသည်။
ထိုတပ်မြို့သည် အထက်မြန်မာနိုင်ငံကိုသိမ်းပိ်ုက်ပြီးသည်အ ထိ
အရေးပါသောတပ်မြို့ဖြစ်ခဲ့လေသည်။တပ်မြို့ဆောက်လုပ်ပြီးသည်နောက်တွင် သရက်မြို့သည်
ဖွံ့ဖြိုးစည်ကားလာသည်။ ၁၉ဝ၁ ခုနှစ်တွင် သရက်
မြို့၏လူဦးရေ ၁၅၈၂၄ ယောက်မျှရှိခဲ့သည်။
တပ်မြို့ကိုဖျက်သိမ်းလိုက်ပြီးနောက်တွင် မြို့၏အခြေအနေ
ဆုတ်ယုတ် လာ၍ လူဦးရေလည်း လျော့နည်းသွားသည်။ ၁၉၆၃
ခုနှစ်သန်းကောင်စာရင်းအရ လူဦးရေ ၁၃၁၂ဝ ယောက်မျှ
သာရှိလေတော့သည်။သရက်မြို့၏အနေအထားသည် ကွတ်ကွတ်ရွတ်ရွတ်
ရှိသည်။ မြို့၏အလယ်တွင် အိမ်ကြီးအိမ်ကောင်းများ ရှိသည်။
သို့သော်ဝင်းနှင့်ခြံနှင့်မဟုတ်ဘဲဲ လမ်းမနှင့်ကပ်လျက်ရှိကြသည်။
ခရိုင်ဝန်ရုံးစိုက်သည့်မြို့ဖြစ်သည့်အားလျော် စွာ အစိုးရရုံးများ၊
ဆေးရုံ၊ ဈေးရုံစသောပြည်သူ့အဆောက်အအုံများနှင့် ၁၈၆၉
ခုနှစ်တွင်ဆောက်လုပ်သည့် အကျဉ်း ထောင်ကြီးလည်းရှိသည်။
ဖျက်သိမ်းလိုက်သော အင်္ဂလိပ်တပ်မြို့ကို ဗော်စတယ်ကျောင်းခေါ်
ကလေးအကျဉ်း ထောင်ပြုလုပ်ထားသည်။ သရက်မြို့ပေါ်တွင်
အစိုးရအထက်တန်းကျောင်းတစ်ကျောင်းအပြင် အလယ်တန်း
ကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိလေသည်။သရက်မြို့ရှိ မြန်မာနိုင်ငံ၏ပထမဆုံးဘိလပ်မြေ
စက်ကြီးကို ၁၉၃ဝ ပြည့်အကျော်တွင်ဆောက်လုပ်ခဲ့သည်။
ထိုစက်ကြီးအတွက်လိုအပ်သောရေနံဓာတ်ငွေ့၊ ထုံးကျောက်၊
ရွှံ့စေးနှင့်သဲတို့ကိုကျောထောက် နောက်ခံနယ်များမှ အ
လွယ်တကူရရှိ၍ ဂေါတံကျောက်ကို မင်းလှ၊ မင်းဘူး၊ မကွေး၊
ချောက်မြို့တို့မှရရှိသဖြင့် ဘိလတ်မြေများကို စရိတ်
ကျဉ်းကျဉ်းဖြင့် ထုတ်လုပ်နိုင်ခဲ့လေသည်။ထိုစက်ကြီးမှ တစ်နှစ်လျှင် ဘိလတ်မြေတန် ၆ဝဝဝဝ
ကျော်ထုတ်လုပ်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ
ကာလက ပြည်တွင်းသုံးဘိလတ်မြေ၏ ၉၄ ရာခိုင်နှုန်းကို
ထုတ်လုပ်နိုင်ခဲ့၍ ၁၉၃၈ ခုနှစ်မှအစပြုကာ ၁၂မှ ၂၅ ရာ
ခိုင်နှုန်း ခန့်ကိုနိုင်ငံခြားသို့ နှစ်စဉ်တင်ပို့နိုင်ခဲ့လေသည်။
ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကိုခံလိုက်ရသဖြင့်
၁၉၄၂•၁၉၄၈ ခုနှစ်များတွင်စက်ကြီးကို ပိတ်ထားခဲ့ရသည်။
၁၉၄၉ ခုနှစ်တွင်ပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းစတင်ပျိုးချိ်န်တွင်
ပြည်တွင်းသောင်းကျန်းမှုများကြောင့် ပြန်ပိတ် ရပြန်သည်။
ထို့ကြောင့် ၁၉၅၁ ခုနှစ်မှသာ ပြန်လည်ထုတ်လုပ်နိုင်ခဲ့ရာ
ပထမနှစ်တွင်တန်ချိန် ၈၃၆၈ မျှသာ ထွက်ရှိသည်။နောက်နှစ်များတွင်တစ်စတစ်စဖြင့် အထွက်ပိုမိုများ ပြားလာရာ
၁၉၅၂•၅၃ ခုနှစ်တွင် တန်ချိန် ၄၄၅၈၂ အထိ
တက်လာလေသည်။ ၁၉၅၄ ခုနှစ်တွင် ဘိလတ်မြေစက်ကြီးကို
ပြည်သူပိုင်ပြုလုပ်လိုက်သည်။ ပြည် သူပိုင်ပြုလုပ်ပြီး၍ တစ်နှစ်၊
နှစ်နှစ်ခန့်မျှသာ ဘိလတ်မြေပြန်၍ အထွက်ကောင်းလာပြီးလျှင်
စစ်မတိုင်မီစံချိန်နီး ပါးမျှ တက်လာသော်လည်း ၁၉၅၆•၅ရ
ခုနှစ်မှစ၍ အထွက်ဆုတ်ယုတ်သွားပြန်လေသည်။ ယင်းသို့
ဆုတ်ယုတ်ရခြင်းမှာ ရေနံဓာတ်ငွေ့လုံလုံလောက်လောက်
မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ၁၉၅၉•၆၁ ခုနှစ်တွင်
ရေနံဓာတ် ငွေ့အစား ရေနံကိုအသုံးပြုလျက် စက်လည်စေခဲ့ရာ
ဘိလတ်မြေအထွက် ကျေနပ်လောက်အောင်တိုးတက်လာသည်။
သို့သော် ထုတ်လုပ်မှုစရိတ်သည် ဓာတ်ငွေ့သုံးခြင်း
လောက်မသက်သာပေ။ ယင်းသို့ကြောင့် ဓာတ်ငွေ့လုံလုံလောက်
လောက်ရနိ်ုင်ရန် ရှာဖွေလျက်ရှိရာ အောင်မြင်ဖွယ်ရာ
မျှော်လင့်ချက်ရှိပေသည်။နိုင်ငံတွင်း၌ပင် ဘိလတ်မြေအသုံးများလာသဖြင့်
လုံလောက်စွာထုတ်လုပ်နိုင်ရန် ဘိလတ်မြေစက်သစ်ကြီး တစ်ခုကို
၁၉၅၈ ခုနှစ်မှစ၍ စက်မှုလက်မှုတိုးချဲ့ရေးကော်ပိုရေးရှင်းမှ
စတင်ဆောက်လုပ်ခဲ့ရာ ၁၉၆၂ ခုနှစ်တွင်ပြီးစီးခဲ့သည်။
စက်သစ်ကြီးပြီးသွား၍ ဘိလတ်မြေစက်နှစ်ခုမှ
ထုတ်လုပ်မှုအင်အားသည် နှစ်စဉ်ခန့်မှန်းခြေအားဖြင့် တန်ချိန်
၁၈ဝဝဝဝ ဖြစ်သည်။သရက်မြို့သည် ဧရာဝတီမြစ်ကမ်းပေါ်၌
တည်ရှိသော်လည်း မိုးရာသီအခါ၌သာ မန္တလေးအစုံအဆန်
သင်္ဘော ကြီးများဆိုက်ကပ်နိုင်သည်။ နွေရာသီတွင်မြစ်အတွင်း
သောင်များထွန်းသဖြင့်သင်္ဘောဆိပ်ကို ဘိိလတ်မြေစက်ကြီးဆိပ်
ကမ်းတွင်လည်းကောင်း၊ ဗော့စတယ်ကလေး အကျဉ်းထောင်
အနီးသို့လည်းကောင်း ပြောင်းရွှေ့ဆိုက်ကပ်ရလေသည်။
မြို့ပေါ်ရှိ အဓိကစေတီပုထိုးများတွင် ရွှေသက်လွတ်
စေတီသည် အပါအဝင်ဖြစ်သည်။ ထိုစေတီကို အင်းဝ
ပြည့်ရှင် မင်းကြီးစွာစော်ကဲသည် သက္ကရာဇ် ရ၃၄
ခုနှစ်ခန့်တွင်တည်ခဲ့သည်။ မင်းကြီးစွာစော်ကဲငယ်စဉ်က
ရခိုင်ဘုရင် မင်းထီးသည်သရက်မြို့ကိုလာရောက်တိုက်ခိုက်၍
မင်းရှင်စောနှင့်တကွ သားမယားတို့ကိုရခိုင်သို့ ဖမ်းဆီးခေါ်
ဆောင်သွားရာ မင်းကြီးစွာစော်ကဲသည်လည်း ခမည်းတော်
မယ်တော်တို့နှင့်အတူ ရခိုင်သို့ပါခဲ့ဘူးသည်။ နောင်အင်းဝ၌မင်း
အဖြစ်ကိုရရှိပြီးနောက်တွင် ထိုစဉ်ကရခိ်ုင်သို့ပါခဲ့ရသော် လည်း
အသက်မသေ။ချမ်းသာလွတ်ကင်းရသည်ကို အကြောင်း ပြု၍
မိမိ၏ဇာတိဖြစ်သောသရက်မြို့တွင် ဘုရားစေတီတဆူတည်ကာ
ရွှေသက်လွတ်ဟူ၍ ဘွဲ့နာမံသတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု
ဆိုကြသည်။ အခြားထင်ရှားသောစေတီပုထိုးများမှာ အိန္ဒိယနိုင်ငံ၊
မာဂဓတိုင်းရှင်အသောကမင်းကြီး၏ ကောင်းမှုစေတီတစ်ဆူ
ဟုဆိုကြသော ရွှေမုဋ္ဌောစေတီနှင့်ရတနာမာန်အောင်စေတီ
တို့ဖြစ်ကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
== ကိုးကား ==
<references/>
# Burma Gazzette ThaYetMyo Vol.a Page .65
# သရက်မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ မြို့နယ်သမိုင်း မှတ်တမ်း (၁၉၉၂)