စဝ်စံထွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး to merge
အရေးမကြီး adding pic
စာကြောင်း ၄၉ -
၁​၂​၉​၄-ခု​နှစ်။ တန်ဆောင်မုန်း​လဆန်း ၁​၄-ရက်​နေ့​တွင် မိုး​မိတ်​မြို့ စော်ဘွား​ကြီး​သမီး စဝ်​ခင်​သောင်း (စဝ်​ခွန်​ချို နှမ)နှင့် လက်ထက်​ထိမ်းမြား​ရာ သား၊ သမီး ၄-ယောက်​ထွန်းကား​ခဲ့​သည်။ မိုင်း​ပွန်စော်​ဘွား​သည် ကျန်းမာ​ရေး​ကို​အထူး​လိုက်စား​ပြီး ဘော​လုံး​ကစား​ရာ​တွင် ဂိုး​စောင့်​နှင့်​လက်ဝဲ​ဝင်း​အဖြစ်​နာမည်ကြီး​ခဲ့ လေ​သည်၊ အယူဝါဒ​ရေးရာ​တွင်​လည်း အလွန်​ကိုင်း​ရှိုင်း​ပြီး အရက်၊ ဆေးလိပ်​မ​သောက်၊ ကွမ်း​မ​စား​တတ်။ ပေါင်းသင်း​ဆက်ဆံ​ရေး​တွင်​လည်း အလွန်​ပြေပြစ်​သူ​ဖြစ်​သည်။
 
[[File:Sao_San_Tun_Family_FB_AryuDega.jpg|200px|thumb|left|စဝ်စံထွန်း + စဝ်သီရိစန္ဒရာ၊ တူတော် စဝ်ဆေဟုမ် </br> စဝ်သုနန္ဒါ၊ စဝ်သုဆီလီ၊ စဝ်ကိုင်ဖ၊ စဝ်ယိင်းစဟွမ်]]
== တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး ==
ဒုတိယ​ကမ္ဘာ​စစ်​ပြီး​သည့်​နောက် ကမ္ဘာ့​အခြေအနေ၊ မြန်​မာ့​အခြေအနေ၊ တောင်း​တန်း​ဒေသ​အခြေအနေ​တို့​ကို ကွက်ကျော်​မြင်​သ​ဖြင့် မိုင်း​ပွန်စော်​ဘွား​သည် လွတ်လပ်​ရေး​အတွက် လုံး​ပမ်း​လျက်​ရှိ​သော ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ရင်းနှီး​ပေါင်း​ဖက်​မိ​ကာ တောင်တန်း-မြန်မာ​ညီညွတ်​ရေး​နှင့် ပူးပေါင်း​မှု​ကို​ခရစ်​နှစ် ၁​၉​၄​၆-ခု​နှစ် နိုဝင်ဘာ​လ​မှ​စ​၍ အစွမ်း​ကုန်​ကြိုးစား​တော့​သည်။