ဆင်ဖြူတော်: တည်းဖြတ်မှု မူကွဲများ

interwiki
No edit summary
စာကြောင်း ၁၂ -
# နားရွက်သည် သာမန် ဆင်တွေထက် ကြီးရမည်။
# သာမန်ဆင်များနှင့် မတူဘဲ က္ကုန္ဒြေသိက္ခာရှိပြီး တည်ငြိမ်နေရမည်။
[[File:Innwa2.jpg‎|အင်းဝခေတ် ဆင်ဖြူတော် ]]
 
== ဆင်ဖြူ (၁၂)မျိုး ==
* ၁။“ရတနာဆင်၊ ဒွါရတင်ကား ငွေစဉ်ဦးကင်း၊ ဖြူဝင်းသည်မှာ ရတနာသရဘူ”
ရတနာမျိုးထဲမှာပါသော ဆင်(၁၂)မျိုးရှိတဲ့အနက်က ငွေရောင်၊ ငွေသွေးကဲ့သို့၊ ဦးကင်းများ ဖြူနေလို့ရှိရင် တစ်ကိုယ်လုံးဖြူတာမဟုတ်ဘူးနော်။ ဦးကင်းမှာဖြူတာ။ အဲဒါကို “ရတနာသရဘူ” လို့ခေါ်ပါတယ်။ ရတနာသရဘူ၊ ဖူနေရာမှာ *(ဘ)နဲ့ရေးတယ်။ ရှေးက ရတနာသရဘူ။ ဒါက ပထမဆင်ဖြူ။
* ၂။“ဖြူသည် မင်းနေ၊ မှတ်တွေသင်္ညာ၊မှတ်တွေသင်ညာ၊ ရတနာပလ္လင်”
မင်းနေ (သို့) မင်းထိုင်၊ အဲဒီနေရာ၊ ရှင်ဘုရင်နေတဲ့နေရာ၊ ရှင်ဘုရင်ထိုင်တဲ့နေရာ။ အဲဒီနေရာမှာ ဖြူလာခဲ့လို့ရှိရင် အဲဒီဆင်ကို “ရတနာပလ္လင်” လို့ ခေါ်ပါတယ်။
* ၃။“ကခွင်ဖွေးစွာ ရတနာကတင်”
စာကြောင်း ၂၂ -
* ၄။“ကိုယ်ပြင်ဝဲယာ ဖြူဖွေးစွာလှျင် ရတနာကကျည်း”
ကိုယ်ရဲ့အပြင် လက်ဝဲ၊ လက်ယာ ဖြူလာလို့ရှိရင် “ရတနာကကျည်း” ဆင်ဖြူပါ။
* ၅။“ကိုယ်မှီး၊ ကပြီး၊ လှည်းဘီး၊ ခန့်မှျခန့်မျှ နံ၏ပြင်ပ၊ ပါဒလေးဘက်၊ ဖြူချက်သန့်စွာ၊ ရတနာထောက်ရှည်”
ဒါက တစ်ကိုယ်လုံး မဲနေစေကာမူ လှည်းဘီးခန့်မှျလောက်လှည်းဘီးခန့်မျှလောက် နံ၏အပြင်ပ၌၊ ပြီးတော့ ခြေထောက်လေးချောင်း ဖြူနေလို့ရှိရင် “ရတနာထောက်ရှည်” လို့ ခေါ်ရမယ်။
* ၆။“ဖြူသည်ကုန်းမှာ ရတနာပြဿဒ်”
ကျောတည့်တည့်အလည်ခေါင်ကုန်း အဲဒီကဖြူလာလို့ရှိရင် “ရတနာပြဿဒ်” လို့ခေါ်ပါတယ်။
* ၇။“ဖြူဆွတ်ပေါက်လှျံ၊၇။“ဖြူဆွတ်ပေါက်လျှံ၊ မြီးဆံ၊ သရက်စေ့၊ ငွေ့အတိမှာ၊ ရတနာပိန်း”
သရက်စေ့ဆိုတာက ဆင်အမြီး၊ အရင်းကစပြီးတော့ နွားမြီး၊ ကျွဲမြီးများလိုပေါ့ဗျာ၊ နွားမြီး၊ ကျွဲမြီးနဲ့ ခြားနားသွားတာက အဖျားကျတော့ သရက်စေ့ပုံသဏ္ဍာန်ရှိပြီး ပိုပြီးတော့ ကြီးသွားသေးတယ်။ အဲဒါကို သရက်စေ့လို့ခေါ်တယ်။ အဲဒီ သရက်စေ့ပေါ်ကမှ တစ်ခါ ဖွာပြီးတော့ အမြီးဆံအမြီးမှျင်ပေါက်တာ။အမြီးဆံအမြီးမျှင်ပေါက်တာ။ အဲဒီအမြီးမှျင်နှင့်တကွအဲဒီအမြီးမျှင်နှင့်တကွ သရက်စေ့ဖြူလို့ရှိရင် “ရတနာပိန်းဆင်” လို့ ခေါ်ပါတယ်။
* ၈။“ခေါ်ထိမ်းမှတ်ရိုး မေးဆုံးဖြူစွာ ရတနာမုံ”
ဆင်မေးစေ့မှာ ဖြူသောအမွေးတွေ ပေါက်ပြီးတော့ မေးဖြူလာလို့ရှိရင်၊ အမွေးဖြူ အသားဖြူလာလို့ရှိရင် “ရတနာမုံ” လို့ခေါ်ပါတယ်။
စာကြောင်း ၅၁ -
 
== ဘိုးတော်ဘုရားလက်ထက် ဆင်ဖြူတော် ==
[[ဘိုးတော်ဘုရား]](ဦးဝိုင်း)သည် နိုင်ငံတော်ကိုသာယာအောင် အုပ်စိုးတော်မူသည့်အပြင် မင်းကျင့်တရားနှင့်လည်း ပြည့်စုံတော်မူသည့်မင်းဟု ဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းလက်ထက်တွင် ဆင်ဖြူတော် ၉ စီးရရှိကာ ကုန်းဘောင်မင်းများလက်ထက်တွင် ဆင်ဖြူအများဆုံးမင်းဟုဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းကိုယ်တိုင်ကပင် ပထမ ဆင်ဖြူ ရရှိချိန်တွင် ဆင်ဖြူရှင်ဘွဲ့ဟု ခံယူခဲ့ပြီး၊ နောက်တစ်စီးတိုးလာသောအခါ ဆင်ဖြူများရှင် ဟု ခံယူခဲ့သည်။ ထိုဆင်ဖြူကိုးစီးထဲတွင် နိဗ္ဗာန်ရွာမှ ရသောဆင်ဖြူတော်သည် အထင်ရှားဆုံး ဖြစ်သည်။ နိဗ္ဗာန်ရွာမှ ရသော ဆင်ဖြူတော် သည်ဆဒ္ဒန်မျိုး တကိုယ်လုံးဖြူစင်နူးညံ့စွာရှိပြီး ဘုရားသမိုင်းတော်လာ ဆဒ္ဒန်မျိုး၏ အရည်အချင်းများနှင့်လည်း ပြည့်စုံနေပေသည်။ ဆင်ဖြူတော်ကို ဖမ်းမိချိန်တွင် ဆင်ဖြူ၏ အခြွေအရံ ဆင်မည်း တစ်ထောင်တို့က ဆင်ဖြူတော်ကို မြေမည်းများဖြင့် လူးကြလေ၏ ဟုဆိုကြသည်။ ဆင်ဖြူတော်ကို ဆင်ဦးစီး ၃ဝ ခြေလျင် ၃၀၀ဝ တို့နှင့် ဝန်းရံလေရာ အရံဆင်များခွာသွားကြသဖြင့် ဆင်ဖြူတော်ကို အသာအယာ ဖမ်းမိလေသည်။ ဆင်ဖြူတော်ကို နေပြည်တော်သို့ ပို့ဆောင်ရာတွင် မင်းတရားကြီးက ပုဂံမြို့သို့ ကြွရောက် ကြိုဆိုရာတွင် ထိုမြို့မှ မင်းကွန်း စံနန်းတော်အထိ မိုင် ၁၀ဝ ကျော် ဧရာဝတီကမ်း ဝဲ-ယာတွင် ရာဇမတ်ကာလျက် သစ်ပင်များ စိုက်ထူကြရ၏။ ပွဲသဘင် အစုံ ရှိနေစေပြီး ဆင်ဖြူတော် ရပ်နားရာ စခန်းတို့တွင် ရွှေအတိပြီးသော တန်ဆောင်းပြာသာဒ်များ ဆောက်လုပ်စေသည်။ ထိုနောက် ဆင်ဖြူတော် ကို မင်းဆွေတော်မျိုးတော်တို့က လက်ဖွဲ့ကြသည်။ ဆင်ဖြူတော်ကို ရေချတော်မူသောအခါ ထီးဖြူတော် ၄ စင်း မိုးလျက်၊မင်းခန်းတော် အစုံနှင့် အိမ်ရှေ့မင်းက ဦးဆောင် လိုက်ပါရသည်။ ရာဇဘိသေကပွဲတွင် ပြုသည့်အသွင် ဂင်္ဂါရေ၊ နဝတတ်အိုင်ရေ၊ အုတ်သစ်ခွ ရေတော်များနှင့် တကွ ဂင်္ဂါမြေ၊ မြစ်လယ်မြေ၊ ဝက်စွယ်၌ ပါသောမြေ၊ နပုန်းအိမ်အောက်မြေ၊ လမ်းလေးခွမြေ၊ ဘုရားမြေ၊ နတ်စင်မြေ၊ ထွန်သွား၌ ပါသော မြေ စသည်တို့ကိုလည်း ဆင်မင်းတန်ဆောင်းတွင်း ဖြန့်ကြဲရသည်။ သင်္ကြန်ခေါ်ရန် တရော် ရ မျိုး၊ ကင်ပွန်း ၅ မျိုး၊ ဂမုန်းပေါင်း၊ ပန်းပေါင်း၊ နံ့သာဖြူ၊ အကျော်၊ စံပယ်၊ ကရမက်၊ ကြာမျိုးငါးပါး ဝတ်ဆံများကို သင်္ကြန်တန်ဆောင်း၌ အသင့် ထားရသည်။ တန်ဆောင်းတွင်း ဂုဏ်တော်များ ရွတ်ဖတ် လေသည်။ ဆင်ဖြူတော်ကို ပြုစုသူများအားလုံး ပါဝင် ပရိတ်နာကြရသည်။ ထိုအချိန်မှစပြီး သင်္ကြန်တော် ခြံဝင်းကို စစ်သည်တော် ၉ တပ် ခင်းကျင်း စောင့်ရှောက်စေသည်။ တန်ဆောင်းသို့ ရောက်လှျင်ရောက်လျှင် မြောက်အရပ်သို့ မျက်နှာမူလျက် အခါတော် လင့်ရသည်။ ထိုအခါ မင်းတရားကြီး၏ သားတော် ၄ ပါးတို့က တရော်ရည်၊ ကင်ပွန်းရည် တို့ဖြင့် ဆင်ဖြူတော်ကို ဦးခေါင်း ပရိတ်သွန်းလောင်းကြရသည်။ ပြီးလှျင်ပြီးလျှင် ဆင်ဖြူတော်ကို ဧရာဝတီမြစ်သို့ သက်စေပြီး ရေချိုးစေသည်။ ထိုနောက့် ရတနာကိုးပါး ဖြင့် ဆန်းကြယ်စွာ လုပ်ဆောင်သော တန်ဆာဆောင်များ ဆင်ယင်ပေးသည်။ အရံဆင်တော် များကိုလည်း တစ်ချိန်တည်း ဦးခေါင်း ဆေးရသည်။ ပြီးလှျင် ရှေ့ ၆ တပ်၊ နောက် ၆ တပ် နှင့် ဆင်မင်း၏ နန်းဘုံသို့ပြန်ပို့ကြသည်။
 
ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိသော ဆင်ဖြူတော်၏ အစွယ်ကို ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်၏ အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်သည်။