ဒန့်သလွန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - am:ሽፈራው
No edit summary
စာကြောင်း ၁၃ -
အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး ၊ အရွက် ၊ အပွင့်တို့က အရသာလည်း ရှိတာကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာလည်းဆေး ၊ ဆေးလည်းအစာ ဖြစ်နေပါတယ် ။
 
==Horse-radish (ဒန့်သလွန်ပင်)==
*Botany Term : Moringa oleifera Lamk
*Species/Family : Moringaceae
[[File:L_drumstick.jpg|thumb|ဒန့်သလွန်ပင်]]
ပုံသဏ္ဌာန် : အပင်
- ပင်လတ် မျိုးဖြစ် သည်။ အမြင့် ၂၅ ပေ အထိ မြင့်သည်။ အခေါက် ထူ၍ ချောပြီး အဖြူ စက်ကလေး များရှိသည်။ အတွင်းသား ဖြူသည်။
အရွက်
- သုံးခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ ရွက်မြွှာ များ သေးငယ်၍ ဘဲဥပုံ ရှိပြီး အရင်း အနည်းငယ် သွယ်သည်။ထိပ်၀ိုင်း သည်။ မျက်နှာ ချင်းဆိုင် ထွက်သည်။ ထိပ်ရွက် တစ်ရွက် ပါသည်။ ရွက်ပြား နူးညံ့ ချောမွေ့ ပြီး အနားညီ၏။
အပွင့်
- အဖြူရောင် ရှိပြီး အနံ့ ရှိသည်။ တန်ခူး၊ ကဆုန် တွင် ပွင့်သည်။
အသီး
- ရှည်လျား ၍ အစိမ်း ရင့်ရောင် ရှိပြီး အက်ကွဲသီး ဖြစ်သည်။ အမြောင်း ပါသည်။ အသီး အတွင်း တွင် အစေ့များ တန်းစီလျက် ၅-၇ စေ့ ခန့် ပါ၀င် သည်။ အတွင်းသား ထူသည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန် လတွင် သီး၏။
အမြစ်
- အမြစ်ခေါက် ထူသည်။ အမြစ် ဖြာသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : ပဉ္စ ငါးပါး။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ဟင်းသီး ဟင်းရွက်ပင် အဖြစ် စိုက်ပျိုး ပေါက်ရောက်၏။
အသုံး၀င်ပုံ : အာနိသင်
- မြန်မာ ဆေးကျမ်းများ အလို အရ ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ၀မ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။
 
အသုံးပြုပုံ-
အရွက်
၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။
၂။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။
အမြစ်
၁။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံ၀င် အသံကပ် လည်ချောင်းနာ ပျောက်၏။
၂။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ဝမ်းဖော ဝမ်းရောင် ပျောက်၏။
၃။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။
၄။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
၅။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
၆။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။
အသီး
၁။ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
၂။ အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။
အစေ့
၁။ အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိ်ုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
၂။ အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။
အစေး
၁။ အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။
အပွင့်
၁။အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။
အခေါက်
၁။လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။
<ref>http://arogyamonline.com/commodity/materials/?raw=115</ref>
== ကိုးကား ==
<references/>
[[Category:အပင်]]
[[Category:ရုက္ခဗေဒ]]
[[Category:ဆေးဖက်ဝင် အပင်များ]]
 
[[am:ሽፈራው]]