တမာပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၄၃ -
ဆေးအဖြစ်လည်း အသုံးပြုကြသည်။ တမာရွက်ကို ကြိတ်၍အုံ
လျှင် ဝဲခြောက်နှင့် ပြည်တည်သော အဖုအပိမ့်တို့ ပျောက်ကင်း
စေနိုင်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
==Margosa or Nim tree (တမာပင်) ==
 
Botany Term : Azadirachta indica A Juss
 
Species/Family : Meliaceae
 
ပုံသဏ္ဌာန် : အပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွှေးရွက်ပေါင်းဖြစ်၍ ရွက် မွှာများသည် ငါးစုံမှ ခြောက်စုံအထိ ရှိသည်။ လှံစွပ်ပုံအရွက်များ ရွက်ဆိုင်ထွက်သည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းအနားတစ်ဖက် သွယ်သည်။ အဖြူ ရောင် အပွင့်ငယ် လေးများ ပွင့်သည်။ တစ်စေ့ခွံသီးဖြစ်ပြီး လုံးဝိုင်း သည်။
အပင်
ပင်စည် ဖြောင့်သော အမြဲစိမ်း သစ်မာပင်မျိုး ဖြစ်၏ ။ အမြင့်ဆုံး ပေ ၅၀၀ ထိရှိတတ်သည်။
အခေါက်
မွဲပြာရောင်ရှိ၍ ကြမ်းသည်။
အရွက်
ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈-၁၅ လက်မ ရှည်သည်။ ရွက်မြွာများ မျက်နှာချင်းဆိုင်ထွက်သည်။ လှံစွပ်ပုံရှိသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်နား ခွေးသွားစိပ် ရှိ၏ ။
အပွင့်
ငယ်သည်။ ချိုမွှေးခါးသက်သော အနံ့ရှိ၍ ဖြူ၀ါ၀ါအရောင်ရှိ၏ ။ တပေါင်းလမှ ကဆုန်လအထိ ပွင့်၏ ။
အသီး
ရှည်မျောမျော ပုံဖြစ်သည်။ အစေ့ တစ်စေ့သာ ပါသည်။ အစေ့ အနီဖျော့ရောင်ရှိသည်။ အသီးအရောင်မှာ နုစဉ်စိမ်း၍ မှည့်လျှင် အ၀ါနုရောင်ရှိ၏ ။ ကဆုန် ၊ နယုန်တွင် သီးသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အပွင့် ၊ အစေး ၊ အဆီ ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အခက်အရိုး။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံး၀င်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ တမာသည် ခါးသော အရသာ ရှိ၏ ။ ကြေကျက်သောအခါ စပ်ဖျဉ်းဖျဉ်းရှိ၏ ။ အေး၏ ။ လေ ၊ သည်းခြေ သလိပ်တို့ကို ပယ်တတ်၏ ။
အသုံးပြုပုံ-
အပွင့်
၁ ။ အပွင့်ကို ရှူရှိုက်လျှင် အမူးအမော် ပြေစေသည်။
အစေး ၁ ။ တမာစေးကို အားဆေး ၊ အစာကြေဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။
အဆီ
၁ ။ အသီးဆီကို ယားယံသော အနာများ ပျောက်ကင်းရန် လည်းကောင်း ၊ သန်ချဆေးအဖြစ် လည်းကောင်း သုံးနိုင်သည်။
အခေါက်
၁ ။ တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏ ။
၂ ။ တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏ ။
၃ ။ တမာရွက် ရည်ကို မျက်စိ ၌ ခတ်ပေး ခြင်းဖြင့် မျက်စိ ယားယံခြင်း ၊ ပူခြင်း၊ မျက်ရည် ပူကျခြင်း ပျောက်၏ ။
၄ ။ တမာရွက် ကို ကျွမ်းအောင် လှော် အမှုန့် ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက် ပေးသော် သွားကိုက် သွားနာ ရောဂါ ကင်းေ၀း၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။
အသီး
၁ ။ တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း ၏ ။
အခက်အရိုး
၁ ။ တမာ အရိုး တံကို သွားကြား ထိုးတံ အဖြစ် အသုံး ပြုခြင်းဖြင့် သွားရောဂါ ကင်းစင် စေသည်။
 
== ကိုးကား ==
<references/>