သခင်သန်းထွန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
==သန်းထွန်း၊ သခင် (၁၉၁၁-၁၉၆၈)==
သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ခုတွင်
တောင်ငူခရိုင် ကညွှတ်ကွင်းမြို့၌မွေးဖွားသည်။ အဘမှာ
ဦးဘိုးမောင်ဖြစ်၏။
သခင်သန်းထွန်းသည်ပျဉ်းမနားမြို့ အင်္ဂလိပ်မြန်မာ
အထက်တန်းကျောင်းမှ ဆယ်တန်း(တက္ကသိုလ် ဝင်တန်း)
အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ ဆရာဖြစ်သင်ကောလိပ်တွင်
ပညာဆက်လက်သင်ကြားသည်။ ဆရာအတတ်သင်ကြား
တတ်မြောက်ပြီးသောအခါ ရန်ကုန်မြို့ကန်တော်လေးရပ်ရှိ
ဘားမားမွတ်ဆလင်အထက်တန်းကျောင်းတွင်ကျောင်းဆရာ
အဖြစ်အမှုထမ်းခဲ့လေသည်။
 
ဗြိတိသျှခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင်
သခင်သန်းထွန်းသည် တို့ဗမာအ စည်းအရုံးသို့
ဝင်ရောက်ခဲ့သည်။ ထိုနောက် ၁၉၃ရ ခုနှစ်တွင်
နဂါးနီစာအုပ်အသင်းကိုစည်းရုံးတည် ထောင်ခဲ့၏။
တို့ဗမာအစည်းအရုံးတွင်လယ်ယာစိုက်ပျိုုးရေးဆိုင်ရာ
တာဝန်ခံအမှုဆောင်အဖြစ်၎င်း၊ အတွင်းရေးမှူးအဖြစ်၎င်း
တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄ဝ
ပြည့်နှစ်တွင် တို့ဗမာ အစည်းအရုံး၏ကိုယ်စားလှယ်အဖြစ်
သခင်အောင်ဆန်းတို့နှင့်အတူ အိန္ဒိယကွန်ဂရက်ပါတီညီလာခံသို့
တက်ရောက်ခဲ့၏။
 
ထိုအချိန်တွင်မြန်မာပြည်သို့ရောက်ရှိလာသော
မတ်ဝါဒစာအုပ်များကိုဖတ်ရှုကာ သခင်သန်းထွန်းသည်
ကွန်မျူနစ်ဝါဒကိုစိတ်ဝင်စားခဲ့ပေသည်။ ထိုနောက် အချို့သော
လူငယ်များနှင့်အတူ ဗမာပြည်ကွန်မျူနစ်ပါတီကို
ဖွဲ့စည်းတည်ထောင်ခဲ့၏။
 
၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်းတွင်
သခင်သန်းထွန်းသည် ဗြိတိသျှဆန့်ကျင်ရေးလှုပ် ရှားမှုများ
ကြောင့်ထောင်ကျခဲ့သေးသည်။ ၁၉၄၂·၄၄ ခုနှစ်၊
ဂျပန်ခေတ်တွင်သခင်သန်းထွန်းသည် မြန်မာနိုင်ငံအုပ်ချုပ်ရေး
အဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုုးရေးတာဝန်ခံအဖြစ်၎င်း၊
မြန်မာ့လွတ်လပ်ရေးပြင်ဆင်မှုကော်မီတီတွင် အဖွဲ့ဝင်အဖြစ်၎င်း၊
၁၉၄၃ ခုနှစ်၊ 0x100သဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအစိုးရ
အဖွဲ့တွင် မြေနှင့်လယ်ယာစိုက်ပျိုးရေးဌာနဝန်ကြီးအဖြစ် ၎င်း၊
တာဝန်ယူဆောင်ရွက်ခဲ့သည်။ထိုနောက် ဖ·တ·ပ·လ အဖွဲ့
ကြီး(နောင် ဖ·ဆ·ပ·လအဖွဲ့)ကို စတင်ဖွဲ့စည်းဦးစီးအဖွဲ့
ပါဝင်ကာ ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းများကို
ဆောင်ရွက်ခဲ့၏။
 
၁၉၄၅ ခုနှစ်၊ဇူလိုင်လတွင် သခင်သန်းထွန်းသည်
ဗမာပြည်ကွန်မျူနစ်ပါတီ၏ဥက္ကဋ္ဌဖြစ်လာ၏။ ၁၉၄၆ ခုနှစ်
မေလတွင်လည်း ဖ·ဆ·ပ·လအဖွဲ့၏
အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်
ခြင်းခံခဲ့ရလေသည်။ (၁၉၄၆ ခုနှစ်အောက်တိုဘာလ
၁ဝရက်နေ့တွင်သခင်သန်းထွန်းတို့ခေါင်းဆောင်သည့်
ကွန်မျူနစ်ပါတီသည် ဖ·ဆ·ပ·လအဖွဲ့ချုပ်မှ
ထုတ်ပယ်ခြင်းခံရလေသည်။) ၁၉၄၈ ခုနှစ်၊မတ်လတွင်
သခင်သန်းထွန်းသည်အစိုးရကို တော်လှန်ပုန်ကန်ကာ
ဗမာပြည်ကွန်မျူနစ်ပါတီကိုဦးဆောင်ပြီးလျှင် တောခိုခဲ့၏။
ထိုနောက် မြေအောက်ဗမာပြည်ကွန်မျူနစ်ပါတီ၏
ဥက္ကဋ္ဌအဖြစ်နှစ်ပေါင်းများစွာဆောင်ရွက် ခဲ့သည်။ ၁၉၆၈ခုနှစ်၊
စက်တင်ဘာလ ၂၄ရက်နေ့တွင်မြေအောက်ကွန်မျူနစ်ပါတီမှ
တပ်သားတစ်ဦးဖြစ်သူ မြကြီးဆိုသူကလုပ်ကြံသတ်ဖြတ်သဖြင့်
သခင်သန်းထွန်းသည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ်
အနောက်ခြမ်း၊ မြရာပင်ကျော၏အရှေ့ဘက်စောင်း၊
ကျောက်ချောင်းကမ်းပါးရှိတောင်ကျောကလေးတွင် ကျဆုံးခဲ့၏။
သခင်သန်းထွန်းကွွယ်လွန်သောအခါ ဇနီးဒေါ်ခင်ကြီးနှင့်
သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့ပေသည်။
 
သခင်သန်းထွန်းသည် မြန်မာလိုရောအင်္ဂလိပ်လိုပါ
စာရေးကောင်းသူဖြစ်သည်။သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း
ဆောင်းပါးများ၊ ဘာသာပြန်များရေးသားခဲ့သည်။ ၁၉၃၉ခုနှစ်က
အရေးတော်ပုံ အမည်ရှိ ကွန်မျူနစ်ဂျာနယ်ကို
လျှို့ဝှက်ထုတ်ဝေခဲ့ဘူး၏။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
 
 
 
''၁၉၅၅ ခုနှစ်မှာ [[ဂျာနယ်ကျော်မမလေး]] စာပေဖြန့်ချိရေးက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ [[ဒဂုန်တာရာ]]ရဲ့ ရုပ်ပုံလွှာ စာအုပ်၊ ပထမ နှိပ်ခြင်းကနေ [[ဗမာပြည် ကွန်မြူနစ်ပါတီ]] ဥက္ကဋ္ဌ (ကွယ်လွန်) ရဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်တဲ့ ‘သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်’ ကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။''