သိမ်းငှက်: တည်းဖြတ်မှု မူကွဲများ

"{{Taxobox | အမည် = သိမ်းင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁၂ -
| subdivision =
}}
'''==သိမ်းငှက်'''==
သိမ်းငှက်သည်
လင်းယုန်၊ စွန်၊လင်းတတို့နှင့်အတူ ဖယ်လကိုနီဖောမီး
မျိုးစုတွင်အက်ကဆစ်ပစ်ထရီဒီးမျိုးရင်း၌ပါဝင်၍
ပါဏဗေဒအလိုအားဖြင့် အက်ကဆစ်ပစ်တာနီဆပ်
မီလန်နိ်ုစကီးစတပ်ဟုခေါ်သည်။ အလျား ၁၃လက်မမှ
၁၅လက်မအထိရှိသည်။ သိမ်းငှက်၏ထူးခြား
ချက်မှာဂျိုးသိမ်းကဲ့သို့ပင် သိမ်းမသည်သိမ်းဖိုထက်
ကိုယ်ထည်အတော်အတန် ကြီးသည်။ သိမ်းဖိုကား
ဂျိုးသိမ်းအကောင်ကြီးလောက်ရှိ၍ ယင်းနှင့်လည်း
ပုံပန်းသဏ္ဌာန်ချင်းတူသည်။ သိမ်းမ၏အပေါ်ပိုင်းသည်
အတော်အတန်ညို၍မျက်ကွင်းဖြူတူူတူရှိသည်။
 
အောက်ပိုင်းများသည်အဖြူ၊သို့မဟုတ် အနီရောင်
ဖျော့ဖျော့ဖြစ်၍ အမည်းစင်းများရှိသည်။
သိမ်းငှက်သည်သားပေါက်သည့်ရာသီတွင်သာ
စူးစူးရှရှအော်မြည်တတ်၍ အခြားအချိန်များ တွင်မအော်ဘဲ
ဆိတ်ငြိမ်စွာနေတတ်သည်။ မြန်မာနိုင်ငံသစ်တောများတွင်
များသောအားဖြင့်နေလေ့ရှိသည်။ သို့သော်အမြဲတမ်းမနေဘဲ
ဆောင်းတွင်းမှသာလာရောက်ကျက်စားသည်။
 
သိမ်းငှက်သည် တောစပ်ရေစပ်များတွင်
အစာရှာဖွေသည့်အခါ မြေကြီးနှင့်ကပ်၍ လျင်မြန်စွာ
ပျံသန်းတတ်သည်။ အစာကိုရှောင်တခင်တစ််ဟုန်တိုး
ထိုးသုတ်တတ်ရုံမက ငှက်ကလေးများကိုအမီ လိုက်၍ပျံပြီးလျှင်
မိအောင်ဖမ်းဆီးတတ်လေသည်။ စာကလေး၊ကြွက်စသော
နို့တိုက်တိရစ္ဆာန်ငယ်နှင့်ပိုး မွှားများကို များသောအားဖြင့်
စားသောက်သည်။ မြေကြီးပေါ်တွင် လမ်းလျှောက်
တတ်သည်ု့ပြင် ခုန်ဆွခုန်ဆွလည်း သွားတတ်သည်။
 
သိမ်းငှက်သည်မျက်စိအလွန်ရှင်သဖြင့် လျင်မြန်စွာ
ပြေးလွှားနေသော တိရစ္ဆာန် များကိုအဝေးမှ
ကောင်းစွာမြင်နိုင်သည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
== ကိုးကား ==