ရဟတ်ယာဉ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - yi:העליקאפטער
No edit summary
စာကြောင်း ၂၇ -
# [[Eurocopter Tiger]]
တို့ ဖြစ်ကြသည်။
==ဟယ်လီကော့ပတား==
ကော်ဇောပျံအကြောင်းကို
အာရေဗျပုံပြင်များကို ဖတ်ဖူးသူတိုင်းသိကြမည်။
ကော်ဇောပျံသည် ပုံုပြင်များတွင်သာဖြစ်နိုင်သည်။
တကယ်လက်တွေ့တွင်ကား မဖြစ်နိုင်ပေ။ သို့သော်
ဟယ်လီကော့ပတားခေါ် ရဟတ်ယာဉ်မှာ ကျွနု်ပ်တို့
ပုံပြင်များထဲမှ ကော်ဇောပျံစွမ်းဆောင်နိုင်သကဲ့သို့
စွမ်းဆောင်နိုင်သည့် လေယာဉ်တစ်မျိုးဖြစ်သည်။ လေထဲတွင်
ရှေ့မတိုး၊ နောက်မဆုတ်၊ အပေါ်မတက်၊ အောက်မဆင်းဘဲ
တည်ငြိမ်စွာရပ်နေနိုင်သည်။ လေယာဉ်ပြေးလမ်းမလိုဘဲ
လေထဲထောင်တက်နိုင်သည်။ ထိုးဆင်းနိုင်သည်။ ဗလထဲတွင်
ပတ်ချာလှည့်နေနိုင်သည်။
အင်္ဂလိပ်ဘာသာဖြင့် ဟယ်လီကော့ပတား ဟူသော
ဝေါဟာရကို ရဟတ်ယာဉ်ဟု မြန်မာဘာသာ ပြန်ဆိုထား
လေသည်။
ဟယ်လီကော့ပတားဟူသည်မှာ ''ဟယ်လစ်''နှင့်
''ပတိီရွန်''ဟူသော ဂရိဝေါဟာရ နှစ်လုံးကိုအခြေခံ၍
ပေါ်လာခြင်းဖြစ်၏။ ''ဝက်အူနှင့်တူသောအတောင်ပံ'' ဟု
အဓိပ္ပါယ်ရ၏။
ဟယ်လီကော့ပတားခေါ်ရဟတ်ယာဉ်၏ ပျံသန်းပုံ
သဘောတရားမှာ သမားရိုးကျလေယာဉ်ပျံ၏ ပျံသန်းပုံ
သဘောတရားနှင့်မတူပေ။
( လေယာဉ်ပျံ။)
သမားရိုးကျ လေယာဉ်ပျံများ လေထဲပျံတက်
နိုင်ခြင်းမှာ အတောင်ပံကြောင့်
ဖြစ်၏။ အတောင်ပံများ၏ထူးခြားမှု သဘောကြောင့်ဖြစ်၏။
ရဟတ်ယာဉ်မှာမူ ထိုသို့မဟုတ်ဘဲ ယင်း၏ပန်ကာဒလက်များ
ကြောင့် လေထဲတက်နိုင်ခြင်းဖြစ် သည်။
ရဟတ်ယာဉ်တွင်အတောင်ပံမရှိချေ။ ရဟတ်ယာဉ်၏
ပန်ကာဒလက်သည် ရဟတ်ယာဉ်ကိုလေထဲတက်နိုင်အောင်သာ
လုပ်ပေးသည်မဟုတ်သေး၊ သမားရိုးကျလေယာဉ်ပျံများ၏
ပန်ကာတာဝန်ကိုလည်း ထမ်းဆောင်၏။ ရဟတ်ယာဉ်ကို
ဗယ်ညာ တိမ်းနိုင် ယိမ်းနိုင်အောင်လည်း ပြုလုပ်ပေး၏။
ဦးကိုမော့နိုင်စိုက်နိုင်အောင်လည်း ပြုလုပ်ပေး၏။
ရဟတ်ယာဉ်တစ်စီ်းတွင် ယင်း၏ပန်ကာဒလက်များသည်
အရေးကြီးဆုံး လျှို့ဝှက်နက်နဲမှုအရှိဆုံးပင်ဟု အကြမ်းသဘော
ဆိုနိုင်၏။
 
ရဟတ်ယာဉ်ပေါ်လာပုံ။ ။ရဟတ်ယာဉ်ပျံသန်းပုံ
သဘောတရားသည် စင်စစ်အသစ်အဆန်းမဟုတ်ပေ။
ကမ္ဘာကျော် အီတာလျံပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီသည်
လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝခန့်ကပင် လေထဲပျံသန်းနိုင်မည့်
ယာဉ်တစ်မျိုးဟုခေါင်းစည်းတပ်ပြီး ရဟတ်ယာဉ် တစ်စီ်း၏ပုံကို
ပုံကြမ်းရေးဆွဲပြခဲ့ဖူးသည်။
( လီယိုနာဒို ဒါဗင်ချီ။)
တရုတ်နိုင်ငံတွင် ထိုထက်ပင်စော၍ပင် ရဟတ်ယာဉ်နှင့်
သဘောတရားတူသော လေထဲပျံနိုင်သည့်ကလေးကစားစရာများ
ပေါ်ပေါက်ခဲ့ဖူး လေသည်။
လောနွိုင်နှင့်ဗီယန်ဗီနူးအမည်ရှိ ပြင်သစ်သိပ္ပံပညာရှင်
နှစ်ဦးသည် ၁ရ၈၄ ခုနှစ်ကပင်ရဟတ်ယာဉ်နှင့်
သဘောတရားဆင်ဆင်တူသော လေထဲပျံနိုင်သည့်
ယာဉ်တစ််မျိုး၏ ပုံစံကိုတည်ဆောက်ခဲ့ဖူး၏။
ဗြိတိသျှသိပ္ပံပညာရှင် ဆာဂျော့ကေလီသည် ထိုပုံစံများကို
ထပ်ဆင့် တီထွင်မှုများပြုလုပ်ခြင်းဖြင့် ကျော်ကြားလာခဲ့၏။
၁၈ရဝ ပြည့်နှစ်လွန်နှစ်များတွင် ပြင်သစ်သိပ္ပံပညာရှင်
အယ်လဖွန်းစီ ပီးနော့သည် ရော်ဗာ ကွင်းများအသုံးပြု
လည်ပတ်စေသော ပန်ကာဒလက်များတပ်ထားသည့်
ရဟတ်ယာဉ်ပုံစံ အများအပြားကို စမ်းသပ်တည်ဆောက်ခဲ့သည်။
သူ၏ပုံစံရဟတ်ယာဉ်လေးအချို့သည် လေထဲသို့ပေ ၅ဝ ခန့်
အမြင့်အထိ တက်သွားခဲ့ဖူးသည်ဟုဆို၏။ ထိုသိပ္ပံပညာရှင်
နောက်တွင်လည်း သိပ္ပံပညာရှင်အများ အပြားပင်
ရဟတ်ယာဉ်ကို တည်ဆောက်ရန် ကြိုးစားခဲ့ကြ၏။ သို့သော်
မအောင်မြင်ဘဲ ပုံစံရဟတ် ယာဉ်လေးများကို တည်ဆောက်ပြီး
အဆုံးသတ်သွားခဲ့ကြလေသည်။
ပထမဆုံးလူစီးနိုင်သည့် ရဟတ်ယာဉ်ကို
ပေါကောနူးအမည်ရှိ ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးက
တည်ဆောက်ခဲ့သည်။ ထိုရဟတ်ယာဉ်သည် လူနှစ်ယောက်
စီးနိုင်၏။ ၁၉ဝရ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့တွင်
ငါးပေအမြင့်အထိတက်ပြီး တစ််မိနစ်ကြာမျှ ပျံသန်းပြသ
ခဲ့ဖူးသည်ဟုဆို၏။
ပထမကမ္ဘာစစ်ကြီးအတွင်းသို့ ရောက်လာသောအခါ၌
လည်း သိပ္ပံပညာရှင်အများအပြားပင် ရဟတ်ယာဉ်ကို
တည်ဆောက်နိုင်ရန် အမျိုးမျိုးဆက်လက်ကြိုးပမ်းခဲ့ကြသည်။
လေထဲအနည်းငယ်စ တက်နိုင်သည့်အဆင့်ကိုမူ သိပ္ပံပညာရှင်
အများအပြားပင်ကြံဆောင်နိုင်ခဲ့ကြ၏။ သို့သော်လေထဲတွင်
သွားလာအသုံးပြုနိုင်သည့် ရဟတ်ယာဉ်အဆင့်ကိုမူ မည်သူမျှ
ကြံစည်စိတ်ကူးခြင်းမပြုနိုင်ခဲ့ပေ။ ထိုကြောင့်လည်း ၁၉၃ဝ
ပြည့်နှစ်လွန်များသို့ ဝင်ရောက်လာသောအခါ၌ သိပ္ပံပညာရှင်
အများအပြားကပင် ရဟတ်ယာဉ်တည်ဆောက်မည့်
သဘောတရားမှာ အလွန်ရှုပ်ထွေးလေးနက်သော
သဘောတရားဖြစ်ပြီးလျှင် ကမ္ဘာပေါ်တွင်
လက်တွေ့မပေါ်ပေါက်နိုင်ဟု ထင်မှတ်စပြုလာခဲ့လေသည်။
သို့သော် ၁၉၃ရ ခုနှစ်တွင် ဂျာမန်သိပ္ပံပညရှင်
ဟိုင်းနရစ်ဖော့ ဆိုသူက ပန်ကာဒလက်နှစ်ခုတပ်
ရဟတ်ယာဉ်ကို တည်ဆောက်ပြီးလျှင် ပေ ၈ဝဝဝ အမြင့်သို့
တစ်နာရီခန့် ပျံသန်းတက်ပြလိုက်သောအခါ၌
သိပ္ပံပညာရှင်များသည် ရဟတ်ယာဉ်တည်ဆောက်ရေးကို
စိတ်ဝင်စားလာခဲ့ကြပြန်သည်။
သိပ္ပံပညာရှင် ဆီးကောစကီးဆိုသူသည် လူစီးနိုင်သည့်
ပန်ကာဒလက်တစ််ခုတပ် ရဟတ်ယာဉ်ကို ကမ္ဘာပေါ်တွင်
ပထမဦးဆုံးတီထွင်နိုင်ခဲ့၏။ ဆီကောစကီးသည် ရုရှလူမျိုး
ဖြစ်၏။ ရုူရှတော်လှန်ရေးကြီးပြီးသည့်နောက်
အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့စဉ် ၁၉၃၉
ခုနှစ်တွင် ထိုရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့ခြင်းဖြစ်လေသည်။
 
ရဟတ်ယာဉ်အသုံးပြုပုံ။ ။ရဟတ်ယာဉ်သည်
အတောင်ပံရှိသော ဂျက်လေယာဉ်ပျံများကဲ့သို့ အရှိန်အဟုန်
ပြင်းစွာဖြင့် ပျံသန်းနိုင်စွမ်းမရှိပေ။ သို့သော် လူတို့အတွက်
အသုံးကျမှုတွင်မူ အတောင်ပံတပ်လေယာဉ်ပျံများကဲ့သို့ပင်
အစွမ်းထက်လှဘိ၏။ ရဟတ်ယာဉ်သည် လေယာဉ်ပြေးလမ်း
မလိုဘဲ ဒေသမရွေး ပျံသန်းနိုင်သည့်အတွက် သမားရိုးကျ
လေယာဉ်ပျံများ မဆင်းသက်နိုင်သောဒေသသို့ချော
စာများပို့နိုင်သည်။ ခရီးသည်များပို့နိုင်သည်။ ကုန်ပစ္စည်းများ
ပို့နိုင်သည်။
ကယ်ဆယ်ရေးလုပ်ငန်းတွင်မူ ရဟတ်ယာဉ်သည်
ယနေ့မရှိမဖြစ်သောယာဉ်ဖြစ်နေ၏။ သင်္ဘောများ နစ်မြုပ်ခြင်း၊
လေယာဉ်ပျံများပျက်ကျခြင်း၊ ဘေးဒုက္ခပေါ်ချိန်တွင်
ရဟတ်ယာဉ်သည် အသက်ရှင်ကျန်ရစ်သူများကို
အချိန်မီကယ်ဆယ်ရန် အဓိကအားထားရသောယာဉ်ဖြစ်၏။
သစ်တောများမီးလောင်၍ မီးငြိမ်းသတ်ရသောလုပ်ငန်းများ၊
သီးနှံခင်းများပိုးကျ၍ ပိုးသတ်ဆေးဖျန်းသောလုပ်ငန်း
များတွင်လည်း ရဟတ်ယာဉ်ကိုပင်အားထားအသုံးပြုနေရ၏။
စစ်အတွက်မူ ရဟတ်ယာဉ်သည် အမျိုးမျိုး
အသုံးကျလျက်ရှိ၏။ ရဟတ်ယာဉ်ပေါ်စက စစ်မြေပြင်မှ
လူနာသယ်ရန်အတွက်သာ အသုံးပြုသော်လည်း
ယနေ့ကင်းထောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အရေးကြီး
ပုဂ္ဂိုလ်များသယ်ဆောင်ခြင်း လုပ်ငန်းများမှအစ သမားရိုးကျ
လေယာဉ်ပျံများ ရှာဖွေပစ်ခတ်ရန် ခက်ခဲသော
ရန်သူ့စခန်းငယ်များကိုဗုံးကျဲခြင်း၊ စက်သေနတ်ဖြင့်ပစ်ခြင်း၊
ဒုံးပျံလက်နက်ဖြင့် ပစ်ခြင်း၊ လုပ်ငန်းများအထိ
အလွန်ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိ၏။ အနာဂတ်တွင်လည်း
ရဟတ်ယာဉ်၏အခန်းသည် ယခုထက်ပင်
ကျယ်ပြန့်လာဦးမည်ဟု မြော်လင့်ထားကြလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
 
 
 
 
=== ရဟတ်ယာဉ်လုပ်ငန်း စတင်မွေးဖွားခြင်း ===
 
=== တာဘိုင်ခေတ် ===
== ကိုးကား ==
 
<references/>
== ရည်ညွှန်းချက်များ ==
{{reflist}}