ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
{{Merge|ဘကြီးတော်}}<br />
ဘကြီးတော် မင်းတရား(ခရစ်နှစ် ၁၈၁၉-၁၈၃၇)သည် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် သတ္တမမြောက် ဘုရင် ဖြစ်သည်။ ဘိုးတော် (ဗဒုံမင်း) ၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာ၏ ပထမ အိမ်ရှေ့မိဖုရားမှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ငယ်မည်မှာ မောင်စိန်ဖြစ်သည်။ ဖွားတော်မူစပင် [[စစ်ကိုင်းမြို့]] ကို စားရသောကြောင့် စစ်ကိုင်းမင်း ဟူ၍၄င်း ၊ [[သာယာဝတီမင်း]] (ရွှေဘိုမင်း) ၏ နောင်တော် ဖြစ်၍ နောင်တော်ကြီးမင်း ဟူ၍၄င်း ၊ ရတနာပူရ (အင်းဝ) စတုတ္ထမြို့တည် မင်းတရား ဟူ၍၄င်း ၊ ရွှေနန်းတော်၌ ဖလ်မှန်အများအပြား ထည့်သွင်း တည်ဆောင်ထားသဖြင့် ဖလ်နန်းရှင် ဟူ၍၄င်း ၊ နန်းစံသက် (၁၈) နှစ်အတွင်း ဆင်ဖြူတော်များ ဆက်သခံရ၍ ဆင်ဖြူများရှင်ဟူ၍၄င်း ခေါ်တွင်ခဲ့သည်။ ဘကြီးတော်ဟူသော အမည်မှာ ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ ဘကြီးတော်ဖြစ်၍ နောင်အခါတွင် ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသမိုင်းတွင် ဘကြီးတော် အဖြစ်သာ ထင်ရှားလေသည်။ နန်းတက်ဘွဲ့အမည်မှာ '''သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ'''ဖြစ်သည်။