ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၄၃ -
 
ဆိုခဲ့ပြီးသော မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာ နယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတခု၏ အမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူရန် မဟာဗောဓိပလ္လင်မှ ၁၈ ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွတော်မူရာ မဟာဗောဓိပင်နှင့် ဂါယာ၏ စပ်ကြား၌ ဥပကအမည်ရှိ တက္ကတွန်းနှင့် တွေ့ဆုံကြောင်း ဝိနည်းမဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိသည်။ ဋီကာ၌ည်း မဟာဗောဓိနှင့် ဂါယာသည် သုံးဂါဝုတ် ကွာကြောင်း ပြောဆိုသည်။ မဟာဗောဓိ ပလ္လင်ရှိရာ နယ်မြေသည် ဂါယာနယ်တွင် အပါအဝင်ဖြစ်ခဲ့သော် ဤသို့ ပြဆိုရန် မရှိပေ။ သို့ဖြစ်၍ မြတ်စွာဘုရား ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ် ဝေးသောအရပ်၌ ဂါယာဟုခေါ်သောအရပ် သီးခြားရှိသည်။ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာ၍ မဟာဗောဓိပင်ရှိသော အရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်တွင်လာသည်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ [[အသောက]]ခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။
<br />
 
[[Category:ဗုဒ္ဓဘာသာ]]
<br />
[[bn:বুদ্ধ গয়া]]
[[bpy:বোধ গয়া]]