အကယ်ဒမီ: တည်းဖြတ်မှု မူကွဲများ

 
No edit summary
စာကြောင်း ၁ -
#REDIRECT [[==အကယ်ဒမီ (ရုပ်ရှင်)]]==
ပလေးတိုခေတ် မတိုင်မီက စိတ်အားထက်သန်သော အက်သင်း
မြို့သား လူငယ်များသည် အထက်တန်းပညာကို ဆည်းပူးရာ၌
ဒဿနိကဗေဒ ပညာရှင်များဖြစ်ကြသည့် ဆိုးဖစ်များကိုသာအားကိုး
အားထားပြုကြရသည်။ ထိုဆိုးဖစ် များသည်လည်း ဒဿနိကဗေဒနှင့်
စကားအပြောအဟော အတတ်ပညာကို တစ်မြို့မှတစ်မြို့သို့လှည့်
လည်ကာ သွန်သင် ပြသကြလေသည်။ ဤခရီးသည် ဆရာများအဖို့
မိမိတို့ သွန်သင် ပြသသည့် ပညာရပ်များကို လက်ခံသင်ယူမည့်
ပရိသတ် မရှိဟူ၍ မည်သည့်အခါမျှ မရှိခဲ့ချေ။ အက်သင်းမြို့
ဆင်ခြေဖုံးရပ်ကွက်များရှိ လူထု အားကစားရုံများ၌ လူငယ်များ
ကစားခုန်စား လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ဤလူငယ်များ
သည် ထိုခရီးသည် ဆရာများ၏ သွန်သင်ပြသမှုကို လက်ခံသင်
ယူရန် အမြဲရှိနေလေသည်။ လှပစွာ ကာရံထားသော ကွင်းများ
၌ အားကစားရုံများ၊ ရေချိုးကန်များကို ဆောက်လုပ်ထား၏။
ထို့ပြင် အမိုးရှိသော စင်္ကြံများနှင့် အရိပ်ရှိသော သစ်ပင်အုပ်
များသည်လည်း ဆရာနှင့်တပည့် တွေ့ဆုံရာနေရာများ ဖြစ်လာ
ကြလေသည်။ပလေးတိုသည် ဘီစီ ၃၈၇ ခုနှစ်လောက်တွင် ခရီးထွက်
နေရာမှ အက်သင်းမြို့သို့ ပြန်ရောက်လာသောအခါ ယင်းမြို့၏
အနောက်မြောက် တစ်မိုင်ခန့်အကွာရှိ ''အကယ်ဒမီ''ဟု ခေါ်
သော အားကစားရုံအနီး အိမ် တစ်အိမ်တွင် နေထိုင်လေသည်။
( ပလေးတို။)
 
ထိုအားကစားရုံ၏ မူလပိုင်ရှင်မှာ အာဇာနည် အကယ်ဒီးမတ်
ဆိုသူဖြစ်ရာ ထိုသူ၏ အမည်ကိုအစွဲပြု၍ အားကစားရုံကို
အကယ်ဒမီဟု ခေါ်လေသည်။ ပလေးတိုသည် ကျောင်းသားဦးရေ
ကန့်သတ်ထားသော ကျောင်းတကျောင်းကို တည်ထောင်ပြီးလျှင်
တပည့်များအား တစ်ခါတစ်ရံ အကယ်ဒမီ ဥယျာဉ်စင်္ကြံများ၌လည်း
ကောင်း၊ တစ်ခါတစ်ရံ သူ၏အိမ်၊ သို့မဟုတ် ဥယျာဉ်လည်းကောင်း
ဒဿနိကဗေဒဆိုင်ရာ ပညာများကို ဟောပြောပြသလေသည်။အခြားဆရာ
များလည်း ပလေးတို၏ အတုကိုယူ၍ တစ်နေရာရာကို ရွေးချယ်ပြီးလျှင်
သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ကျင်းပပြုလုပ်ကြ၏။ ပလေးတို၏တပည့်
ဖြစ်သော အရစ္စတိုတယ်ကလည်း အက်သင်းမြို့၏အရှေ့ဘက်ရှိ လိုက်ဆီ
ယမ်တွင် ကျောင်းတစ်ကျောင်း တည်ထောင်လေသည်။
 
ဤရှေးဂရိကျောင်းများ၊ ဆွေးနွေးပွဲ အဖွဲ့အသင်းများနှင့်
စပ်လျဉ်းသည့် နာမည်များသည် အဓိပ္ပါယ် အမျိုးမျိုးဖြင့်
ယခုခေတ်တိုင်အောာင် ဆင်းသက်ခဲ့လေသည်။ အကယ်ဒမီ
ဟူသော စကားသည် အဂ‡လန်နှင့် အမေရိကန် ပြည်ထောင်စု
နိုင်ငံတို့၌ အလွတ်ပညာသင် အလယ်တန်းကျောင်းများနှင့်
မြင်းစီးအတတ်သင်ကျောင်း၊ ကြည်းတပ်ဆိုင်ရာသိပ္ပံကျောင်း၊
ရေတပ်ဆိုင်ရာသိပ္ပံကျောင်းတို့ကဲ့သို့သော အထူးအတတ်သင်
ကျောင်းများကို ဆိုလိုသည်။ ထိုပြင် ဘာသာစကားအမျိုးမျိုး
တွင် အကယ်ဒမီဆိုသည်မှာ ယေဘုယျအားဖြင့် အသိပညာနှင့်
ယဉ်ကျေးမှုတို့ကိုလည်းကောင်း၊ တစ်စုံတစ်ခုသော အထက်
တန်းသိပ္ပံပညာ၊ သို့မဟုတ် ဝိဇ္ဇာပညာရပ်ကို လည်းကောင်း
အားပေးမြ|င့်တင်ရေးအတွက် ဖွဲ့စည်းထားသော ပညာရှင်
အသင်းအဖွဲ့များကိုလည်း ဆိုလိုသည်။ဤပညာရှင် အသင်းအဖွဲ့များ
အနက် အကျော်ကြားဆုံး အသင်းကား ပြင်သစ် အကယ်ဒမီ
(ပညာတံခွန် အသင်း)ဖြစ်၏။ ယင်းအသင်းသည် ခရစ် ၁၆၃၅ ခုနှစ်က
ကာဒင်နယ် ရစ်ရှလျူး စတင် တည်ထောင်ခဲ့သော စာပေပညာရှင်တို့၏
အသင်း ဖြစ်သည်။
( ရစ်ရှလျူးကာဒင်နယ်။)
 
အသင်း တည်ထောင်ပြီးသည့် နောက် လေးနှစ်အကြာတွင် အသင်းဝင်
များသည် အဘိဓာန်တစ်အုပ်ကို စတင်ပြုစုကြသည်။ အဘိဓာန်
ဖြင့် သူတို့သည် ပြင်သစ်ဘာသာစကားကို ကောင်းစွာ ထိန်း
သိမ်းသွားနိုင်ကြသည်။ ကျော်စောကိတ္တိရှိသော အသင်းဝင် ၄ဝ
ရှိသည့်အနက် တစ်ဦးတယောက် သေဆုံးခဲ့သည်ရှိသော ကျန်
အသင်းဝင်များက အသင်းသား သစ်တစ်ဦးကို မဲဖြင့် ရွေး
ကောက်တင်မြေ|ာက်ရသည်။ ယင်းအသင်းဝင် ၄ဝ ထဲသို့ ဤသို့
မဲဖြင့် ရွေးကောက် ဝင်ရောက်ရသောဂုဏ်မှာ စာရေးဆရာ
အသစ်အတွက် အကြီးဆုံးသော ဂုဏ်ပြုခံရခြင်းတစ်ရပ် ဖြစ်
သည်ဟု ယူဆကြသည်။ ၁၉ ရာစုခေတ်တွင် ပြင်သစ် အကယ်
ဒမီသည် အခြားအကယ်ဒမီ လေးခုနှင့်ပေါင်းကာ ပြင်သစ်
တော်ဝင်အသင်းဟူ၍ ဖွဲ့စည်းလိုက်လေသည်။ ထိုအကယ်ဒမီ
လေးခုတို့မှာ ကမ္ပည်းကျောက်စာဆိုင်င်ရာ အကယ်ဒမီ၊ သိပ္ပံ
ပညာဆိုင်ရာ အကယ်ဒမီ၊ အနုသုခုမဆိုင်ရာ အကယ်ဒမီ၊
စာရိတ္တနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာ အကယ်ဒမီတို့ ဖြစ်ကြ၍
အနုသုခုမ ပညာဆိုင်ရာ အကယ်ဒမီသည် ယင်း၏ အနုသုခမ
ပညာသင်ကျောင်းကြောင့် အကျော်ကြားဆုံး ဖြစ်သည်။
ထင်ရှားသော ခေတ်သစ် အကယ်ဒမီတစ်ခုမှာ အဂ‡လန်
နိုင်ငံ၏ အနုသုခုမပညာဆိုင်ရာ တော်ဝင်ပညာ တံခွန်အသင်း
ဖြစ်သည်။ ယင်းအသင်းသည် ပန်းချီ၊ ပန်းပုနှင့် ဗိသုကာပညာ
များကိုသာ အားပေးရွက်ဆောင်၍ ဗာလင်တန်အိမ်တော်ရှိ
ယင်း၏ ကျောင်းများတွင် သင်ကြားပေးလေသည်။ ဤပညာ
တံခွန်အသင်း၌လည်း အသင်းသားဦးရေကို ၄ဝ ကန့်သတ်ထား
သည်။ အနုပညာသည်တစ်ဦးကို ရွေးကောက်လိုက်သည့်အခါ
ထိုသူသည် အသင်းသို့ သူ၏လက်ရာဖြစ်သော အနုပညာ
နမူနာတစ်ခုကို တင်သွင်းရရာ ယင်းအတွက် ဘုရင်မင်းမြတ်
လက်မှတ်ရေးထိုးထားသည့် ဒီပလိုမာလက်မှတ်ကို ရရှိ
လေသည်။
 
အမေရိကန်ပြည်ထောင်စု၏ အလားတူ အလွန်ရှေးကျသော
အကယ်ဒမီတစ်ခုမှာ အမျိုးသား ဒီဇိုင်းပုံစံဆိုင်ရာ အကယ်ဒမီ
ဖြစ်သည်။ ယင်းအသင်းသည် နယူးယော့မြို့၌ ဒီဇိုင်းပုံစံဆိုင်ရာ
ကျောင်းတစ်ကျောင်း ဖွင့်ထား သည်။ ထိုအသင်းကို ၁၈၂၅
ခုနှစ်က တည်ထောင်၍ ၁၈၂၈ ခုနှစ်တွင် တရားဝင် ဖွဲ့စည်းခဲ့
သည်။ အသင်းဝင်များကို ပန်းချီ ၁၂၅ ယောက်၊ ရုပ်လုံးထု
၂၅ ယောက်၊ ဗိသုကာနှင့် ပုံသွင်းသူ ၂၅ ယောက်အထိ ကန့်
သတ်ထားသည်။
 
အမေရိကန် အနုသုခုမပညာနှင့် စာပေဆိုင်ရာ အကယ်ဒမီ
(ပညာတံခွန်အသင်း)ကို ၁၉ဝ၄ ခုနှစ်က တည်ထောင်၍ ၁၉၁၆
ခုနှစ်၌ ကွန်ဂရက် အက်ဥပဒေအရ တရားဝင် ဖွဲ့စည်းခဲ့သည်။
အသင်းသားများကို ၅ဝ အထိ ကန့်သတ်ထားရာ ယင်း၏
ရည်ရွယ်ချက်များမှာ အနုသုခုမပညာနှင့် စာပေကို တိုးတက်
ပြန့်ပွားအောင် ဆောက်ရွက်လုပ်ကိုင်ရန် ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
== ကိုးကား ==
<references/>
 
*[[မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု]]
*[[အကယ်ဒမီ (ရုပ်ရှင်)]]
[[Category:အနုပညာ]]
[[Category:စာပေ]]