နံနံပင်: တည်းဖြတ်မှု မူကွဲများ

"==Coriander (နံနံပင်)== *Bot..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၇:၅၁၊ ၈ နိုဝင်ဘာ ၂၀၁၁ ရက်နေ့က မူ

Coriander (နံနံပင်)

  • Botany Term : Coriandrum sativum Linn
  • Species/Family : Umbelliferae


ပုံသဏ္ဌာန် : အပင်-- တစ်နှစ်ခံ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် တစ်ပေ ခန့် အထိ ရှိတတ်ပြီး အမြဲစိမ်း ပင်ဖြစ်သည်။ ပင်စည်လုံး အလွန် သေးငယ်၍ ချောမွေ့သည်။ အရွက်--- အရွက်များ လွန်စွာ ဖြာထွက်သည်။ ရွက်နား၀ိုက် များ အလွန်ဟိုက် ကာ အ၀ိုက် ၃ ခု သို့မဟုတ် ၃ ခု ထက် ပို၍ ပါရှိ ၏ ။ အ၀ိုက်များသည် အပ်ချည် ကဲ့သို့ ကွဲဖြာနေ သည်။ ရွက်ပြား အစိမ်း ဖျော့ရောင် ရှိသည်။ အပွင့်--- အလွန်သေး ငယ်၍ အဖြူရောင် ရှိသည်။ ထီးပုံ ပန်းခိုင်မှ ပွင့်သည်။ အသီး--- ညို၀ါရောင် ရှိ၍ လုံးသည်။ အက်ကွဲသီး ဖြစ်၍ အခန်း လေးများတွင် တစ်ဖက်လုံး တစ်ဖက်ခွက် နေသော အစေ့လေး ပါရှိ၏ ။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင်ပေါက်ရောက်သည်။ ရာသီ အလိုက် စိုက်ပျိုး ပင်ဖြစ်သည်။ စိုက်ပျိုးပုံ- (က) စိုက်ခင်းမြေပြင်ခြင်း။ ။ အလျား ပေ ၂၀ ၊ အနံ ၄ပေ ရှိ စိုက်ခင်း ဘောင်များကို မြေကောင်းစွာ မှုန့်ညက်အောင် ပြုပြင်ရန် လိုသည်။ မြေအား ပြုပြင်ပြီး နောက် နောက်ချေး မြေဆွေး ရသလောက် ဖြင့် ရောမွှေရမည်။ (ခ) စိုက်ပျိုခြင်း။ ။ ပေ ၂၀ ၊ ၄ ပေရှိ စိုက်ခင်း တစ်ဘောင် အတွက် မျိုးစေ့ တစ်ကျပ်သား ခန့် လိုသည်။ မစိုက်ပျိုး မီ မျိုးစေ့ များကို ကောင်းစွာ ခြောက်သွေ့စေ ပြီး ၇ရက်ခန့် ရေစိမ်၍ ဖောက်ထားပြီး မှ ကြဲပက် စိုက်ပျိုး သင့်သည်။ အပင် ထူလျှင် ၄ လက်မခြား ခန့် လက်ကြားခွဲ ပေးသင့်သည်။ (ဂ) ရေစုပ်ခြင်း ။ ။ စိုက်ပျိုး ပြီး လျှင် ပြီးချင်း ကောက်ရိုးဖြင့် စိုက်ဘောင်အား ခပ်ပါးပါး ဖုံးအုပ်၍ ရေရွှဲရွှဲ လောင်းပေးရ မည်။ နေ့စဉ် မှန်မှန် ရေလောင်းပေး သင့်သည်။ (ဃ) ဆွတ်ခူးခြင်း။ ။ စိုက်ပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း နုတ်ယူ စားသုံးနိုင်သည်။ အသုံး၀င်ပုံ : အာနိသင်။ ။ မြန်မာဆေး ကျမ်းများ အလိုအရ နံနံစေ့သည် ဖန် ၊ ခါး ၊ စပ်၏ ။ပူ၏ ။ကြေကျက်က ချို၏ ။ ၀မ်းမီးကို တောက်စေ၏ ။ အစာကို ကြေကျက်စေ၏ ။ နှုတ်မြိန်စေ၏ ။သွေး၊ လေ ၊ သလိပ် သုံးပါးကို ငြိမ်းစေ၏ ။ အသုံးပြုပုံ- အစေ့ ၁။ နံနံစေ့အား ဆီးဖြူသီး နှင့် ညဦးမှ နေ၍ စိမ်းထားပြီး နံနက်တွင် စစ်၍ သကြားခဲ နှင့် ရောသောက်သော် ခေါင်းကိုက်ရောဂါ ပျောက်၏ ။ ၂ ။နံနံစေ့ကို ချင်းခြောက်နှင့် ရောပြုတ်ပြီး အစာစား ပြီး တိုင်း သောက်ပါက ၀မ်းမီး ကောင်းလာစေသည်။ ၃ ။နံနံစေ့ကို သကြားနှင့် ပြုတ်ပြီး အအေးခံ ၍ ဆန်ဆေး ရည်နှင့် ရောသောက်ပါက မိန်းမများ ကိုယ်၀န်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း များ ပျောက်၏ ။ ၄ ။ နံနံစေ့ မှုန့်နှင့် သကြားကို ရော၍ စားခြင်းဖြင့် အပူကြောင့် ဖြစ်သော အဆစ်အမျက် ကိုက်ခဲခြင်း များ ပျောက်ကင်းစေနိုင်၏ ။ ၅ ။ နံနံစေ့ကို ၀ါး၍ အရည်မျို ချပါက လည်ချောင်းနာ ခြင်း ပျောက်ကင်းသည်။ ၆ ။ နံနံစေ့ကို ဆန်ဆေးရည် တွင်စိမ်၍ သကြားသင့် ရုံရောပြီး တိုက်ပါက ကလေးများ ချောင်းဆိုး ပန်းနာ ပျောက်ကင်း၏ ။[၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=72